Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အဖမ်းအဆီးကြောင့် ဒေါ်လာဈေးအတက်အကျများ၊ ရွှေဈေးဆက်တက်ပြီး အ​ခေါက်​ရွှေတစ်ကျပ်သား ၅၈ သိန်းကျော်လာ

မေ ၃၀ရက်တွင် အ​မေရီကန် တစ်ဒေါ်လာကို ကျပ် ၄၉၀၀အထိမြင့်တက်ပြီးနောက် နေ့လယ်ပိုင်းတွင် ၄၅၀၀ကျပ်ကို ပြန်လည်ကျဆင်းခဲ့သော်လည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၅,၈၂၀,၀၀ အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

အဖမ်းအဆီးကြောင့် ဒေါ်လာဈေးအတက်အကျများ၊ ရွှေဈေးဆက်တက်ပြီး အ​ခေါက်​ရွှေတစ်ကျပ်သား ၅၈ သိန်းကျော်လာ
အဖမ်းအဆီးကြောင့် ဒေါ်လာဈေးအတက်အကျများ၊ ရွှေဈေးဆက်တက်ပြီး အ​ခေါက်​ရွှေတစ်ကျပ်သား ၅၈ သိန်းကျော်လာ

▪︎​ရွှေနှင့် ​ဒေါ်လာကို စစ်တပ်အသိုင်းအဝိုင်းအဓိကဝယ်ယူ​နေဟု လုပ်ငန်းရှင် အချို့​ပြော

စောနွေဦး/People’s Spring

စစ်ကောင်စီက ငွေလဲလုပ်ငန်းများကို ဖမ်းဆီးနေခြင်းကြောင့် ​ငွေ​ကြေး​ဈေးကွက်တွင် ယ​နေ့ (​မေ ၃၀ ရက်)၌ ဒေါ်လာဈေး အတက်အကျများနေပြီး ရွှေဈေး ဆက်တက်နေကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

မေ ၃၀ရက်တွင် အ​မေရီကန် တစ်ဒေါ်လာကို ကျပ် ၄၉၀၀အထိမြင့်တက်ပြီးနောက် နေ့လယ်ပိုင်းတွင် ၄၅၀၀ကျပ်ကို ပြန်လည်ကျဆင်းခဲ့သော်လည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၅,၈၂၀,၀၀ အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

“လက်ရှိမှာ ဝယ်သလောက်ရောင်း၊ ရောင်းသလောက်ဝယ်ဖြစ်နေတယ်။ နောက်ပြီး စစ်တပ်အသိုင်းအဝိုင်းထဲက ရွှေနဲ့ ဒေါ်လာကို ရသလောက်ဝယ်နေတော့ အခုလို ဈေးတွေက တောက်လျောက်တက်နေတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒေါ်လာဈေး နှင့် ရွှေဈေး ပြန်ကျရန် စစ်​ကောင်စီက လုပ်​နေကြနည်းလမ်းတစ်ခုဖြစ်​​သည့် ရွှေလုပ်ငန်းရှင် နှင့် ငွေလဲလုပ်ငန်းရှင်များ အပြစ်ပုံချ၍ ဖမ်းဆီးရန် စီစဉ်နေကြောင်းလည်း အထက်ပါစီးပွား​ရေးလုပ်ငန်းရှင်က​ပြောသည်။

“အခုက အာမခံချက်မရှိတော့အချိန်ဖြစ်သွားပြီ ဒါကြောင့် လူတွေက အာမခံရှိတဲ့ ရွှေနဲ့ ဒေါ်လာကို လိုက်ဝယ်နေကြတာ။ ဒီလိုဝယ်တဲ့လူတွေကလည်း စစ်အုပ်စု အသိုင်းအဝိုင်းထဲကပါပဲ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

​မေ ၃၀ ရက် မနက်ပိုင်းတွင် ရွှေဆိုင်အများစုမှ ဈေးမဖွင့်နိုင်ဘဲ အရောင်းအဝယ်ရပ်တန့်ထားသည်ဟု ရန်ကုန်မြို့ခံတစ်ဦးကလည်း ပြောသည်။

“ရွှေဆိုင်တွေက ၁၆ပဲရည်(အခေါက်ရွှေ) မရောင်းပါလို့ စာတွေကပ်ထားတယ်။ ”ဟု ၎င်းကဆက်ပြောသည်။

ပြည်တွင်းရွှေဈေးမြင့်တက်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မူ အခေါက်‌ရွှေတစ်ကျပ်သား၏ ရည်ညွှန်း​ဈေး ကျပ် ၃,၉၉၈,၈၀၀ ကျပ်သတ်မှတ်ထားသည်။ ထို​ကြောင့် ပြင်ပ​ပေါက်​ဈေး နှင့် ရန်ကုန်တိုင်း​ရွှေအသင်း ဖွင့်​သော​ဈေးမှာ ကျပ် ၁၈ သိန်း​ကျော်ကွာဟ​နေသည်။

