close
Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမှာ စစ်တပ်က လေထီးနဲ့ဗုံးကြဲလို့ ပြည်သူသုံးဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်က ရွာတွေကို စက်တပ်လေထီးနဲ့ဗုံးလာကြဲလို့ ပြည်သူသုံးဦးသေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်က စက်တပ်​လေထီး​နဲ့ ကြဲချတဲ့ ဗုံးသီးထိမှန်ပြီး သေဆုံးခဲ့တဲ့လူငယ်တဦးနဲ့ ငို​ကြွေး​နေတဲ့မိခင်။ ။ဓာတ်ပုံ - CJ

စက်တင်ဘာ-၈၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်က ရွာတွေကို စက်တပ်လေထီးနဲ့ဗုံးလာကြဲလို့ ပြည်သူသုံးဦးသေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

အုတ်ဖိုနယ်၊ ကိုင်းကြီးရွာ၊ ဒေါင်းကြီးရွာနဲ့ ချင်းစုရွာတွေကို စစ်ကောင်စီတပ်က စက်တပ်လေထီး (ပါရာမော်တာ)တွေသုံးပြီး စက်တင်ဘာ ၇ ရက်နေ့ညနေ ၅ နာရီခွဲလောက်မှာ ဗုံးသီးခုနစ်လုံး လာကြဲခဲ့တာပါ။

“ချင်းစုရွာက ယောကျ်ား​ လေးသုံးယောက်သေတယ်။ပြီးတော့ဒေါင်းကြီးရွာကယောကျ်ားလေးတယောက်၊ မိန်းကလေးတယောက် ဒဏ်ရာရတယ်။ ပြီးတော့နွားတကောင်သေတယ်”လို့ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ရဲ့စက်တပ်လေထီးတွေဟာ အုတ်ဖို့မြို့နယ်အစပ်၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာရှိတဲ့ အလယ်ကုန်းကျေးရွာဘက်ကနေ လာရောက်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခုလိုဗုံးလာကြဲသွားတာလို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။

ပြည်သူတွေကိုမှတ်ထားပြီးလာရောက်ကြဲချခဲ့တဲ့ဗုံးသီးတွေဟာ ဒေါင်းကြီးရွာမှ နေအိမ်အချို့ပေါ်ကို ကျရောင်ပေါက်ကွဲခဲ့ပြီးပြည်သူတွေထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်ကလည်း အုတ်ဖိုမြို့ နယ်၊ အိုင်ကြီးဒေါင့်ရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ နေအိမ်တလုံးပေါ်ကျရောင်ပေါက်ကွဲပြီးကလေးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရကာဆေးရုံတက်ကုသမှုခံယူခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ စာသင်နေတဲ့အိမ်ကို စစ်တပ်က လေကြောင်းကဗုံးကြဲလို့ ဆယ်နှစ်သား ကလေးတဦးသေဆုံးပြီး ကလေးငယ်၅ ဦးအပါအဝင် ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ထပ်မံဗုံးလာကြဲလို့ သားအဖနှစ်ဦး ထိခိုက်ပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနိုင်ရန် ကင်းပတ်လာသည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၁ဦးသေဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)-မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာဝန်ရှိသူက ပြောသည်။

သတင်း

တမူးမြို့နယ်၊ နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်​ရှေ့မတိုးနိုင်ဘဲပြန်ဆုတ်သွားသည်။

Trending

Facebook