Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တီးတိန်မြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ဝင်များက ဖိတ်ခေါ်ပါက ပါဝင်တိုက်ခိုက်ရန် အသင့်ရှိဟု CNAပြော

CNA အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံ၊ ရေဇွာ၊ လိုင်လင်းပီ၊ ရိဒ်ခေါ်ဒါမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - Chin Laipa)
(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - Chin Laipa)

“အတတ်နိုင်ဆုံး စစ်ကောင်စီ ကင်းစင်ရေးပူးပေါင်းလုပ်ချင်ပါတယ်။ အသင့်အနေအထားပါ။အခုလည်း အဲဒီအနီးတဝိုက်မှာ ကျနော်တို့ အားလုံးရှိနေပါတယ်” – ဆလိုင်းထက်နီ

ဟန်နွေ/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဖော်ဆောင်မှုတွင် စစ်ရေးဆောင်နေသည့် ကာကွယ်ရေးတပ်ဖွဲ့များက ဖိတ်ခေါ်ပါက စစ်ကူးပေး ပါဝင်တိုက်ခိုက်ရန် အသင့်ရှိနေကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တီးတိန်မြို့ရှိ စစ်ကောင်စီတပ်များကို မေလ ၂၆ရက် ညပိုင်းတွင် ချင်းညီနောင်တပ်ဖွဲ့ဝင်များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဇိုလဲန်း(PDF-Zoland)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) တို့က ဆင်နွှဲခဲ့ရာ မေလ ၂၇ရက် တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာ ၂ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီက လေကြောင်းပစ်ကူအပြင် မြို့ပေါ်ရှိနေအိမ်များကို လိုက်လံမီးရှို့ခဲ့ရာ ချင်းညီနောင် အဖွဲ့ဝင်များက စစ်ရေးဖော်ဆောင်မှုကို မေလ ၂၇ရက် ညပိုင်းမှစ၍ ရပ်နားထားခဲ့သည်။

(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - Chin Laipa)
(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – Chin Laipa)

စစ်ကောင်စီတပ်က ထိုသို့ ပြည်သူလူထု နေအိမ် များကို မီးရှို့ခြင်းများအား ရှုတ်ချကြောင်း ဆလိုင်းထက်နီက ပြောပြသည်။

Public Service Announcement

Public Service Announcement

” စစ်ကောင်စီ အဲဒီလိုလုပ်လာမယ်ဆိုတာ သိပြီးသား”ဟု ၎င်းက ဆိုသည်။

ထို့ပြင် တီးတိန်မြို့ကို အပြတ်သိမ်းနိုင်ပါက ပိုမိုကောင်းမွန်ကြောင်း၊ တီးတိန်သာမက ချင်းပြည်နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေးကိုလိုလား၍ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောသည်။

” သူတို့ဘက်က ကမ်းလှမ်းပြီး လုပ်လာရင်အမြဲတမ်း အဆင်သင့်ပေါ့။ အတတ်နိုင်ဆုံး စစ်ကောင်စီ ကင်းစင်ရေးပူးပေါင်းလုပ်ချင်ပါတယ်။ အသင့်အနေအထားပါ။ အခုလည်း အဲဒီအနီးတဝိုက်မှာ ကျနော်တို့ အားလုံးရှိနေပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

CNA အပါအဝင် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းပူးပေါင်းတပ်ဖွဲ့များသည် မေလ ၁၇ရက်က တွန်းဇံမြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ တစ်ပတ်အကြာတွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်သား ၄၀ကျော် အရှင်ဖမ်းမိပြီး လက်နက် ၁၀၀ ကျော်သိမ်းဆည်းရရှိခဲ့သည်။

(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - Chin Laipa)
(CNAနှင့် CDF ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆင်ရေးအတွင်း ဆုတောင်းမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – Chin Laipa)

လက်ရှိတွင် ပြည်သူလူထုများ တွန်းဇံမြို့ဝင်း ဘေးကင်းစွာ နေထိုင်နိုင်ရေးမိုင်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း CNA တာဝန်ရှိသူက ပြောပြသည်။

“နောက် အုပ်ချုပ်ရေးပိုင်းကျတော့လည်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရရှိတော့ ကျနော်တို့ မူအရ ဒေသခံဖော်ဆောင်တဲ့ အုပ်ချုပ်ရေးမျိုးကို အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းအကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

CNA အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံ၊ ရေဇွာ၊ လိုင်လင်းပီ၊ ရိဒ်ခေါ်ဒါမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

တစ်ဖက်တွင်လည်း ချင်းဒေသကာကွယ်ရေးတပ် ဖွဲ့အချို့နှင့် စုဖွဲ့ထားသည့် ချင်းညီနောင်တပ်ဖွဲ့များက ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIAက တပ်မဟာအသစ် တိုးချဲ့ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

သတင်း

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်ကိုလည်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁က ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင်(၁၆၁)အနီးတွင် ၂၀၂၃ ဇန်နဝါရီ၂၂ ရက်က ပစ်ခတ်ရှင်းလင်းခဲ့သည်။

သတင်း

မံစီမြို့နယ်ရှိ တပ်ရင်း ၂ခုမှ အင်အား ၁,၅၀၀ခန့်ကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောထားသည်။

သတင်း

ဟံသာဝတီရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှူးကိုလည်း အချိန်းအပြောင်းပြုလုပ်သွားကြောင်း သတင်းရရှိသည်။