close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင် မဲခွဲပြီး ပြင်သစ်လွှတ်တော် ဖြုတ်ချ

လွှတ်တော်ရဲ့ အယုံအကြည်မရှိအဆို မဲခွဲမှုမှာ ဝန်ကြီးချုပ်ကို ထုတ်ပယ်ဖို့ အဆို အောင်မြင်သွားတဲ့နောက် ပြင်သစ် အစိုးရဟာ နောက်ထပ် နိုင်ငံရေး အကျပ်အတည်း တစ်ခုဆီ ဦးတည်လာနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images

လွှတ်တော်ရဲ့ အယုံအကြည်မရှိအဆို မဲခွဲမှုမှာ ဝန်ကြီးချုပ်ကို ထုတ်ပယ်ဖို့ အဆို အောင်မြင်သွားတဲ့နောက် ပြင်သစ် အစိုးရဟာ နောက်ထပ် နိုင်ငံရေး အကျပ်အတည်း တစ်ခုဆီ ဦးတည်လာနေပြီ ဖြစ်ပါတယ်။

လွှတ်တော် အမတ်တွေက ဝန်ကြီးချုပ် ဖရန်ဆွာ ဘေရူကို ရာထူးက ထုတ်ပယ်ဖို့ ထောက်ခံမဲ ၃၆၄ မဲ၊ ကန့်ကွက်မဲ ၁၉၄ မဲနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ မဲရလဒ်ကြောင့် ဘေရူဟာ သူနဲ့ သူ့အစိုးရရဲ့ နုတ်ထွက်မှုကို သမ္မတ အီမန်နျူရယ်လ် မာခရွန်ဆီ စက်တင်ဘာ ၉ ရက်နေ့မှာ တရားဝင် အကြောင်းကြားရတော့မှာပါ။

ဘေရူကို အယုံအကြည်မရှိအဆို အောင်မြင်မှုဟာ သူဦးဆောင်တဲ့ အစိုးရ တစ်ရပ်လုံးကို သက်ရောက်မှု ရှိစေပါတယ်။ ပြင်သစ်မှာ သမ္မတဟာ လုပ်ပိုင်ခွင့် ပိုကြီးမားပေမယ့် ဝန်ကြီးချုပ်ကတော့ အစိုးရအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူရပါတယ်။

မာခရွန် အနေနဲ့ ဝန်ကြီးချုပ်သစ် တစ်ဦးကို ခန့်အပ်ရာမှာ ဘယ်လို နိုင်ငံရေး အမြင်ဖက် ယိမ်းမလဲ ဆိုတာကို လာမယ့်ရက်ပိုင်းတွေအတွင်း ဆုံးဖြတ်ရပါမယ်။ ဗဟိုလက်ယာယိမ်း အမျိုးသားရေး ဝါဒီ တစ်ဦးကို ရွေးချယ်မလား၊ ဆိုရှယ်လစ် ပါတီနဲ့ ညှိနှိုင်းပြီး လက်ဝဲယိမ်း ချဉ်းကပ်မှုမျိုးကို ဦးစားပေးမလား၊ ဒါမှမဟုတ် လွှတ်တော်ကို ဖျက်သိမ်းစေပြီး ရွေးကောက်ပွဲအသစ် ကျင်းပစေမလား ဆိုတာကို မာခရွန်က ရွေးချယ်ရမှာပါ။

Public Service Announcement

Public Service Announcement

ဘေရူဟာ ယူရို ၃.၄ ထရီလီယံထိ မြင့်တက်လာတဲ့ နိုင်ငံရဲ့ ကြွေးမြီတွေကို လျှော့ချဖို့အတွက် အရေးတကြီး တုံ့ပြန်ရမယ့် အစီအမံတွေကို အကြံပြုခဲ့ပေမယ့် အဲဒီကိစ္စကို အကြောင်းပြုပြီး နိုင်ငံရေးအရ ထိုးနှက်မှုတွေ ကြုံလာခဲ့ရပါတယ်။ သူတိုက်တွန်းထားတဲ့ အချက်တွေထဲမှာ နိုင်ငံရဲ့ အမျိုးသား ရုံးပိတ်ရက် နှစ်ခုကို ပယ်ဖျက်ဖို့၊ သက်သာချောင်ချိရေးနဲ့ ပင်စင်ငွေတွေ ယူရို ၄၄ ဘီလီယံဖိုးကို ဆိုင်းငံ့ထားဖို့ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း လွှတ်တော်အမတ်တွေက သူ့ကို မထောက်ခံကြတဲ့အပြင် ဆန့်ကျင် ဖြုတ်ချဖို့အတွက် လက်ဝဲရော၊ လက်ယာ အင်အားစုတွေပါ စုပေါင်းသွားခဲ့ပါတယ်။ ဘေရူကတော့ လွှတ်တော် မဲခွဲမှု ရလဒ်အပြီး ဝန်ကြီးချုပ်အဖြစ် နောက်ဆုံးပြောတဲ့ မိန့်ခွန်းမှာ ပြင်သစ်အနေနဲ့ ကြွေးမြီပြဿနာကို မျက်ကွယ်ပြုထားမယ်ဆိုရင် နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက် ထိခိုက်နိုင်တယ်လို့ ထည့်သွင်း သတိပေးသွားပါတယ်။

လူထုအမြင် စစ်တမ်းတွေမှာတော့ ပြည်သူအများစုဟာ နိုင်ငံရဲ့ လူနေမှုစရိတ် ကြီးမားလာတာ၊ လုံခြုံရေး ပြဿနာတွေနဲ့ ရွှေ့ပြောင်းအခြေချမှု အရေးကိစ္စတွေကို ကြွေးမီပြဿနာထက် ပိုပြီး အလေးထားသင့်ကြောင်း မှတ်ချက်ပေးထားပါတယ်။ နိုင်ငံရေး သုတေသီ တချို့ကတော့ နိုင်ငံရဲ့ အကြွေးထုထည် ကြီးမားနေမှုကို အလွန်အကျွံ အာရုံစိုက်စေတဲ့ မူဝါဒကို ရွေးချယ်ခဲ့တာဟာ ဘေရူအတွက် နိုင်ငံရေးအရ ကိုယ့်ဒုက္ခကိုယ်ရှာမှု သဘောမျိုး ဖြစ်သွားစေခဲ့တယ်လို့ သုံးသပ်ထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Trending

Facebook