Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရဟတ်ယာဉ် ပျက်ကျမှုမှာ သမ္မတ ကွယ်လွန်သွားခဲ့ပြီလို့ အီရန် အစိုးရ အရာရှိပြော

အီရန် မီဒီယာတွေကလည်း ရိုင်ဆီ သေဆုံးသွားပြီလို့ ဖော်ပြကြပေမယ့် အစိုးရဆီက တရားဝင် ကြေညာချက်တော့ ထွက်ပေါ်မလာသေးပါဘူး။

ရဟတ်ယာဉ် ပျက်ကျမှုမှာ သမ္မတ ကွယ်လွန်သွားခဲ့ပြီလို့ အီရန် အစိုးရ အရာရှိပြော
ရဟတ်ယာဉ် ပျက်ကျမှုမှာ သမ္မတ ကွယ်လွန်သွားခဲ့ပြီလို့ အီရန် အစိုးရ အရာရှိပြော

ရဟတ်ယာဉ် ပျက်ကျမှုမှာ အီရန် သမ္မတ အီဘရာဟင် ရိုင်ဆီရော၊ နိုင်ငံခြားရေး ဝန်ကြီး ဟိုဆိန်း အမာရက်ဘ်ဒိုလာဟီတို့ပါ သေဆုံးသွားပြီလို့ အီရန် အစိုးရ အရာရှိ တစ်ဦးက အတည်ပြု ပြောကြားလိုက်ပါတယ်။

အမည်ဖော်မပြတဲ့ အီရန် အရာရှိ တစ်ဦးက သမ္မတ စီးနင်းလိုက်ပါသွားတဲ့ ရဟတ်ယာဉ် အပျက်အစီးကို ရှာတွေ့ခဲ့ကြောင်း၊ ရဟတ်ယာဉ် တစ်ခုလုံး မီးလောင်ကျွမ်းထားပြီး အစိတ်အပိုင်းတွေ ပျံ့နှံ့နေကြောင်း၊ ကံဆိုးစွာနဲ့ပဲ ဘယ်သူမှ အသက်ရှင်တဲ့ အရိပ်အယောင် မတွေ့ရကြောင်း Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

အီရန် မီဒီယာတွေကလည်း ရိုင်ဆီ သေဆုံးသွားပြီလို့ ဖော်ပြကြပေမယ့် အစိုးရဆီက တရားဝင် ကြေညာချက်တော့ ထွက်ပေါ်မလာသေးပါဘူး။

မေလ ၁၉ ရက်နေ့က အိမ်နီးချင်း အဇာဘိုင်ဂျန် နိုင်ငံမှာ ပြုလုပ်တဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဆည်အသစ် ဖွင့်ပွဲကနေ နယ်စပ်ဖြတ်ကျော်ပြီး ပြန်လာတဲ့ ရဟတ်ယာဉ် သုံးစီးထဲမှာ တစ်စီးက တောင်ထူထပ်ရာ ဗာဇာကန်မြို့နားမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ ရာသီဥတု ဆိုးရွားပြီး မြူခိုးတွေ အရမ်းထူထပ်နေတဲ့အချိန် ရဟတ်ယာဉ်က တောင်စောင်းတွေဖက် ပျက်ကျသွားခဲ့တာလို့ ဆိုပါတယ်။

အီရန်ရဲ့ Mehr သတင်းဌာနကတော့ အီရန် သမ္မတ ရိုင်ဆီဟာ နိုင်ငံရဲ့ ပြည်သူတွေအတွက် ကိုယ်စားပြု တာဝန်ထမ်းဆောင်နေရင်း မတော်တဆ ကွယ်လွန်သွားတယ်လို့ ဖော်ပြသွားပါတယ်။

