Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီရန်သမ္မတ ပါသွားတဲ့ ရဟတ်ယာဉ် ပျက်ကျမှု အသက်ရှင်ကျန်သူ မရှိနိုင်ဘူးလို့ဆို

အီရန်မှာ နိုင်ငံတော် အဓိပတိ အယာတိုလာ အလီ ခါမေနီကတော့ ခြွင်းချက်မရှိ အကြီးမားဆုံး ဩဇာကို ပိုင်ဆိုင်ထားပြီး သမ္မတ နေရာရဲ့ အထက်ကနေ ကွပ်ကဲနေပါတယ်။

အီရန်သမ္မတ ပါသွားတဲ့ ရဟတ်ယာဉ် ပျက်ကျမှု အသက်ရှင်ကျန်သူ မရှိနိုင်ဘူးလို့ဆို
အီရန်သမ္မတ ပါသွားတဲ့ ရဟတ်ယာဉ် ပျက်ကျမှု အသက်ရှင်ကျန်သူ မရှိနိုင်ဘူးလို့ဆို

အီရန်သမ္မတနဲ့ ထိပ်တန်း အစိုးရ အရာရှိတချို့ လိုက်ပါသွားပြီး ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် တည်နေရာကို ရှာတွေ့ပြီဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ အရိပ်အယောင် မတွေ့ရဘူးလို့ အီရန် အစိုးရ အရာရှိတွေက ပြောကြားခဲ့ပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာ မေလ ၁၉ ရက်နေ့က အရှေ့ အဇာဘိုင်ဂျန် ပြည်နယ်နားက တောင်ထူထပ်ရာက ဗာဇာကန် မြို့နားမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ သမ္မတ အီဘရာဟင် ရိုင်ဆီ၊ နိုင်ငံခြားရေးဝန်ကြီး ဟိုဆိန်း အမာရက်ဘ်ဒိုလာဟီယန်နဲ့ နောက်ထပ် အရာရှိ နှစ်ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အီရန် သမ္မတနဲ့ အရာရှိတွေဟာ အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ အီလ်ဟမ် အလီယက်ဗ်နဲ့ တွေ့ဆုံပြီး ရဟတ်ယာဉ်နဲ့ နယ်စပ်ဖြတ်ကျော် ပြန်လာတဲ့အချိန် ရာသီဥတု ဆိုးရွားနေတဲ့ အတောအတွင်း အခုလို အခြေအနေဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အီရန် မီဒီယာတွေက ရိုင်ဆီတို့ဟာ အဇာဘိုင်ဂျန်က ဆည်ဖွင့်ပွဲ တစ်ခုကို တက်ရောက်ခဲ့တာလို့ ဖော်ပြကြပါတယ်။

အခမ်းအနားကနေ ပြန်လာတဲ့ ရဟတ်ယာဉ် သုံးစီးထဲမှာ သမ္မတပါလာတဲ့ တစ်စီးက ပျက်ကျခဲ့တာလို့ သိရပါတယ်။ အီရန်အစိုးရက သမ္မတနဲ့ အရာရှိတွေ သေဆုံးသွားပြီလို့ တရားဝင် မကြေညာသေးပေမယ့် အခင်းဖြစ်တဲ့ နေရာမှာ အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့တော့ ကွင်းဆင်းလှုပ်ရှားနေတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဖက် တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန် အစိုးရရဲ့ အရေးပေါ် အကူအညီ တောင်းခံမှုကြောင့် ဥရောပ ကော်မရှင်ရဲ့ အရေးပေါ် အကျပ်အတည်းဆိုင်ရာ စီမံခန့်ခွဲမှု ဌာနဟာ ဂြိုဟ်တု မြေပုံ ထောက်လှမ်းရေး စနစ်တွေကို ဖွင့်လှစ်ပြီး ရဟတ်ယာဉ်ပျက် နေရာကို ကူညီ ရှာဖွေပေးခဲ့တယ်လို့ သိရပါတယ်။

အီရန် သမ္မတရဲ့ ကံကြမ္မာကို အတိအကျ မသိရသေးပေမယ့် အဆိုးဆုံး အခြေအနေတွေ ပြင်ဆင်ပြီး အုပ်ချုပ်ရေး ယန္တရားကို ဆက်လက် ထိန်းညှိ လည်ပတ်ဖို့လည်း စီစဉ်နေရပါတယ်။ လက်ရှိ သမ္မတတစ်ဦး ရုတ်တရက် သေဆုံးသွားရင်၊ တာဝန် ဆက်ပြီး မထမ်းဆောင်နိုင်ရင် သူ့ရဲ့ နေရာကို ဒုတိယ သမ္မတက ယာယီ တာဝန်ယူရမှာဖြစ်ပြီး နောက်ထပ် ရက် ၅၀ အတွင်း ရွေးကောကပွဲ ကျင်းပရမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ မိုဟာမက် မော့ခ်ဘားက အီရန်ရဲ့ ဒုတိယ သမ္မတအဖြစ် တာဝန်ယူထားပါတယ်။

အီရန်မှာ နိုင်ငံတော် အဓိပတိ အယာတိုလာ အလီ ခါမေနီကတော့ ခြွင်းချက်မရှိ အကြီးမားဆုံး ဩဇာကို ပိုင်ဆိုင်ထားပြီး သမ္မတ နေရာရဲ့ အထက်ကနေ ကွပ်ကဲနေပါတယ်။

အသက် ၆၃ နှစ်အရွယ် ရိုင်ဆီဟာ ရှေးရိုးစွဲ အစွန်းရောက် ကွန်ဆာဗေးတစ် ခါမေနီ လက်သပ်မွေးထားတဲ့ လက်ရင်းတပည့် တစ်ဦးဖြစ်ပြီး နောင်တစ်ချိန်မှာ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ ထင်ကြေးပေး ခံထားရပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်တုန်းက ရွေးကောက်ပွဲမှာ အနိုင်ရပြီး အီရန် သမ္မတ ဖြစ်လာခဲ့ပါတယ်။

ကိုးကား: VoA⁩

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

ပျူရွာများထဲမှ မြောက်ခင်ရမ်းရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ ဆွေ၏ ဇာတိဖြစ်ပြီး စစ်ကောင်စီ၏ အမာခံပျူ‌​စောထီးရွာဖြစ်သည်။

သတင်း

ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးသည်။

သတင်း

လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၊မြို့နယ်ရဲစခန်းနှင့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတို့ကိုမေလ ၉ရက်တွင် နံနက် ၆နာရီမှစ၍ တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။