Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီး ပေါ်တာဆွဲနေ

စစ်ကောင်စီက စစ်မှု ထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။

(နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၌ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အဖြစ် ဆင့်ခေါ်ခံရသည့်လူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
(နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၌ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အဖြစ် ဆင့်ခေါ်ခံရသည့်လူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဆေးရေးများလုပ်ဆောင်၍ ပြည်သူများအား မတရားဖမ်းဆီးကာ ပေါ်တာဆွဲနေကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၂၈ ရက်နှင့် ၂၉ ရက်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နှင့် ညောင်ခြေထောက်ကျေးရွာကြား ပြည်‌-တောင်ကုတ်လမ်းပိုင်း၌ ခရီးသွားပြည်သူများကို တားဆီးစစ်ဆေးကာ ဖမ်းဆီးမှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ညောင်ခြေထောက်ဆိုတဲ့ ရွာကိုဝင်ပြီး ဖမ်းတာပါ။ မြို့ထဲက ဂိတ်တွေ၊ လမ်းဆုံ​နေရာတွေမှာလည်း ဆွဲပါတယ်။ ည ၉ နာရီကျော် လူငယ်တွေအပြင်မှာတွေ့ရင်လည်း ဆွဲပါတယ်။ အရေအတွက်ကတော့ ၁၀၀ဝန်းကျင် ရှိနေပါပြီ ဆွဲတာက”ဟု ပန်းတောင်းဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဖမ်းဆီးထားသူများကို ဥသျှစ်ပင်မြို့ တံတားထိပ်ရှိ ဘိုရုံ(ယခင်လမ်းလုပ်ငန်း ယန္တယားရုံဟောင်း)အတွင်းသို့ ခေါ်ဆောင် သွားပြီး မေလ ၂၈ နှင့် ၂၉ရက် နှစ်ရက်အတွင်း လူဦးရေမည်မျှ ဖမ်းဆီးခံလိုက်ရသည်ဆိုခြင်းကို အတိအကျ မသိရသေးပေ။

“ပန်းတောင်းမြို့နယ်လောက် စစ်တပ်ပေါတာ ပန်းတောင်းမြို့နယ်ပဲ ရှိတယ်။ ကပစ တပ်တွေအများစုက ပန်းတောင်းမြို့နယ်ထဲမှာပဲ ရှိတာဗျ”ဟု ဒေသတွင်း စစ်ကောင်စီတပ်အထိုင်ချ ထားသည့်အခြေအနေကို ဒေသခံပြည်သူနောက်တစ်ဦးက ပြောသည်။ထိုကဲ့သို့ မတရားစစ်ဆေးဖမ်းဆီးမှုမှာ စစ်မှူထမ်းရန်အတွက် လူစုဆောင်းခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

စစ်ကောင်စီတပ် အသက်သွင်းလျှက်ရှိသော ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုကြေညာသည့် ဖေဖော်ဝါရီပြီးနောက် အတင်းအဓမ္မစစ်ထမ်းရန် တပ်သားသစ်စုဆောင်းခြင်းများကြောင့် လူငယ်အများအပြား ပြည်ပထွက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ဝင်ရောက်ခြင်းများဖြစ်ပေါ်လျှက်ရှိသည်။

“ကျနော်တို့ဆီတော့ တဖြည်းဖြည်း ရောက်နေပါတယ်။ အသုတ်ကတော့ ဘယ်လိုပြောရမလဲ မသိဘူးရယ်”ဟု စစ်မှုမထမ်းလို၍ လူငယ်များ တော်လှန်ရေးတပ်ဖွဲ့သို့ဝင်ရောက်လာကြသည်ကို ပန်းတောင်းမြို့နယ်အတွင်း စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်နေသည့် တပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။

ပန်းတောင်းမြို့နယ်အတွင်း ပြည်သူများအ မတရားဖမ်းဆီး၍ ပေါ်တာဆွဲနေသည့်ဖြစ်စဥ်ကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်များဖြစ်သော ဖေ့စ် ဘွတ်ခ်၊ တယ်လီဂရမ်စသည့် လူမှုကွန်ရက်များ၌ ပြန်လည်ဖြေရှင်းရာတွင် ပေါ်တာဆွဲခြင်းမဟုတ်ဘဲ ဥပဒေနှင့်အညီလုပ် ဆောင်ခြင်းသာဖြစ်ကြောင်း ရေးသားဖော်ပြကြသည်ကို တွေ့ရသည်။

(နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၌ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အဖြစ် ဆင့်ခေါ်ခံရသည့်လူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – စကစ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် ကလေးမြို့လေဆိပ်မှတက်လာသည့် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို ဟုမ္မလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

သတင်း

KIAက တပ်မဟာအသစ် တိုးချဲ့ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

သတင်း

CNA အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံ၊ ရေဇွာ၊ လိုင်လင်းပီ၊ ရိဒ်ခေါ်ဒါမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

သတင်း

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်ကိုလည်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁က ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင်(၁၆၁)အနီးတွင် ၂၀၂၃ ဇန်နဝါရီ၂၂ ရက်က ပစ်ခတ်ရှင်းလင်းခဲ့သည်။