ရဟတ်ယာဉ် ပျက်ကျပြီး ၁၂ နာရီလောက် ကြာလာတဲ့ အချိန်မှာ အပျက်အစီးတွေကို စတင်ရှာတွေ့လာပြီး အဲဒီကတည်းက သမ္မတနဲ့ နိုင်ငံခြားရေး ဝန်ကြီးအတွက် အသက်ရှင်ရေး မျှော်လင့်ချက်တွေ လျော့ပါးနေခဲ့တာပါ။ အီရန်ရဲ့ လခြမ်းနီ အသင်း အကြီးအကဲ ပါဟော့ဆိန် ခိုလီဗန်က ရဟတ်ယာဉ်ပျက်ကို စတွေ့ကတည်းက အခြေအနေ မကောင်းဘူးဆိုတာ သဘောပေါက်ခဲ့တယ်လို့ အစိုးရ သတင်းဌာန တစ်ခုဆီ အစောပိုင်းမှာ မှတ်ချက် ပေးခဲ့ပါတယ်။

အီရန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ လက်ရှိ သမ္မတ ရုတ်တရက် သေဆုံးသွားရင်၊ တာဝန် ဆက်ပြီး မထမ်းဆောင်နိုင်ရင် သူ့ရဲ့ နေရာကို ဒုတိယ သမ္မတက ယာယီ တာဝန်ယူရမှာဖြစ်ပြီး နောက်ထပ် ရက် ၅၀ အတွင်း ရွေးကောကပွဲ ကျင်းပရမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ မိုဟာမက် မော့ခ်ဘားက အီရန်ရဲ့ ဒုတိယ သမ္မတအဖြစ် ရှိနေတာကြောင့် သူဟာ ယာယီ သမ္မတ နေရာကို ဆက်ခံယူရမယ့် သဘောပါပဲ။

အီရန်မှာ နိုင်ငံတော် အဓိပတိ အယာတိုလာ အလီ ခါမေနီကတော့ ခြွင်းချက်မရှိ အကြီးမားဆုံး ဩဇာကို ပိုင်ဆိုင်ထားပြီး သမ္မတ နေရာရဲ့ အထက်ကနေ ကွပ်ကဲနေပါတယ်။

အသက် ၆၃ နှစ်အရွယ် ရိုင်ဆီဟာ ရှေးရိုးစွဲ အစွန်းရောက် ကွန်ဆာဗေးတစ် ခါမေနီ လက်သပ်မွေးထားတဲ့ လက်ရင်းတပည့် တစ်ဦးဖြစ်ပြီး နောင်တစ်ချိန်မှာ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ ထင်ကြေးပေး ခံထားရပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်တုန်းက ရွေးကောက်ပွဲမှာ အနိုင်ရပြီး အီရန် သမ္မတ ဖြစ်လာခဲ့ပါတယ်။

ကိုးကား: AFP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ လိုင်အနိုင်ရခဲ့ပြီးချိန်ကနေ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကာလတလျှောက် တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေး အင်အားပြ ခြိမ်းခြောက်မှုတွေ အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ နိုင်ငံတော် အဓိပတိ အယာတိုလာ အလီ ခါမေနီကတော့ ခြွင်းချက်မရှိ အကြီးမားဆုံး ဩဇာကို ပိုင်ဆိုင်ထားပြီး သမ္မတ နေရာရဲ့ အထက်ကနေ ကွပ်ကဲနေပါတယ်။

သတင်း

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “အသဲလို့ ပြောတယ်။ လွန်ခဲ့တဲ့အပတ်ကတော့ ဆုတောင်း ကူညီပေးကြဖို့ ဆိုပြီးမှ ဖိတ်ခေါ်တဲ့ဟာ နည်းနည်းကြားလိုက်မိတယ်။ သတိထားလိုက်မိတယ်” ဟု ပြောသည်။

နိုင်ငံတကာ

ဗလာဒီမာ ပူတင်ဟာ ပဉ္စမမြောက် ရုရှားသမ္မတ သက်တမ်းကို ထမ်းဆောင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သူဟာ နောက်ထပ် ၆ နှစ်ကြာအောင် ရုရှားသမ္မတအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။