close
Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီ လုံလောက်ကြောင်း စစ်ကောင်စီပြောပြီးနောက် မန္တလေးမှာ ဆီတန်းစီသူတွေ ပိုများလာ

ထုတ်ပြောပြီးနောက် မန္တလေးမြို့မှာ ဆီတန်းစီသူတွေ ပိုမိုများပြားလာကြောင်း မြို့ခံတွေက ပြောပါတယ်။

မတ်လ ၄ရက်နံနက်က မန္တလေးမြို့ ဆီဆိုင် တစ်ဆိုင်မှာ တန်းစီစောင့်ဆိုင်းနေသော ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မတ်-၅၊ ၂၀၂၆။မေရီ/People’s Spring

စစ်ကောင်စီက စက်သုံးဆီလုံလောက်ကြောင်း

ထုတ်ပြောပြီးနောက် မန္တလေးမြို့မှာ ဆီတန်းစီသူတွေ ပိုမိုများပြားလာကြောင်း မြို့ခံတွေက ပြောပါတယ်။

မတ်လ ၄ ရက်မှာ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက စက်သုံးဆီရက် ၄၀ စာလုံလောက်ပြီး ဆီတင်သင်္ဘော​တွေလည်းလာ​နေတယ်လို့ ပြောဆိုပြီးနောက် မန္တလေးမြို့မှာ ဆီတန်းစီတဲ့ယာဥ်တွေ ပိုမိုများပြားလာကြောင်း မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” မနေ့ကထက်ကို ပိုများလာတယ်။ ချောင်တဲ့တိုင်(ဆီဆိုင်)တစ်တိုင်မှ မရှိဘူး။ တချို့က ညအိပ်စောင့်တန်းကြတယ်။” လို့ ပုသိမ်ကြီးမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရောင်းချပေးရာမှာလည်း ဆိုင်ကယ်တစ်စီး ငါးထောင်၊ သုံးဘီးယာဥ် ခုနှစ်ထောင်နဲ့ ကားတစ်စီး သုံးသောင်းဖိုးသာ ရောင်းချပေးတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ စက်သုံးဆီနဲ့ပတ်သက်ပြီး ကြေညာချက်တွေတစ်စောင်ပြီးတစ်စောင် ထုတ်ပြန်နေပါတယ်။ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြဖို့နဲ့ သက်ဆိုင်ရာဌာနက တရားဝင်ထုတ်ပြန်ပေးလျက်ရှိတဲ့ သတင်းများကိုသာ ယုံကြည်ကြဖို့ လိုကြောင်း၊ တရားမဝင် ကောလာဟလသတင်းတွေကို မယုံကြည်ဖို့နဲ့ စိုးရိမ်စိတ်လွန်ကဲပြီး စက်သုံးဆီကို မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ခြင်းကို လုံးဝ မပြုလုပ်ကြဖို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ အမျိုးသား တစ်ဦးကို လွှတ်တော်ထဲကနေ ဆွဲထုတ်ခဲ့ရကြောင်း အမေရိကန် လွှတ်တော် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ ပစ်ခတ် နှစ်မြှုပ်မှုကို ခံခဲ့ရတဲ့ အီရန် စစ်သင်္ဘောပေါ်က ရုပ်အလောင်း ၉၀ နီးပါးထိ သီရိလင်္ကာ ရေတပ်က ဆယ်ယူ ရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။

သတင်း

စက်သုံးဆီအရေး အခက်ကြုံနေရချိန် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ကနေ မြ၀တီမြို့ဆီ မှောင်ခိုလမ်းကြောင်းတွေက ဝင်ရောက်လာမယ့် စက်သုံးဆီကားတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်နဲ့ စဥ့်ကူးမြို့နယ်တွေမှာ ဓာတ်ဆီတစ်လီတာ ကျပ်နှစ်သောင်းအထိ စျေးမြင့်တက်နေပြီး ဝယ်ယူလို့မရအောင် ပြတ်လပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။