close
Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၂ဦးသေဆုံး

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ရှောင်ပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တကောင်းမြို့အဝင် မုတ်ဦးရှေ့မှာ တွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ - Screengrab

မတ်−၆၊၂၀၂၆၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ရှောင်ပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၅ရက် မနေ့က သပိတ်ကျင်းမြို့နယ်၊မင်းကုန်းရွာအနီးက ပြည်သူတွေ စစ်ဘေးရှောင်တဲ့နေရာကို ဒရုန်းနဲ့ စစ်တပ်ကဗုံးကြဲခဲ့တာလို့ သိရပါတယ်။

“ ရွာအပြင် လယ်တောတွေ၊တောတောင် တွေဘက်ကိုပြည်သူ တွေကရှောင် နေကြရတာ။စကစဘက်က ဒရုန်းအားအရမ်းကောင်းတယ်။ဆက်တိုက်ကြဲနေတာ” လို့ဒေသခံ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ‌တွေဟာ မင်းကုန်းရွာကပြည်သူတွေဖြစ်တယ်လို့သာ သိရပြီး အသေးစိတ်အချက်အလက်မသိရသေးပါဘူး။

စစ်တပ်က တကောင်းမြို့ကို ထိန်းချုပ်နိုင်ဖို့ လမ်းမကြီးအတိုင်းစစ်ကြောင်းထိုးနေပြီး လက်ပန်ကုန်းရွာမထိရောက်နေကာ တကောင်းလမ်းစုံနဲ့ (၉)မိုင်အကွာကို ရောက်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းကွပ်ကဲရေးက ကွပ်ကဲပြီး ခရိုင်တပ်ရင်းတွေနဲ့ တော်လှန်ရေးတပ်တွေဘက်ကလည်း မြို့ကိုကာကွယ်ထားပြီး နှစ်ဖက်အထိခိုက်အကျဆုံးလည်းများတယ်လို့ သိရပါတယ်။

တကောင်းမြို့ကို ၂၀၂၄ ဩဂုတ်က တော်လှန်ရေးတပ်ပေါင်းစုကသိမ်းယူနိုင်ခဲ့ပြီး ဖေ‌ဖော်ဝါရီ၁ရက်ကစတင်ကာ စစ်တပ်ရဲ့တပ်မ(၅၅)က ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်‌တွေမြို့အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်က ပေါက်တောမြို့ကို ဒီနေ့ည ၉နာရီခန့်ကစပြီး လေကြောင်းက‌နေ ဗုံး ၈လုံးကြဲချသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတဲ့ မတ္တရာမြို့နယ်မှာ ပြည်သူတွေ နေအိမ်တွေမှာပြန် နေဖို့စည်းရုံးပြီးတဲ့နောက် PDFနဲ့ နီးစပ်တယ်လို့သံသယရှိသူတွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်ကို စစ်တပ်က လေကြောင်းပါသုံးပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။