close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်နဲ့ ဖုန်းပြောခဲ့ပေမယ့် ဆုကိုတော့ မတောင်းယူခဲ့ဘူးလို့ ထရမ့် အရွှန်းဖောက်

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ဆီကနေ အဲဒီဆုကို မတောင်းယူခဲ့ပါဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ဆီကနေ အဲဒီဆုကို မတောင်းယူခဲ့ပါဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက်ခဲ့ပါတယ်။

ထရမ့်ဟာ အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မျှော်လင့်ထားတယ်လို့ လူသိရှင်ကြား ပြောခဲ့ဖူးပေမယ့် အောက်တိုဘာ ၁၀ ရက်နေ့က နိုဘယ်လ် ကော်မတီရဲ့ ဆုံးဖြတ် ရွေးချယ်မှုမှာတော့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုကသာ ဆုရရှိသူ အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆု မကြေညာခင်အထိ ထရမ့် ဆုရမရ ဆိုတာဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စိတ်ဝင်စားတဲ့ ကိစ္စတစ်ခု ဖြစ်နေခဲ့ဖူးပါတယ်။ နော်ဝေးမှာရှိတဲ့ နိုဘယ်လ် ကော်မတီရဲ့ ဆုရွေးချယ်မှု ရလဒ် ထွက်ပေါ်လာခဲ့တဲ့နောက် မာချာဒိုက သူဟာ ထရမ့်ဆီ ဖုန်းဆက်ပြီး စကားပြောခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး ဘာတွေ ပြောခဲ့သလဲ ဆိုတာကိုတော့ မာချာဒိုက အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

ဓာတ်ပုံ – Getty Images

နောက်တော့ ထရမ့်ကလည်း သူနဲ့ မာချာဒိုတို့ကြား အင်မတန် ကောင်းမွန်တဲ့ ဖုန်းပြောဆိုမှုတစ်ခု ရှိခဲ့တယ်လို့ သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။ မာချာဒိုက ထရမ့်ကို ဂုဏ်ပြုတဲ့ စိတ်နဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကို လက်ခံယူမှာ ဖြစ်ကြောင်း၊ ထရမ့်ဟာ ဒီဆုနဲ့ တကယ်ပဲ ထိုက်တန်တယ်ဆိုတာ သူနားလည်ထားကြောင်း ဖုန်းထဲမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အရမ်းကောင်းတဲ့ ကိစ္စတစ်ခုကတော့ ‘ဒါဆိုလည်း အဲဒီဆုကို ငါ့ကိုပဲ ပေးလေ’လို့ သူက မပြောခဲ့တာ ဖြစ်ကြောင်း၊ တကယ်တောင်းရင် မာချာဒိုက ပေးမယ်ပုံဖြစ်ကြောင်း၊ ဒီအမျိုးသမီးက တကယ့်ကို လူကောင်းတစ်ယောက်ဖြစ်ကြောင်း ထရမ့်က အရွှန်းဖောက်သွားခဲ့ပါတယ်။

ထရမ့်က သူဟာ မာချာဒိုရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ရုန်းကန်မှုတွေမှာ ကာလရှည်ကြာ ကူညီပေးခဲ့ကြောင်း၊ မာချာဒိုနဲ့ ဒီမိုကရေစီရေး အင်အားစုတွေဟာ ဗင်နီဇွဲလားမှာ အကူအညီတွေ အများကြီး လိုအပ်နေကြောင်း၊ ဗင်နီဇွဲလားရဲ့ ပကတိ အခြေအနေဟာ ကပ်ဘေးတစ်ခုလို ဖြစ်နေကြောင်းလည်း ဆက်ပြောပါတယ်။ အမေရိကန် အစိုးရဟာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးအဖြစ် စွပ်စွဲပြီး ဆုငွေ ဒေါ်လာ သန်း ၅၀ ထုတ်ထားပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆု လက်ခံရရှိကြောင်း အတည်ပြု ကြေညာပြီးတဲ့နောက် မာချာဒိုက ဒီဆုဟာ ထိခိုက်နာကျင်ခဲ့ရတဲ့ ဗင်နီဇွဲလား ပြည်သူတွေ၊ ဗင်နီဇွဲလား ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှုတွေအတွက် ပြတ်ပြတ်သားသား ထောက်ခံ ရပ်တည်ပေးခဲ့သူ သမ္မတ ထရမ့်တို့အတွက် ရည်စူးပါတယ်လို့ ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တု တင်ပို့မှုတွေကို တရုတ်က ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ စီစဉ်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း တရုတ်ဆီက တင်သွင်းလာမယ့် ကုန်စည်တွေကို တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း အပိုဆောင်း စည်းကြပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ပေးတဲ့ ကော်မတီဟာ တကယ့် ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေထက် မူဝါဒစွဲကို အခြေခံပြီး ရွေးချယ်မှုတွေ လုပ်နေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

တကယ်လို့ အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မရခဲ့ဘူးဆိုရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဖက်က ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး နော်ဝေးနိုင်ငံမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

သတင်း

အမေရိကန် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့ရေး အစီအမံတွေ ဖြတ်တောက် လျှော့ချမှုကြောင့် မြန်မာ ကလေးငယ်တွေ ငတ်မွတ်နေ၊ သေကြေနေကြတယ်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဟီလာရီ ကလင်တန်က Facebookမှာ မျှဝေခဲ့ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အီလွန်မတ်စ်ခ်တို့ကို ဝေဖန် ရှုတ်ချထားခဲ့ပါတယ်။