close
Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်း လွိုင်ကော်မြို့အတွင်း တိုက်ပွဲဝင်နေတဲ့ ကရင်နီတပ်ပေါင်းစုမှ တပ်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ- SIEGFRIED MODOLA/ The Globe and Mail)

မတ် -၅၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။

အခု မတ်လ၂ရက်က လွိုင်ကော်မြို့အရှေ့ခြမ်းက လင်းဖုံကြီးကျေးရွာဘက်ကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

“ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။လက်နက်ခဲယမ်း ရတာတွေရှိတယ်” လို့ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှာရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်းကို စစ်တပ်က နယ်မြေစိုးမိုးချင်တာလို့ ဆိုပါတယ်။

” အခု တိုက်ပွဲဖြစ်နေတဲ့‌ နေရာအကုန်လုံး စခတွေ နဲ့PNO ပူးပေါင်းစစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတာတွေကြီးပဲ” လို့ ကရင်နီနဲ့ ရှမ်းပြည်တောင်ပိုင်း မှာစစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့မှာလည်း တိုက်ပွဲနေ့စဥ်နီးပါး ပြန်ဖြစ်နေပြီး စစ်တပ်နဲ့ PNOက စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က မော်ချီး ဒေသကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

လတ်တလော ကရင်နီပြည်နယ်အတွင်း စစ်ရေး၊တိုက်ပွဲတွေနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကို လူထုနွေဦးက ဆက်သွယ်ထားဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။

လက်ရှိအခြေအနေအရ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA)ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်းမှုတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

သတင်း

(၇၃)နှစ်မြောက်ကယားပြည်နယ်နေ့တက်ရောက်ရန် လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကယားပြည်နယ်ခန်းမအတွင်း ပြုလုပ်သော ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အား ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

လွိုင်ကော်မြို့သို့ရောက်ရှိနေသော စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လုံခြုံရေးအတွက် မြို့အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ စစ်ရှောင် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရကြောင်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

သတင်း

'၁၁.၁၁ စစ်ဆင်ရေး'အမည်ဖြင့် ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် ကရင်နီတပ်ပေါင်းစုများစုဖွဲ့ပြီး ဒေသတွင်းရှိ စစ်ကောင်စီစခန်းများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။