close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးလှုပ်ရှားမှုတွေဟာ လူထုဝန်ပိစေတာမျိုးမဖြစ်ဖို့ NUGယာယီသမ္မတ သတိပေး

တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ လူထုကိုဝန်ပိစေတဲ့ကိစ္စရပ်တွေ မဖြစ်ရေး အထူးသတိထားဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ရဲဘော်တွေနဲ့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ယာယီသမ္မတ

မတ်-၃၊၂၀၂၆။ ထားမြတ်/People’s Spring

တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ လူထုကိုဝန်ပိစေတဲ့ကိစ္စရပ်တွေ မဖြစ်ရေး အထူးသတိထားဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

မနေ့က မတ်လ ၂ရက်မှာပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ ယာယီသမ္မတက လူထုအကျိုးစီးပွားကို ဦးစားပေးဖို့ အခုလို အလေးထား ပြောကြားခဲ့တာပါ။

” လူထု အကျိုးစီးပွားနဲ့ တော်လှန်ရေးထိရောက်ဖို့ယှဉ်လာရင် လူထုရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့ လိုပါတယ်။ ကျနော်တို့အနေနဲ့ လူထု ယုံကြည်မှု ပြည်သူ့ယုံကြည်မှုဟာ တော်လှန်ရေးရဲ့ အသက် ဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်ဖို့ ပျက်ယွင်းသွားရင် တော်လှန်ရေး ဆက်လုပ်ဖို့ မလွယ်ကူဘူးဆိုတာ သတိချပ်စေချင်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအချိန်ကြာလေ လူထုနဲ့ တော်လှန်ရေးဘက်တော်သားတွေ အထွေထွေအကန့်အသတ်တွေ အကြပ်အတည်းတွေ တဖြည်းဖြည်းကြီးထွားလာတက်ကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။

ယာယီသမ္မတအနေနဲ့ အရင်ကလည်း တော်လှန်ရေးခေါင်းဆောင်တွေ လူထုနဲ့ တသားတည်းရပ်တည်ဖို့ မဟာမိတ် အချင်းချင်း စည်းလုံး ညီညွတ်ရေး အမြဲ ဝိရိယထုတ်ဖို့ မှာကြားခဲ့တာရှိပါတယ်။

” လူထုနဲ့ ကင်းကွာတဲ့ နိုင်ငံရေးခေါင်းဆောင်များအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်အားလုံးကို ကျနော့် အနေနဲ့ မမြင်ချင်ပါဘူး။” လို့ ယာယီသမ္မတကပြောကြားခဲ့ဖူးပါတယ်။

မနေ့က ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို NUG က သဝဏ်လွှာပေးပို့ခဲ့ရာ အစိုးရအနေနဲ့ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ အပြည့်အဝရှိပြီး ဘယ်လူမျိုး ဘယ်အဖွဲ့အစည်းကမျှ လွှမ်းမိုး ချုပ်ကိုင်ခြင်းမရှိတဲ့တရားမျှတသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အင်အားစုတွေနဲ့အတူ လက်တွဲချီတက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးဟာ ကာလကြာရှည်နေပြီး အဆုံးမသတ်နိုင်သေးတာဟာ စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေ မညီညွတ်အောင် ဖန်တီးနေတာကြောင့်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က ပြောကြားလိုက်ပြီး သမိုင်းသင်ခန်းစာ ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်း၀န် ဒေါ်ကြည်ကြာ တိုင်ကြားခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက အတိုင်းအတာ တရပ်အထိ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သလို ပိုမိုကောင်းမွန် ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ် အဖြစ် ဖော်ဆောင်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်မယ်လို့ ကတိပြုခဲ့တာကြောင့် တယ်လီကျန်းမာ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဖွဲ့အစည်းတစ်ရပ်အနေဖြင့်...

Facebook