ဒေါ်လာဈေးနှင့်ရွှေဈေးမြင့်တက်လာချိန်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒီဂျစ်တယ်ငွေကြေး ရောင်းဝယ်သူနှင့် ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးကို အရေးယူ ပြီး ဘဏ်စာရင်း ၃၆ ခုနှင့် ငွေပေးချေရေးအကောင့် (Pay Account ) ၃၈ ခုတို့ကို ပိတ်သိမ်းခဲ့ကြောင်း ဝါဒဖြန့် ခြိမ်းခြောက်ခဲ့သည်။ထိုအပြင် လုပ်ငန်းလိုင်စင်မရှိဘဲ ဒေါ်လာဝယ်ရောင်းလုပ်သည့်ဟုဆိုကာ ဖေ့ဘုတ်စ်စာမျက်နှာ ၁၆ ခုနှင့် ဆက်စပ်​နေသူဟုဆိုသူများကိုလည်း အရေးယူထားသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ထားသည်။

သို့​သော် စစ်​ကောင်စီ ထုတ်ပြန်ချက် မှန်၊ မမှန် People’s Spring က သီးခြားအတည်မပြု နိုင်​သော်လည်း လုပ်ငန်းရှင်အချို့ကမူ စစ်တပ်က သတင်းမှားဖြန့်၍ ခြိမ်း​​ခြောက်​နေခြင်းဖြစ်​ကြောင်း​ပြောသည်။

“ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချိန်က ဇွန် ၊ ဇူလိုင်လဆိုရင် ဒေါ်လာလိုအပ်ချက်ပုံမှန်ရှိတယ်။ အခုက သာမာန်ထက်ပိုပြီး လိုအပ်ချက်ကြီးလာတယ်။ ဒါက ဒေါ်လာလိုအပ်ချက်ထက် စစ်အုပ်စုထဲမှာ အလှုပ်အခတ်ဖြစ်လာလိုပဲလို့ မြင်တယ်”ဟု ရန်ကုန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသူ၏ အမြင်ကို​ပြောသည်။

ထိုအ ပြင် စစ်​ကောင်စီက ဘက်ဂျက်လိုအပ်ချက်ကို ​ငွေစက္ကူအများအပြားရိုက်ထုတ်ခြင်း၊ စစ်ကောင်စီ​၏ စီးပွားရေးအရ အရေးပါသည့် ဝန်ကြီးဌာနမှ ဝန်ကြီးနှင့် ဒုဝန်ကြီးကို အာဏာသိမ်းခေါင်းဆောင်ကဖြုတ်ချခြင်းစသည်တို့မှာလည်းဒေါ်လာဈေးနှင့် ရွှေဈေးမြင့်တက်မှုတို့နှင့်တိုက်ရိုက်သက်ဆိုင်ကြောင်း ၎င်းကဆိုသည်။

“အခုလာမယ့် ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေက အရမ်းမြင့်တယ်လို့ကြားတယ်။ အခွန်ရငွေကလည်း တော်တော်နည်းသွားတယ်။ ဒါကိုအရင်ကတည်းက ငွေစက္ကူအသစ်ရိုက်ထုတ်ပြီး ဖြည့်နေတာ အခုက အခြေအနေတွေက ထိန်းမရတော့ဘူးဖြစ်နေတယ်။ စစ်အုပ်စုအထဲကပဲ သူတို့ကို မယုံ

ကြည်တော့ အခုလို ရွှေနဲ့ နိုင်ငံခြားငွေစုတာတွေဖြစ်လာတာ”ဟု အထက်ပါလုပ်ငန်းရှင်ကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ကြီးဌာန ၄ ခုတွင် ပြောင်းရွှေ့ ခံခဲ့ရ​​သော စစ်ကောင်စီဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီမံကိန်းနှင့်ဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကိုအာဏာသိမ်းခေါင်းဆောင်က​မေလ ​နောက်ဆုံးပါတ်တွင်ဖြုတ်ချခဲ့သည်။

ဦးအောင်နိုင်ဦးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကောင်စီအစိုးရဖွဲ့ရုံးဝန်ကြီးဌာန (၁) နှင့် စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာန (၂)စသည့် ဝန်ကြီးဌာန ၄ ခုကို ၃ နှစ်အတွင်း ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ဦးမောင်မောင်ဝင်းသည် အရပ်သားအစိုးရလက်ထက်က ဒုဝန်ကြီးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ထိုရာထူးတွင် ဆက်လက်လုပ်ကိုင်ခဲ့သူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ နိုင်ငံခြားငွေလဲနှုန်းလဲ မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃,၇၅၀ အထိမြင့် တက်သည်။

သတင်း

လက်ရှိစက်တင်ဘာလဆန်းပိုင်းစတင်ပြီး တရိပ်ရိပ်ကျလာတဲ့ ရွှေဈေးဟာ ဒီနေ့မနက်ပိုင်း ရွှေဈေးအဖွင့်မှာတင် ကျပ်ငါးသောင်းခုန်တက်သွားတာပါ။

သတင်း

​ဒေါ်လာ​ဈေးများမြင့်တက်လာချိန်တွင်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများလုပ်နေသော်လည်း ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

သတင်း

ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၆၉၁,၀၀၀မှ ၃,၇၂၀,၀၀၀ကျပ် အထိမြင့်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာကို ၃၅၅၀ ကျပ်မှ ၃၆၀၀ကျပ်အထိ ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်ဟုရွှေနှင့်​ဒေါ်လာလဲလုပ်ငန်းရှင်များကပြောသည်။