close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် PDFများ ထိုးစစ်ရပ်နားချိန် စစ်ကောင်စီက ချောင်းဦးနှင့် မြင်းမူ၌ အင်အားဖြည့်တင်းနေ

ငလျင်ဘေးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များထိုးစစ်ရပ်နားထားချိန်တွင် စစ်ကောင်စီက မုံရွာ-မန္တလေးလမ်းမကြီးကိုအသုံးပြုပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်တို့၌ အင်အားဖြည့်တင်းနေကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုသန့်က လူထုနွေဦးသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော မန္တလေးမြို့ခံများအား စစ်သားများက ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၊၂၀၂၅။ရဲခေါင်/People’s Spring

ငလျင်ဘေးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များထိုးစစ်ရပ်နားထားချိန်တွင် စစ်ကောင်စီက မုံရွာ-မန္တလေးလမ်းမကြီးကိုအသုံးပြုပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်တို့၌ အင်အားဖြည့်တင်းနေကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုသန့်က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(မတ်လ ၃၁ ရက်)တွင် အနောက်မြောင်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကားသုံးစီး၊ အင်အား ၁၀၀ ကျော်ဖြင့် ချောင်းဦးနှင့် မြင်းမူမြို့နယ်ဘက်သို့ စစ်ကောင်စီက အားဖြည့်ခဲ့သည်ဟု ဆိုသည်။

“သူတို့ဘာလုပ်မလဲဆိုတာတော့ ဆက်စောင့်ကြည့်နေတယ်။ကျွန်တော်တို့ကတော့ ကိုယ့်ဒေသမှ ဘာမှ မဖြစ်လို့ လုပ်လို့ရတာ လုပ်နိုင်ပေမယ့်ပြည်တွင်းကိုယ့်နိုင်ငံ သားတွေဒုက္ခရောက်လို့ လူသားချင်းစာနာ ထောက်ထားမှုတွေအရ စစ်ရပ်ထားတာ။စစ်ကြောင်းထိုးလာရင်တော့ ခုခံ တန်ပြန်တိုက်ခိုက်မှုတွေလုပ်သွားမှာဖြစ်တယ်”ဟု ကိုသန့်က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ည ၉ နာရီခွဲခန့်တွင်လည်း မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ စစ်ကောင်စီဂိတ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊အလ္လကပ္ပရွာအရှေ့ဘက်တွင်ရှိသော ဒို့မြန်မာကျော်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက အသိပေးသည်။

ထို့အပြင် မြင်းမူ-ချောင်းဦး-မုံရွာကားလမ်းတလျှောက်တွင်လည်း စစ်ကောင်စီတပ်သားများ လှုပ်ရှားမှုရှိနေကြောင်း ၎င်းက ဆိုသည်။

အလားတူ မုံရွာမြို့အပေါ်ဘက်ရှိ ဘုတလင်မြို့နယ်ကိုလည်း စစ်ကောင်စီတပ်သားများစစ်ကြောင်း ထိုးလာခဲ့ပြီး ဘုတလင်မြို့အတွင်းသို့ ယမန်နေ့ ညနက်ပိုင်းက ဝင်ရောက်လာခဲ့သည်ဟု ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းက ယနေ့(ဧပြီ ၁ရက်)နံနက်တွင် အသိပေးထားသည်။

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး မတ်လ ၂၈ ရက် ညပိုင်းကပင် တိုက်ပွဲမရှိဘဲ ချောင်းဦးမြို့နယ်ရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ စစ်ကောင်စီက စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ည ၉ နာရီ ၁၅မိနစ်ကလည်း ချောင်းဦးမြို့နယ် အရှေ့မြောက်ဘက်ခြမ်းကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုကို မသိရသေးပေ။

ဆက်စပ်သတင်းများ

အတွေးအမြင်

မတ်လ၂၈ ရက်နေ့က ငလျင်ကြီးဟာမြန်မာကို ရေရှည်မှာဒီမိုကရေစီနဲ့ဝေးရာကိုတွန်းထုတ်နေပါတယ်။ အနောက်ကမ္ဘာကို ရွံကြောက်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများ၊ အိမ်ဖြူတော်မှာ သမ္မတလုပ်တမ်းကစား နေတဲ့ထရန့်နဲ့အပေါင်းအပါတွေနဲ့ “ဂျပိုးများသမဂ္ဂ" ဖွဲ့နေတဲ့တရုတ်နဲ့ရုရှား တို့လိုနိုင်ငံတွေက ဒီပြဿနာမှာ ချောဆီတွေပါပဲ။

သတင်း

ဝိုင်းမော် - ကန်ပိုက်တီလမ်းပိုင်း၊ ဝိုင်းမော်မြို့အနီး၌ စစ်ကောင်စီက တင့်ကားခုနစ်စီးဖြင့် ရောက်ရှိလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ထိန်းချုပ်ထားသော လမြန်ကျေးရွာကို ဒရုန်းအသုံးပြု၍ ဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် ခေတ်မီလူသတ်လက်နက်များသာရှိပြီး လူအများကို ကယ်တင်မည့် ပစ္စည်းများ မရှိ၍ သတင်းသမားများအား လွတ်လပ်စွာ သတင်းရယူခွင့် မပေးခြင်းဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊အမရပူရနဲ့ စစ်ကိုင်းမြို့က ဗလီတွေပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးသူ ၆၀၀ခန့်အထိ ရှိလာတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောပါတယ်။