close
Connect with us

Hi, what are you looking for?

သတင်း

နတ်​ရေကန်ဗျူဟာက စစ်သား​တွေစထွက်​ပြေး၊တော်လှန်​ရေးတပ်​တွေအပြီးသတ်ထိုးစစ်ဆင်

အာရက္ခတပ်​တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေး​​နေပြီးတော်လှန်​ရေးတပ်​တွေကအပြီးသတ်ထိုးသစ်ဆင်​နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

Screenshot

​အောက်တိုဘာ-၁၁၊၂၀၂၅။လူအေး/People’s Spring

အာရက္ခတပ်​တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေဆုတ်ခွာထွက်ပြေး​​နေပြီးတော်လှန်​ရေးတပ်​တွေကအပြီးသတ်ထိုးသစ်ဆင်​နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

“ ဗျူဟာထဲက ကောင်တွေ ထွက်ပြေးကုန်ပြီး ကျသွားပြီလို့ဖရဲသီးအကြီးစားကည ၁၀ နာရီလောက် သတင်းပို့တယ်။ရဲဘော်တွေလည်း ဝင်တိုက်နေပြီ။ နတ်ရေကန်ရပြီလို့ ပြောလို့ရပြီ” လို့သတင်းရင်းမြစ်တွေတစ်ယောက်က ဒီနေ့ မနက်ပိုင်းမှာပြောပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းအနီးက ​လေ​ကြောင်းရန်ကာကွယ်​ရေးအတွက် ​ရေဒါပါ တပ်ဆင်ထားတဲ့​ဗျူဟာ​မြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်ကုန်းကို မတ်လမှာ သိမ်းယူခဲ့ပါတယ် ။ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး​နောက် AA အပါအဝင် ညီ​နောင် မဟာမိတ် သုံးဖွဲ့က ငလျင်အ​ရေး​ပေါ်ကယ်ဆယ်​ရေးနဲ့ ပြန်လည်ထူ​ထောင်​ရေးအတွက် လ​နဲ့ချီပြီးထိုးစစ်ကို​လျော့ချခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

အဲဒီ​နောက်ထိုးစစ်ကိုပြန်လည်မြှင့်တင်ခဲ့ရာစက်တင်ဘာလနဲ့ လက်ရှိ အောက်တိုဘာလဆန်းမှာ ဂုတ်ကြီးစခန်းနဲ့ ဖိုင်တာကုန်းလို အဓိကကာကင်း စခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ပြီးနောက်ပိုင်း ဗျူဟာထဲကစစ်တပ်ရင်းတွေပါဆုတ်ခွာထွက်ပြေးတဲ့ အခြေအနေရောက်လာတာလို့ သိရပါတယ်။

လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ဆယ်မိုင်ခန့်အကွာက ကပစ(၁၄) နဲ့ ၄၉၄ တပ်ရင်းအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ သုံးနေရာစလုံးကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြနေတယ်လို့ သတင်းရရှိပါတယ်။

နတ်ရေကန်ဗျူဟာမှာ အမြောက်နဲ့လေကြောင်းရန် ကာကွယ်ရေး စခန်းရှိပြီး ပေ ၅၀၀၀ကျော်မြင့်တဲ့ နတ်ရေကန်တောင်ပေါ်မှာ အခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်။

အမ်း-ပဒါန်းလမ်း နဲ့ နတ်​ရေကန်ဗျူဟာကို စစ်တပ်က တပ်မ(၉၉) ကိုတာဝန်​ပေးပြီးခုခံခဲ့တာမှာ ဒုတိယနည်းဗျူဟာမှူးအပါအဝင် အရာရှိ​တွေ၊စစ်သား​တွေ အဖမ်းခံရသလို ၊​ အရာရှိက​နေ တပ်သားအထိ သေဆုံး ဒဏ်ရာရသူများပြားပြီးအထိနာခဲ့ပါတယ် ။ တပ်မ(၉၉)​အောက်ကတပ်ရင်း​တွေ အထိနာတာ​ကြောင့် ​နောက်တန်းပြန်ပို့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ၊မိုင်းပန်မြို့မှာအ​ခြေစိုက်တဲ့ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် -၁၇ (စကခ ၁၇) လက်​အောက်က တပ်ရင်း​တွေကို နတ်​ရေကန်ဗျူဟာ နဲ့ အမ်း-ပဒါန်းလမ်းက စစ်စခန်း​တွေကိုခုခံဖို့ထပ်ပို့ထားပါတယ် ။

ဒါ​ပေမယ့် AA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေရဲ့ထိုးစစ်ကိုစစ်တပ်ဟာမခုခံနိုင်ပဲစခန်း​တွေ ဆက်တိုက်ဆုံးရှုံး​နေတာဖြစ်ပါတယ်။

(​ရေဒါစခန်းရှိတဲ့ နတ်​ရေကန်ဗျူကို Google Earth မှာ​တွေ့ရပုံ)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပွင်ဖြူမြို့နယ်ထဲက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သားလေးဦးသေပြီး လက်နက်နဲ့ ခဲယမ်းတွေရရှိတယ်လို့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၊ အမ်း-ပဒါန်းလမ်း နဲ့ ပဲခူးတိုင်းထဲက တောင်ကုတ်- ပန်းတောင်းကားလမ်းပေါ်က လေသာတောင်စခန်း ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး AAနဲ့ ပူးပေါင်းတပ်တွေကစစ်သုံ့ပန်းအများအပြားကို ဖမ်းမိထားတယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ သရက်ကန်ကျေးရွာက ပြည်သူ့စစ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ TYKပြောက်ကြားတပ်ဖွဲ့- မြိုင် - ပကဖ တပ်ရင်း ၁ - တပ်ခွဲ ၁က ထုတ်ပြန်ပါတယ်။

သတင်း

ထားဝယ်မြို့ကိုလာတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ခရီးစဥ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။