မိထက်/People’s Spring
လားရှိုးမြို့မှာစစ်ကောင်စီစခန်းများကို တိုက်ခိုက်နေစဉ် တပ်ဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များကို ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်လိုက်သည်။
“လားရှိုးမြို့အနီးတဝိုက်လှုပ်ရှားနေသောတပ်သားများလိုက်နာရမည့်တားမြစ်မိန့်”ကို ဇူလိုင်လ ၁၀ရက် နေစွဲဖြင့်ထုတ်ပြန်ခြင်းဖြစ်သည်။
စစ်မြေပြင်အတွင်းရှိစစ်ဥပဒေနှင့်စပ်လျဉ်း၍မဖြစ်မနေလိုက်နာရမည့်စည်းမျဉ်း စည်းကမ်းများကိုလက်နာနိုင်ရန်၊စည်းကမ်းမလိုက်နာသောစစ်သားများတပ်ဖွဲ့ကိုအ ကြောင်းပြ၍ပြည်သူပိုင်ပစ္စည်းဥစ္စာများအားအပိုင်စီးခြင်းမပြုလုပ်ရန် နှင့်မိမိတို့တရားမျှ သောတပ်မတော်၏ပုံရိပ်ကိုထိခိုက်မှုမရှိစေရန်အတွက်စစ်ရေးကော်မတီ၏ဆုံးဖြတ် ချက်အရလားရှိုးမြို့အနီးတဝိုက်(သို့)မြို့တွင်းသို့ဝင်ရောက်လျက်ရှိသောMNDAAတပ်ဖွဲ့ဝင် များအားယခုချိန်မှစ၍အောက်ဖော်ပြပါတားမြစ်မိန့်အတိုင်းအတိအကျလိုက်နာဆောင် ရွက်ရမည်ဟုဖော်ပြထားသည်ကိုတွေ့ရသည်။

Public Service Announcement
အချက် ရှစ်ချက်ပါဝင်သော ညွန်ကြားချက်မှာ အနိုင်အကျင့်သတ်ဖြတ်ခြင်းမပြုရန်၊ပြည်သူလူထု၏စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရန်၊ စစ်မြေပြင်အတွင်းရှိပြည်သူပိုင်ယာဉ်များသိမ်းဆည်းသုံးဆောင်ခြင်းမပြုရန်၊ စစ်ဘေးရှောင်ဒုက္ခသည်များထံမှငွေသားကောက်ခံတောင်းယူခြင်းမပြုရန်၊စစ်ရေးလိုအပ်ချက်မှလွဲ၍ပြည်သူပိုင်နေအိမ်အတွင်းသို့ဝင်ရောက်နေထိုင်ခြင်းမပြုရန်၊ခွင့်ပြုမိန့်မရှိဘဲကုမ္ပဏီအတွင်းသို့ဝင်ရောက်ရှာဖွေခြင်းမပြုရန် နှင့် သိမ်းဆည်းရပစ္စည်း ဥစ္စာများအားလုံးကိုပြည်သူပိုင်ပစ္စည်းအဖြစ်သက်ဆိုင်ရာသို့အပ်ရန်၊လမ်းကြောင်းပိတ်ပြီးတပ်သားသစ်စုဆောင်းခြင်းအထူးသဖြင့်ကလေးလူငယ်များ အားတပ်သားသစ်အဖြစ်စုဆောင်းခြင်းမပြုရန်၊ လူမျိုးဘာသာခွဲခြားဆက်ဆံခြင်းမပြုရန် ညွှန်ကြားထားသည်။အထက်ပါစည်းမျဉ်းစည်းကမ်းနှင့်တားမြစ်ချက်များကိုလိုက်နာဆောင်ရွက်ခြင်းမပြု ပါကစစ်ဥပဒေအရအရေးယူခြင်းခံရမည်ဟု သတိပေးထားသည်။
ထိုအပြင် စစ်ဆင်ရေးအတွင်း လူသားချင်းစာနာထောက်ထားမှု စိတ်ဓါတ်ဖော်ဆောင်ရန်နှင့်ဘေးဒုက္ခကျရောက်နေသောပြည်သူများကိုလက်ကမ်းကူညီပေးရန်တိုက်တွန်းထားပြီး ကျောင်း၊ဆေးရုံ၊ဘုန်းကြီးကျောင်းနှင့်ပြည်သူပိုင်အဆောက်အအုံများအားကာကွယ် စောင့်ရှောက်ရန်၊သမိုင်းဝင်အမွှေအနှစ်နှင့်စာရွက်စာတမ်းများအားကောင်းမွန်စွာထိန်းသိမ်းပေးရန်၊စစ်ဘေးရှောင်ဒုက္ခသည်များတိမ်းရှောင်ရန်အတွက်အန္တရာယ်ကင်းသောလမ်း ကြောင်းဖွင့်ပေးရန်နှင့်ကူညီပေးရန်၊ ဒေသခံနယ်မြေအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီးလုံခြုံစိတ်ချရသောဒုက္ခသည်စခန်း များဆောက်လုပ်ပေးရန်နှင့်စီမံခန့်ခွဲနေရာချထားပေးရန်၊ စစ်သုံ့ပန့်များအားကောင်းမွန်စွာဆက်ဆံရန်နှင့်၊သက်ကြီးရွယ်အိုနှင့်ကလေးငယ်များအား အထူးစောင့်ရှောက်ပေးရန်၊ ဒဏ်ရာရနေသော(သို့)နာမကျန်းဖြစ်နေသောစစ်ပြေးဒုက္ခသည်များနှင့်စစ်သုံ့ပန့်များ အားလူသားချင်းစာနာထောက်ထားပြီးကောင်းမွန်စွာဆေးကုသမှုပေးရန် ညွှန်ကြားထားသည် ။
