close
Connect with us

Hi, what are you looking for?

သတင်း

KTLAဗိုလ်ကော်လားဖိုးအဖွဲ့ ခြုံခိုတိုက်ခိုက်လို့ KNLA ရဲဘော် ၅ဦး ဒဏ်ရာရ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂) ရဲဘော်တွေကို ‎ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ တပ်ရင်း(၁၂)က ရဲဘော် ၅ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂) ရဲဘော်တွေကို ‎ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်လို့ ဒဏ်ရာရရှိစဉ်။ ဓာတ်ပုံ - KNU-MTD

မတ်-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်ရင်း(၁၂) ရဲဘော်တွေကို ‎ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ တပ်ရင်း(၁၂)က ရဲဘော် ၅ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၄ရက် ညနေပိုင်းက KNU မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ် သမီးပေါ်သောကျေးရွာနဲ့ ကနဲဃော‌(ပျားသားချောင်း)ကျေးရွာကြားမှာ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

” တိုက်ခိုက်မှုသည် KNLA ကရင့်အမျိုးသားရလွတ်မြောက်ရေးတပ်မတော် တပ်သားများက အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် စစ်ရေးဖော်ဆောင်‌ နေချိန် စစ်ရေးအတွက်စစ်အင်အားဖြည့်ရန်သွားနေစဉ်လမ်း၌ ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော KTLA အဖွဲ များမှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ KNLA ပူးပေါင်းတပ်ဟာ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဖေဖော်ဝါရီ လကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဗိုလ်ကော်လားဖိုးရဲ့ KTLAတပ်ဟာ အရင်ကလည်း KNU မြိတ်ထားဝယ်ခရိုင်/KNLA တပ်မဟာ(၄) ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပြီး အရာရှိ အပါအဝင် KNU ရဲဘော်တွေ ကျဆုံးထိခိုက်တာတွေရှိခဲ့တယ်လို့ တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၅ ဩဂုတ်ကတည်း ကော်လားဖိုး ဦးဆောင် တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ KNLA ရဲဘော် ၄ဦး ဒဏ်ရာရခဲ့ပါတယ်။ ထားဝယ်မြို့နယ် မေတ္တာ-ထီးခီးလမ်းပိုင်း ဆင်ဖြူတိုင်ကျေးရွာအနီးတွင် KNLA တပ်သားများကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီတုန်းက KNLA တပ်သားတွေက မေတ္တာမြိုအနီးတစ်ဝိုက် လုံခြုံရေး ယူရန်သွားနေစဉ် ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော KTLAဘက်က ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်တယ်လို့ KNU ဘက်က အသိပေးထားပါတယ်။

ဗိုလ်ကော်လားဖိုးဟာ စစ်တပ်ထံ ၂ကြိမ် အလင်းဝင်ရောက်ခဲ့ဖူးသူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ပေါ်လာသူဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA တပ်မဟာ(၄)နဲ့ အကြိမ်ကြိမ် ပြဿနာဖြစ်ခဲ့ပြီး KTLA ကော်လားဖိုးအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် KNLA ဘက်က အရာရှိ အဆင့် ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒါ့အပြင် ဗိုလ်ကော်လားဖိုး အဖွဲ့က ၂၀၂၃နဲ့ ၂၀၂၄အတွင်း ရေဖြူမြို့နယ်နဲ့ ထားဝယ် အရှေ့တောဒေသက ပြည်သူ ၆ဦးထက်မနည်းကို သတ်ဖြတ်ခဲ့လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက ကန့်ကွက်ရှုတ်ချခဲ့ပါသေးတယ်။

KTLAဟာ KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ် အဖြစ်က ဖယ်ရှားခံရတဲ့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဦးဆောင်ပြီး ၂၀၂၂ ဇူလိုင်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် နယ်ဒါးမြသည်။၂၀၂၁ ခုနှစ် မေ ၃၁ ရက်တွင် မြဝတီမြို့နယ်၊ အူးဟူချောင်းတံတား တိုက်ပွဲ၌ ဗိုလ်မှူးချုပ် နယ်ဒါးမြ ၏ KNDO စစ်ကြောင်းမှာ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားများကိုဖမ်းဆီးပြီး ထိုအထဲမှ ၂၅ ဦးကို စစ်ကောင်စီ၏ ထောက်လှမ်းရေးများဟု စွပ်စွဲပြီး သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီဖြစ်စဥ်ကို KNU ကစုံစမ်းစစ်ဆေးရာ ဗိုလ်မှူးချုပ် နယ်ဒါးမြကလက်မခံလို့ KNDO စစ်ဦးစီးချုပ်အဖြစ်မှထုတ်ပယ်ခဲ့ပြီးနောက် ၎င်းက နောက်လိုက်အင်အားများနဲ့ KTLA အမည်ဖြင့်တပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

KTLAဟာ ၂၀၂၆ ဇန်နဝါရီ ၅ရက်မှာ ကော်သူးလေအစိုးရ(Government of Kawthoolei) ကို ဖွဲ့စည်းပြီး ကော်သူးလေထူထောင်ကြောင်းနဲ့ ကော်သူးလေလွတ်လပ်ရေးနေ့ကို ကြေညာခဲ့တာတွေ လုပ်ဆောင်ခဲ့ရာ KNU က ကြေညာချက် ထုတ်ပြန်ပြီး အဲဒီလို လုပ်ဆောင်မှုဟာ KNUနဲ့ လုံး၀ ပတ်သက်မှုမရှိကြောင်း ဇန်နဝါရီ ၈ ရက်မှာ အသိပေးပါတယ်။

စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့အပြင် KNU ရဲ့စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့သူဖြစ်တယ်လို့လည်း အသိပေးခဲ့ပြီး KTLA ရဲ့ ထုတ်ပြန်ကြေညာမှုဟာ ကရင်အမျိုးသား တော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ထင်ဟပ်မှု မရှိသလို ပကတိအရှိတရားတွေနဲ့ လျှော်ညီမှု မရှိကြောင်း KNUက အသိပေးပါတယ်။KNU အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေရေး တက်ကြွစွာတိုက်ပွဲဝင်သွားမယ်လို့ထပ်လောင်း အသိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်က အရပ်သားပြည်သူနေထိုင်ရာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေလို့ ပြည်သူလူထု ထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

သတင်း

KNU ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ ပိုင်ကျုံဒေသအတွင်း ဖေဖော် ဝါရီ ၂၃ ရက်က စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးတယ််လို့ KNU ဗဟိုက မနေ့( ဖေဖော်ဝါရီ ၂၄ရက်) ညပိုင်းမှာထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်ထဲကနေရာအချို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်အရပ်သားတွေထိခိုက်ပြီး နေအိမ်အဆောက်အဦးတွေပျက်စီးမှုရှိတယ်လို့ကရင်သတင်းရင်းမြစ် က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာသေဆုံးမှု ရှိခဲ့ပြီး လက်နက်တွေရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။