Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးမြို့တွင် တိုက်ပွဲပိုပြင်းထန်၊ မြို့ခံများစစ်ဘေးရှောင်ရန် စစ်ကောင်စီပိတ်ဆို့ထား

လားရှိူးမြို့မှ သီပေါမြို့သို့အထွက်လမ်းနှင့် သိန္နီမြို့ဘက်သို့အထွက်လမ်းများကို စစ်ကောင်စီက နံနက် ၁၁နာရီခန့်မှစတင်၍ပိတ်ဆို့လိုက်ခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။

(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ယောနသံ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက်များအတွင်း တိုက်ပွဲပြင်းထန်နေပြီး ဘေးလွတ်ရာ တိမ်းရှောင်သည့်ဒေသခံများကို စစ်ကောင်စီက မြို့ဝင်ပေါက်၊ ထွက်ပေါက်နေရာများအားလုံးပိတ်ဆို့ထားပြီး ထွက်ခွာခွင့်မပြုတော့ကြောင်း သတင်းရရှိသည်။

လားရှိူးမြို့မှ သီပေါမြို့သို့အထွက်လမ်းနှင့် သိန္နီမြို့ဘက်သို့အထွက်လမ်းများကို စစ်ကောင်စီက နံနက် ၁၁နာရီခန့်မှစတင်၍ပိတ်ဆို့လိုက်ခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။

” အကုန် ပြန်လှည့်ခိုင်းတာ။ လှည့်လို့ကလည်း မရတော့ဘူး။ ပေးလည်း မဖြတ်တော့ဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

လားရှိုးမြို့ခံများသည် ဇူလိုင်လ ၅ရက်မှစ၍ အိမ်စီးကားများ၌ အလံဖြူထောင်၍ စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။ ယခင်ရက်များက မြို့ပြင်သို့ ထွက်ခွင့်ပြုပြီး မြို့တွင်းသို့ အဝင် ခွင့်မပြုခဲ့ရာမှ ယနေ့တွင် ထွက်ခွာမည့်သူများကိုပါ ခွင့်မပြုတော့ခြင်းဟု သတင်းရရှိသည်။

” ကိုးကန့်တပ်က စစ်တပ်စခန်းတွေကိုဆက်တိုက်နေတယ်။ ရပ်ကွက်(၅)နဲ့(၇)မှာလည်း လက်နက်ကြီးတွေရော ဒရုန်းသံတွေကိုကြားနေရတယ်။ မြို့ခံလူထုကိုအပြင်ထုတ်ခွင့်မပေးတော့ဘဲနဲ့ ကာထားတဲ့ပုံနဲ့လုပ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ယမ်းမြို့ဘက်သို့ထွက်သည့်လမ်းမှ သွားလာ၍ရနေသေးသော်လည်း လမ်းများဖျက်ဆီးထား၍ အဆင်မပြေကြောင်း ဒေသခံများက ပြောသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်မတော်(MNDAA)က စစ်မျက်နှာငါးခုဖွင့် တိုက်ခိုက်နေပြီး ယနေ့တွင်လည်း မြို့အနီးရှိ စစ်ကောင်စီ​၏ ခလရ(၆၈)နှင့် ခမရ(၅၀၇)ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” ၅၀၇က ကျတော့မယ်။ အတော်လေး အတ်ိုက် ခံ‌နေရတယ်။ အဲ့နားနဲ့ မလှမ်းမကမ်းက စစ်ရှောင်တွေကို စစ်တပ်က ပိတ်ထားတာက အဓိပ္ပါယ်မရှိဘူး”ဟု စစ်ဘေး ရှောင်များအားကူညီနေသူတစ်ဦးက ပြောသည်။

(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့် ခလရ (၂၉၁) တပ်ရင်းဌာနချုပ်ကို MNDAAက ဇူလိုင် ၆ရက် တွင် တိုက်ခိုက်သိမ်းယူထားသည်။

ယနေ့တွင်လည်း လားရှိုးမြို့ နေရာအချို့၌ ပေါက်ကွဲသံများကြားနေရပြီး အရပ်သားထိခိုက်မှုများလည်းရှိနေကြောင်း၊ မြို့မှတ်တိမ်းရှောင်လိုသည့် အလံဖြူထောင်အိမ်စီးကားများလည်း အစီးရေထောင်ချီ၍ ပိတ်မိနေကြောင်းသတင်းရရှိသည်။

မြို့ခံများသည် ဆောက်လက်စအဆောက်အအုံမြေအောက်ခန်းများတွင်ပါ ပုန်းခိုနေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် ဟိုင်ဂင်စာချုပ်အရ သဘောတူထားသည့်အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက် များကို လျစ်လျူရှုထားခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ကိုးကန့်တပ်မတော် (MNDAA)က မေလ ၃၀ရက်တွင် သတိပေးထားသည်။

တအာင်းတပ်မတော်(TNLA)ကလည်း စစ်ကောင်စီက ရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍တိုက်ခိုက်လာနိုင်သောကြောင့် လုံခြုံရေးသတိပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အရပ်သားသေဆုံးထိခိုက်မှုမှာ TNLAက ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုများနိုင်သည်ကို ဒေသခံ သတင်းရင်းမြစ်၏ အသိပေးချက်အရ သိရသည်။

သတင်း

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များကို CNF/CNA ပူးပေါင်းတပ်က ထိုးစစ်ဆင်မှုကြောင့် ဇွန်လ ၂၄ရက်မှ ဇူလိုင် ၇ရက်ထိ ပစ်ခတ်မှု ၈ကြိမ်ဖြစ်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။

သတင်း

ဇူလိုင် ၄ ရက်က စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှရဲစခန်းနှင့် အခြားပျူစခန်းငယ်တစ်ခုကို မန္တလေးPDF ပူးပေါင််းတပ်များက ထပ်မံသိမ်းယူနိုင်ခဲ့သည်။

သတင်း

တအာင်းတပ်မတော်(TNLA) ကလည်း စစ်ကောင်စီက ရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍တိုက်ခိုက်လာနိုင်သောကြောင့် လုံခြုံရေးသတိပြုကြရန် သတိပေးထားသည်။