လက်ရှိဒေသခံရပ်ကွက်ဥက္ကဌနှင့်သူကြီးများအားလုံးမှတဆင့်ပြည်သူအားလုံးထံသို့ လေကြောင်းတိုက်ခိုက်ခြင်းမှကြုံတွေ့နိုင်မည့်ဘေးအန္တရာယ်များကိုတိမ်းရှောင်နိုင်ရန်အ တွက်ပညာဗဟုသုတပေးခြင်းနှင့်ရပ်ကွက်လုံခြုံရေးနှင့်ပြည်သူပိုင်အိုးအိမ်စည်းစိမ်များ အားကာကွယ်ပေးခြင်းကိုအကောင်အထည်ဖော်ပေးရမည်ဟု တိုက်တွန်းထားသည့်။ ထို့အပြင် လားရှိုးမြို့တွင်းရှိလက်ရှိပြည်သူ့ဝန်ထမ်းများ၊ဆရာ၊ဆရာမများ၊ဆရာဝန်များနှင့်သူနာ ပြုဝန်ထမ်းများအားလုံးမိမိတာဝန်ကိုလက်ရှိရာထူးနှင့်လစာအတိုင်းဆက်လက်ထမ်း ဆောင်ထားနိုင်သည်ဟု အသိပေးထားသည်။
တပ်ဖွဲ့ဝင်များအားလုံးတားမြစ်မိန့်လိုက်နာမှုရှိမရှိပြည်သူလူထုကစောင့် ကြည့်ပေးရန်နှင့် လိုအပ်ပါက ၀၉၆၇၈၂၄၃၆၂၆(လီဦးစီးဌာနမှူး) ၀၉၆၇၈၁၇၂၁၃၆(ရန်ဦးစီးဌာနမှူး) ဝ၉၈၈၂၉၅၄၅၆၅(ဟဲအရာရှိ)ဖုန်းနံပတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။
” MNDAAရဲ့ ထုတ်ပြန်ချက်က ရှင်းတယ်။ သူက လားရှိူးကို ရအောင်ယူမှာ။ စစ်တပ်ကို အပြီးမောင်းထုတ်မှာ”ဟု ရှမ်းမြောက်မှ စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။
လားရှိုးမြို့မှ စစ်ကောင်တွေစခန်းများကို MNDAAက ဇူလိုင်လ ၃ရက်မှစ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ခဲ့သည်။ ယနေ့လည်းတိုက်ပွဲဖြစ်ပွားနေပြီး ရပ်ကွက်(၉)အပါအဝင် မြို့ပေါ် ရပ်ကွက်များအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိနေသည်။တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုများရှိခဲ့သည်။ လားရှိုးမြို့ခံအများအပြားသည် မန္တလေးမြို့အပါ
အဝင် ဘေးပတ်ဝန်းကျင်မြို့များနှင့်ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ပေါ်၌ကျန်ခဲ့သူများလည်းရှိသည်။
စစ်ကောင်စီက လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိသဖြင့် စစ်ကူများစွာဖြည့်တင်းပြီး လေကြောင်းပစ်ကူများဖြင့် တိုင်းစစ်ဌာနချုပ်မကျစေရန် အပြင်းအထန်ခုခံနေသည်။ ရှမ်းမြောက်ရှိ မြို့အများစုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်၍ လားရှိုးရှိစစ်ကောင်စီတပ်မှာပတ်ပတ်လည် ဝန်းရံပိတ်ဆိုခံထားရသောအခြေအနေဖြစ်သည်။MNDAA ဦးဆောင်သောပူးပေါင်းတပ်များကလည်း ဇူလိုင် ၆ ရက်တွင် လားရှိုးမြို့အနီးရှိ ခလရ ၂၉၁ တပ်ရင်းကို သိမ်းပိုက်ထားပြီး ကျန်စစ်တပ်စခန်းများကိုသိမ်းပိုက်ရန်အပြင်းအထန်ထိုးစစ်ဆင်နေသည်။
