close
Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမှာ စစ်တပ်တိုက်ခိုက်ခံရပြီး ၉ဦးသေ၊ လက်နက် ၇လက် KNLA ပူးပေါင်းတပ် သိမ်းရ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာသေဆုံးမှု ရှိခဲ့ပြီး လက်နက်တွေရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ သေဆုံး ရုပ်အလောင်းတွေ။ ဓာတ်ပုံ - KNU-MTD

ဖေဖော်ဝါရီ-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာသေဆုံးမှု ရှိခဲ့ပြီး လက်နက်တွေရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ သေဆုံး ရုပ်အလောင်းတွေ။ ဓာတ်ပုံ – KNU-MTD

ဖေဖော်ဝါရီ ၁၀ရက်မှာ သရက်ချောင်းမြို့က တဆင့်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄) တပ်ရင်း(၁၂)၊တပ်မဟာ(၆) တပ်ရင်း(၂၇) တော်လှန်ရေးပူး‌ပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ် ၉ဦးသေဆုံးပြီး MA1(၂)လက်၊ MA3(၅)လက်နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

” စစ်ကြောင်းက သရက်ချောင်းကနေ သူတို့ ဝင်း၀ တပ်စခန်းကို အင်အားပြန်ဖြည့်ဖို့ စစ်ကြောင်းထိုးတာ။ ဒီဘက်က ကြားဖြတ်တိုက်ခိုက်တာ။ ဟိုဘက်က အထိနာတာတော့ များတာပေါ့။ လောလောဆယ် အလောင်းတော့ ၉လောင်းရထားတယ်။ လက်နက်တချို့လည်း ရရှိတယ်ပေါ့။ ဒါကတော့ ကျနော်တို့ ထုတ်ပြန်ချက်မှာလည်း ပါပြီးသားဖြစ်တယ်” လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဝင်း၀တပ်စခန်းဟာ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းဖြစ်ပြီး အင်အား ၁၀၀ ခန့်ရှိတဲ့ အခြေအနေမှာ စစ်ကောင်စီက အင်အားထပ်ဖြည့်ဖို့ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

လက်ရှိမှာ အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဆက်တိုးလို့မရလို့ နောက်ပြန်ဆုတ်သွားတယ်လို့လည်း KNLA သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်ထဲကနေရာအချို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်အရပ်သားတွေထိခိုက်ပြီး နေအိမ်အဆောက်အဦးတွေပျက်စီးမှုရှိတယ်လို့ကရင်သတင်းရင်းမြစ် က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားခေါင်း ဆောင်တွေနဲ့ ရဲဘော် တွေရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုတွေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင် တိုက်ပွဲ ဝင်နေမှုတို့ဟာ နွေဦးတော်လှန်ရေး အောင်မြင်မှုအတွက် အဓိကကျတဲ့ မဏ္ဍိုင်ကြီးတစ်ခု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်ပါတယ်။

သတင်း

စစ်အုပ်စုဟာနိုင်ငံကို လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ ရာသက်ပန်အုပ် ချုပ်နိုင်ဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို မသမာတဲ့နည်းလမ်းနဲ့ လုပ်ဆောင်အနိုင်ယူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပြီး အဲဒီစစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေကို ဖြိုချဖျက်ဆီးကြရမှာ ဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)၊ ဆောထိ (ရွှေကျင်)နဲ့ ကျောက်ကြီး(လယ်ဒို)မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ဖေဖော်ဝါရီ ၁၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။