close
Connect with us

Hi, what are you looking for?

သတင်း

စွမ်းအင်နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အာဏာသိမ်းစစ်တပ်နဲ့ ရုရှား ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စွမ်းအင်ဖူလုံရေး၊ စစ်တပ်တွေချင်း ပူးပေါင်းလေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ရုရှား အစိုးရ ထိပ်တန်း အရာရှိ ဆာဂျီရွှိုင်ဂူက ပြောကြားတယ်လို့ ရုရှားသတင်းဌာနTASSကဖော်ပြပါတယ်။

(အာဏာသိမ်း​ခေါင်း​ဆောင် နဲ့ ရုရှား လုံခြုံရေးကောင်စီ ရဲ့ အတွင်းရေးမှူးရွှိုင်ဂူ ။ ဓါတ်ပုံ-CINCDS)

■၅ နှစ်သက်တမ်းရှိတဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကိုလက်မှတ်ထိုး

​ဖေ​ဖော်ဝါရီ-၄၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စွမ်းအင်ဖူလုံရေး၊ စစ်တပ်တွေချင်း ပူးပေါင်းလေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ရုရှား အစိုးရ ထိပ်တန်း အရာရှိ ဆာဂျီရွှိုင်ဂူက ပြောကြားတယ်လို့ ရုရှားသတင်းဌာနTASSကဖော်ပြပါတယ်။

ရုရှား သမ္မတ ဗလာဒီမာပူတင် ဦးဆောင်တဲ့ ရုရှား လုံခြုံရေးကောင်စီ ရဲ့ အတွင်းရေးမှူးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးတာဝန်ကိုလည်းနှစ်ရှည်လများ ထမ်းဆောင်ဖူးတဲ့ရွှိုင်ဂူဟာဖေဖော်ဝါရီ ၂ ရက်နေ့တုန်းကနေပြည်တော်ကိုရောက်ရှိလာပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။စစ်တပ်ဝါဒဖြန့် သတင်းမီဒီယာ​တွေမှာ တစ်ပါတ်ကြာ​ပျောက်​နေ့တဲ့ အာဏာသိမ်း​ခေါင်း​ဆောင်ဟာ ရုရှားကိုယ်စားလှယ်အဖွဲ့ကို လက်ခံ​တွေ့ဆုံရင် လူ့​ရှေ့ပြန်ထွက်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ထဲမှာစွမ်းအင်ရေးရာ ကျွမ်းကျင်သူတွေ၊ နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာမယ့်ပညာရှင်တွေပါလာခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့စွမ်းအင်ဖူလုံရေးကဏ္ဍမှာကူညီဖို့ ရုရှားကအလေးပေးစဉ်းစားထားကြောင်းရွှိုင်ဂူကဆိုပါတယ်။

နောက်ပြီးနှစ်ဖက်ကြားလုံခြုံရေး၊ဆေးဘက်ဆိုင်ရာ၊ ဆိုက်ဘာလုံခြုံရေး၊ စွမ်းအင်ဖူလုံရေးကိစ္စတွေ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း ရွှိုင်ဂူက ရုရှားရဲ့ TASS သတင်းဌာနဆီကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်ဖူလုံရေး၊ ဆောက်လုပ်ရေးနဲ့ ဓာတ်အားပေး စက်ရုံတွေ၊ ရေနံပိုက်လိုင်းတွေနဲ့ ဆိပ်ကမ်းတွေအတွက် နေ့စဉ်လိုအပ်ချက်တွေကို ဂြိုဟ်တုသတင်းအချက်အလက်တွေနဲ့ ထိထိရောက်ရောက် ပံ့ပိုးရေး ကိစ္စကိုလည်းထည့်သွင်းဆွေးနွေးခဲ့တယ်လို့ရွှိုင်ဂူက ဆက်ပြောပါတယ်။

နှစ်ဖက်ကြားဆွေးနွေးမှုတွေမှာအဓိကကျတဲ့ ကဏ္ဍတစ်ခုက လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊စစ်ရေးနဲ့စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆိုက်ဘာနဲ့ သတင်းအချက်အလက် လုံခြုံရေး ကိစ္စတွေလည်း ပါဝင်ကြောင်း၊ ခေတ်နဲ့အညီပြောင်းလဲလာတဲ့အခြေအနေတွေမှာ ဘက်ပေါင်းစုံ ခြိမ်းခြောက်မှုတွေကလည်း ပိုမိုကြီးထွားလာနေကြောင်း သူက ပြောကြားသွားပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာအစိုးရ မီဒီယာတွေက ရုရှားနဲ့ မြန်မာစစ်တပ်တို့ဟာ ၅ နှစ်သက်တမ်းရှိတဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်သွားပါတယ်။

ကိုးကား- TASS

ဆက်စပ်သတင်းများ