Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေသည့် သိုင်းငင်းစခန်းနှင့် ကနေဒီတောင်ကို ချင်းပြည် ကောင်စီတပ်များထိန်းချုပ်ထား

CAN တပ်မဟာ(၄)နယ်မြေဖြစ်သည့် အဆိုပါဒေသ၌ ချင်းပြည်ကောင်စီတပ်ပေါင်းစု၌ ပါဝင်သည့် ဒေသကာကွယ်ရေးတပ်များ ဖြစ်သော CDFဟွာငိုလ်ရမ်၊ CDF Siyin တပ်များလည်းရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ချင်းတော်လှန်ရေး ရဲဘော်များနှင့် သိုင်းငင်းစစ်ကောင်စီတပ်စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)
ချင်းတော်လှန်ရေး ရဲဘော်များနှင့် သိုင်းငင်းစစ်ကောင်စီတပ်စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးထားသည့် တပ်စခန်းအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီဘက်က အင်အားသုံးထိုးစစ်ဆင်နေသော်လည်း ချင်းပြည်ကောင်စီပူးပေါင်းတပ်များက ခုခံတိုက်ခိုက် ထိန်းချုပ်စိုးမိုးထားဆဲဖြစ်ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

PDF ဇိုလဲန်း တိုက်ခိုက်သိမ်းပိုက်ထားသော ကနေဒီတောင် တပ်စခန်းကို ဇွန်လတတိယပတ်တွင် ထိုးစစ်ဆင်လာရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။ သိုင်းငင်းစစ်ကောင်စီစခန်းကိုလည်း ဇွန်လ ၂၀ရက်တွင် ထိုးစစ်ဆင်လာ၍ ချင်းပြည်ကောင်စီ တပ်များက ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာအဆိုပါတပ်စခန်း၏ အဓိကနေရာများကို ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်ဟု ဆိုသည်။

ချင်းတော်လှန်ရေး ရဲဘော်များနှင့် သိုင်းငင်းစစ်ကောင်စီတပ်စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)
ချင်းတော်လှန်ရေး ရဲဘော်များနှင့် သိုင်းငင်းစစ်ကောင်စီတပ်စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ – The Chin Journal)

CAN တပ်မဟာ(၄)နယ်မြေဖြစ်သည့် အဆိုပါဒေသ၌ ချင်းပြည်ကောင်စီတပ်ပေါင်းစု၌ ပါဝင်သည့် ဒေသကာကွယ်ရေးတပ်များ ဖြစ်သော CDFဟွာငိုလ်ရမ်၊ CDF Siyin တပ်များလည်းရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇွန်လ ၂၂ရက်) နံနက်ပြုလုပ်သည့် အွန်လိုင်းတွေ့ဆုံပွဲ တစ်ခုတွင် CDF ဟွာငိုလ်ရမ်စစ်ဦးစီးချုပ် ပူးပွီးသဲက ဒေသတွင်း စစ်ရေး အခြေအနေကို ပြောပြထားရာ စစ်ကောင်စီ၏ စခန်းများပြန်ရရေး ကြိုးပမ်းမှုကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက တားဆီးထားနိုင်ဆဲဖြစ်သည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

“ကနေဒီတောင် စခန်းလည်း ကျနော်တို့ ချင်းပြည်အစိုးရ တပ်ပေါင်းစုတွေက ဒီမနက်မှာ ထိန်းချုပ်နိုင်တယ်တဲ့။ ပြီးရင် သိုင်းငင်း ကလည်း အများအားဖြင့် ထိန်းချုပ်နိုင်ပြီတဲ့။ အဲဒီလိုမျိုး ဒီမနက်မှာ သတင်းကြားရတယ်”ဟု ချင်းသတင်းရင်းမြစ်က CDF ဟွာငိုလ်ရမ် စစ်ဦးစီးချုပ်၏ ပြောကြားချက်ကို ရှင်းပြသည်။

သိုင်းငင်းစခန်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က ၂ကြိမ် ထိုးစစ်ဆင်လာရာ စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်းလည်း CDFဟွာငိုလ်ရမ် စစ်ဦးစီးချုပ်က ပြောကြားခဲ့ကြောင်း ချင်းသတင်းဌာနအချို့က ဖော်ပြသည်။

“သူတို့ အထိနာတယ်။ တောင်ပေါ်ဘက် မတက်နိုင်ဘူး။ သူတို့ သိုင်းငင်းရွာဘက်အနီးအနားမှာပဲ သူတို့နေတာပါ။ ကျဆုံးသူလည်းများတယ်။ သူတို့က ၁၀၀ကျော်လာတယ်။ အခုက ၇၀ လောက် ပဲ ကျန်တော့မယ်။ ပြီးရင် ဒီမနက်မှာ ကလေးဘက်ကနေ ကားတစ်စီးနဲ့ စစ်ကူလာနေတဲ့ သတင်းကြားတယ်။ ဒါပေမဲ့ သိုင်းငင်း ရောက်ဖို့တော့ ဝေးနေသေးတယ်ပေါ့”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

သိုင်းငင်း စစ်ကောင်စီစခန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ကယခုနှစ် ဇန်နဝါရီတွင် သိမ်းပိုက်ထားခြင်းဖြစ်ပြီး ကနေဒီတောင် တပ်စခန်းကို ချင်းညီနောင် အဖွဲ့ဝင် PDF ဇိုလဲန်း တပ်ဖွဲ့က ၂၀၂၃ နိုဝင်ဘာတွင် တိုက်ခိုက် သိမ်းပိုက်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၇ ရက် မနက်တွင် စုကလိစခန်းအား ဝင်ရောက်တိုက်ခိုက်ကာ ဇွန်လ ၂၁ရက်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဇွန်လ ၈ ရက်ကလည်း ရန်ကုန်မြို့၌ Dark Shadow အဖွဲ့ဝင် လေးဦးအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၉ဦးမှာ စစ်ဆင်ရေးမပြုမီ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးမှုခံခဲ့ရသည်။

သတင်း

ဆန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဆိုကာ စစ်​ကောင်စီက ဆန်စပါးလုပ်ငန်းရှင် ခေါ်ယူစစ်ဆေး​နေခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

တရုတ်နိုင်ငံသားလေးဦးကို တာချီလိတ်မြို့မရဲစခန်း၌ ဖမ်းဆီးထားသည်။ ဖမ်းမိသည့် တိရိစ္ဆာန်များကို မည်သည့်နေရာသို့ပို့မည်ကို မသိရသေးပေ။ အမှုကို လူစားထိုးရေး ကြိုးပမ်းမှုများရှိနေကြောင်းလည်း ဒေသခံအချို့ကပြောသည်။