

မေးမြန်းခန်း
တူမီးသေနတ်နဲ့ ဒေသခံတွေဟာ ၂၀၂၁ ဧပြီလမှာ စစ်ကောင်စီ ဗျူဟာမှူးပါတဲ့ စစ်ကြောင်းကို ပိတ်ဆို့ပြီး ဖမ်းဆီးခံ ပြည်သူတွေနဲ့ အလဲအလှယ် လုပ်ဆောင်နိုင်ခဲ့သလို မောင်းပြန်သေနတ်၊ လက်နက်ကြီးစတဲ့ ခေတ်မီလက်နက်တွေနဲ့ အင်အားအများအပြားပါတဲ့ စစ်ကောင်စီယာဉ် ၆စီးကိုလည်း မေ ၁၄ ရက်မှာ တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။