close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဝန်ထမ်းအများအပြား အလုပ်ထုတ်ခံရ

အမေရိကန် အစိုးရရဲ့ ကျန်းမာရေး ဝန်ကြီးဌာနမှာ ဝန်ထမ်းတွေ အများအပြားကို အလုပ်ထုတ်ပယ်မှု အစီအစဉ် စတင်နေပြီ ဖြစ်ပါတယ်။

အမေရိကန် အစိုးရရဲ့ ကျန်းမာရေး ဝန်ကြီးဌာနမှာ ဝန်ထမ်းတွေ အများအပြားကို အလုပ်ထုတ်ပယ်မှု အစီအစဉ် စတင်နေပြီ ဖြစ်ပါတယ်။

ရာပေါင်းများစွာသော ဝန်ထမ်းတွေဟာ ဧပြီ ၁ ရက်နေ့မှာ သူတို့ရဲ့ အလုပ်အကိုင်နေရာ ဆုံးရှုံးသွားပြီဆိုတဲ့ အသိပေး အကြောင်းကြားမှုတွေကို လက်ခံ ရရှိခဲ့ပါတယ်။ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အလုပ်ဌာန နေရာတွေဆီ ဝင်ရောက်ခွင့်ကနေလည်း တားမြစ် ခံခဲ့ရပါတယ်။

ကျန်းမာရေး ဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီက ဝန်ကြီးဌာနရဲ့ ဝန်ထမ်း ၁၀၀၀၀ ကို လျှော့ချမှာဖြစ်ကြောင်း၊ ကိုယ်ပိုင် သဘောဆန္ဒနဲ့ ထွက်စာတင်ကြသူတွေပါ ပါမယ်ဆိုရင် လက်ရှိ ဝန်ထမ်းအင်အား ၈၀၀၀၀ ကျော်ကနေ ၆၀၀၀၀ လောက်သာ ကျန်တဲ့ထိ လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြောကြားထားပါတယ်။

ဧပြီ ၁ ရက်နေ့က အလုပ်ထုတ်ပယ် ခံရသူတွေထဲမှာ အစားအသောက်နဲ့ ဆေးဝါး လုံခြုံမှု စီမံကွပ်ကဲရေး ပညာရှင်တွေ၊ ရောဂါ တားဆီးတိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေပါ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာကတည်းက အစိုးရ အသုံးစရိတ်ကို ထိထိရောက်ရောက် လျှော့ချမယ်လို့ ကြွေးကြော်ပြီး ဝန်ကြီးဌာန အများအပြားမှာ ဝန်ထမ်းအင်အား အလုံးအရင်း ဖြတ်တောက် လျှော့ချမှုကို အကောင်အထည် ဖော်စေခဲ့ပါတယ်။ အဲဒီ ရည်ရွယ်ချက်ကို ဦးဆောင်ဖို့ ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်ကို အဓိက တာဝန်ပေးထားပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက အလုပ်ထုတ်ပယ်တဲ့ ဝန်ထမ်းတွေထဲမှာ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)ရဲ့ အချိန်ပြည့် ဝန်ထမ်း ၃၅၀၀၊ ရောဂါတားဆီး တိုက်ဖျက်ရေးဌာန (CDC)ရဲ့ ဝန်ထမ်း ၂၄၀၀ တို့ ပါဝင်ခဲ့ပြီး အမျိုးသား ကျန်းမာရေး အင်တီကျုရဲ့ ဝန်ထမ်း ၁၂၀၀ လည်း လျှော့ချခံ စာရင်းထဲ ပါသွားခဲ့ကြောင်း သိရပါတယ်။

CDC လက်အောက်ခံ သဘာဝ ပတ်ဝန်းကျင် ကျန်းမာရေး သိပ္ပံ ဌာနခွဲရဲ့ ပညာရှင် တစ်ဦးဖြစ်သူ ပရက်စ်တန် ဘတ်ထ်က သူရော၊ သူ့ဌာန တစ်ခုလုံးပါ လူလျှော့ခံရတဲ့ စာရင်းထဲ အကျုံးဝင်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီ ဌာနခွဲဟာ ပြည်နယ် ၃၃ ခုမှာ ယူနစ်တွေ ဖြန့်ကျက်ထားပြီး ဝန်ထမ်းအင်အား ရာနဲ့ချီ ရှိပါတယ်။ ဌာနရဲ့ အဓိက တာဝန်က မာကျူရီနဲ့ ရေဒီယို သတ္တိကြွ အဆိပ်သင့်မှုလို ဖြစ်စဉ်တွေ ပေါ်ပေါက်လာရင် သဘာဝ ပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေး အချက်အလက်တွေ စုဆောင်း ကောက်ယူဖို့၊ ပြည်သူလူထုကို သတင်းအချက်အလက်တွေ ထောက်ပံ့ဖို့ ဖြစ်ပါတယ်။

အခုနေ မတော်တဆ ရေဒီယို သတ္တိကြွ ယိုစိမ့်မှု နျူကလီးယား ကပ်ဘေးတစ်ခု ပေါ်လာမယ်ဆိုရင် အမေရိကန် အစိုးရက ဘယ်လို ပညာရှင်တွေကို ခေါ်ယူမလဲဆိုတာ သိချင်မိတယ်လို့ ဘတ်ထ်က ပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့နှစ်က အသုံးစရိတ် ဒေါ်လာ ၁.၈ ထရီလီယံနဲ့ လည်ပတ်ခဲ့ပြီး CDC၊ FDAတို့ အပါအဝင် လက်အောက်ခံ ဌာန ၁၃ ခု ရှိနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာလည်း ပတ်သက် ဆက်နွှယ်တဲ့ အဖွဲ့အစည်း အားလုံးအပေါ် တူတူညီညီ သက်ရောက်ဖို့ လိုတယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ညှိနှိုင်း ဆွေးနွေးမှုတွေမှာ အမေရိကန် အနေနဲ့ ရုရှား တောင်းဆိုသမျှကို အလွယ်တကူ မလိုက်လျောဖို့ မျှော်လင့်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်မှာ အပစ်အခတ် ရပ်စဲထားဖို့ အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့အတူ ရုရှားနဲ့ ယူကရိန်းတို့က သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးမှုတွေမှာ ကုလသမဂ္ဂ (UN) ပါဝင်လာနိုင်ခြေကို အမေရိကန်နဲ့ ရုရှားတို့ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Facebook