close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကြီးထဲမှာ ရှင်သန်ကျန်နေတဲ့သူတွေ အတွေးသစ်နဲ့ဗျူဟာထပ်တိုးချဲ့တော်လှန်ကြဖို့ TNLA ခေါင်းဆောင် တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီက တအာင်းတပ်မတော်(TNLA) ထိပ်ပိုင်းခေါင်းဆောင်တွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဝါဒဖြန့်နေချိန်မှာ TNLA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်တားဘုန်းကျော်က စစ်ကြီးထဲမှာရှန်သန်ကျန်နေတဲ့သူတွေ အတွေးသစ်နဲ့ ဗျူဟာချဲ့လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

TNLA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်တားဘုန်းကျော်။ ဓာတ်ပုံ - Mai Tea Land

အောက်တိုဘာ-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက တအာင်းတပ်မတော်(TNLA) ထိပ်ပိုင်းခေါင်းဆောင်တွေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဝါဒဖြန့်နေချိန်မှာ TNLA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်တားဘုန်းကျော်က စစ်ကြီးထဲမှာရှန်သန်ကျန်နေတဲ့သူတွေ အတွေးသစ်နဲ့ ဗျူဟာချဲ့လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်ချုပ်တာဘုန်းကျော်က ဒီကနေ့ အောက်တိုဘာ ၁၁ရက် မနက်မှာ သူ့ရဲ့ Facebook ကနေတဆင့် အခုလို ရေးသားခဲ့တာပါ။

“စစ်…..ကြမ်းတမ်း ရိုင်းစိုင်းတဲ့ ဒီစစ်ကြီးထဲမှာ …မသေသေးပဲ ရှင်သန်ကျန်နေတဲ့ တို့တတွေ အားမွေး … အတွေးသစ်နဲ့ဗျူဟာတွေထပ်ချဲ့ကြတာပေါ့…ငါတို့က တော်လှန်ရေးကိုရွေးတော့ တော်လှန်ရေးက ငါတို့တွေကို ပြန်ရွေးချယ်တာလေ..’” လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ဝါဒဖြန့် သူအချို့က TNLA ခေါင်းဆောင်တွေ လေကြောင်းတိုက်ခိုက်ခံရကြောင်းကို အောက်တိုဘာ ပထမပတ်က စပြီး လူမှုကွန်ရက်ပေါ် အကြိမ်ကြိမ် ရေးသား ဖော်ပြခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းအပါအဝင် TNLA ခေါင်းဆောင်တွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ဗိုလ်ချုပ်တားခူးလန်း၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ ဗိုလ်ချုပ်တားဟိုပလန်တို့ လေကြောင်းတိုက်ခိုက်ခံရတာလို့ စစ်ကောင်စီ ဝါဒဖြန့်သူအချို့က ရေးသားဖော်ပြခဲ့တာပါ။

စစ်ကောင်စီဟာ အောက်တိုဘာ ပထမပတ်အတွင်းက TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ သီပေါ၊ နမ္မတူ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့သလိုမိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ် စတဲ့ဒေသတွေကိုလည်း အောက်တိုဘာဒုတိယ အပတ်အတွင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

TNLA အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းတွေကို အချိန်နဲ့တပြေးညီထုတ်ပြန်ပေးလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံးထိခိုက်မှု၊ အဆောက်အဦး ပျက်စီးမှုတွေကို အသိပေးထားပါတယ်။ ဒါပေမဲ့ TNLA ခေါင်းဆောင်တွေ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ် ထုတ်ပြန်ထားမှုမရှိပါဘူး။

စစ်ကောင်စီဟာ တအာင်းဒေသအပါအဝင် နိုင်ငံတဝန်း ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတဲ့နည်းတူ လူမှုကွန်ရက်တွေမှာလည်း ဝါဒဖြန့်မှုကို အင်အားကောင်းကောင်းနဲ့လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲကTNLA ထိန်းချုပ်ထားတဲ့ မိုင်း‌ငေါ့မြို့ကိုဒီက​နေ့မနက် ၁၁ နာရီကျော်မှာ လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နဲ့ နောင်ချိုမြို့ကနေ ဆုတ်ခွားပေးလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရယူပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောကြားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးလိုက်ရပြီး လူအင်အားနဲ့ လက်နက်ခဲယမ်း မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့ တအာင်းတပ်မတော်(TNLA)က ပြောကြားပါတယ်။