မတ် – ၅ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
စက်သုံးဆီအရေး အခက်ကြုံနေရချိန် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ကနေ မြ၀တီမြို့ဆီ မှောင်ခိုလမ်းကြောင်းတွေက ဝင်ရောက်လာမယ့် စက်သုံးဆီကားတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပုံမှန်အားဖြင့် မြဝတီမြို့မှာ စက်သုံးဆီကို ထိုင်းနိုင်ငံကတဆင့် ဝယ်ယူပြီး စက်သုံးဆီဆိုင်တွေမှာရောင်းချပေမယ့်ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လကစပြီး မြန်မာဘက်ခြမ်း ကကျားဖြန့် လုပ်ငန်းတွေ လည်ပတ်မှုကို ထိန်းချုပ်ဖို့အတွက် ထိုင်းက စက်သုံးဆီ စီးဆင်း မှုကို တားမြစ်ထားတာပါ။
အဲဒီနောက်ပိုင်းမှာတော့ မြဝတီ ဆီ ထိုင်းကနေ မှောင်ခိုလမ်းနဲ့ စက်သုံးဆီ တင်သွင်းတာရှိသလို ပြည်တွင်းကနေလည်း စက်သုံးဆီကားတွေနဲ့ တင်ပို့တာတွေလုပ်ဆောင်ခဲ့တာလို့ ကရင်သတင်းရင်းမြစ်ပြောပါတယ်။

Public Service Announcement
ဒါပေမယ့် အခုလအစောပိုင်း မှာတော့ ဘားအံ – မြဝတီလမ်းကြောင်းမှာ မြဝတီဘက်ဆီ စက်သုံးဆီကားတွေကို ဖြတ်သန်းခွင့် မပေးတော့ဘဲ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးသိမ်းဆည်းတာတွေလုပ်လာတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။
“ (စက်သုံးဆီ)စစ်တပ်ကဖမ်းတယ် (လှိုင်းဘွဲ)ထီလုံဂိတ်မှာဖမ်းတယ်” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
မြ၀တီ-ဘားအံနယ်စပ်လမ်းကြောင်းပေါ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံဒေသမှာရှိတဲ့ အမှတ် ( ၂၀၃ ) ခြေမြန်တပ်ရင်း စစ်ဆေးရေးဂိတ်မှာ စက်သုံးဆီနဲ့ ထိုင်းကုန်ပစ္စည်းတွေ သယ်ဆောင်လာတာတွေ့ရင် ဖမ်းဆီးသိမ်းဆည်းနေပါတယ်။
ဒါပေမယ့် စစ်တပ်နဲ့ နားလည်မှုယူထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ အခြားအပစ်ရပ်ကရင်အဖွဲ့အစည်းတွေက စက်သုံးဆီတွေ၊ ထိုင်းကုန်စည်ပစ္စည်းတွေ သယ်ယူလာပါက ဖမ်းဆီးတာတွေ မပြုဘဲ ငွေကြေးတောင်းခံပြီး သွားလာခွင့်ပြုပေးထားတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အထူးသဖြင့် မြ၀တီမြို့နဲ့ ရွှေကုက္ကိုမြို့သစ်ကို သယ်ယူလာတဲ့ စက်သုံးဆီတွေကို စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ BGF/KNA ခေါင်းဆောင် စောချစ်သူသား စောချစ်ချစ်ပိုင်ဆိုင်တဲ့ စက်သုံးဆီကားတွေက သယ်ယူခွင့်ရှိနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အီရန်စစ်ပွဲကြောင့် လောင်စာဆီ စျေးကြီးမြင့်တာနဲ့ လောင်စာဆီစီးဆင်းမှု လျော့ကျလာပြီးနောက် ပြည်တွင်းမှာ စစ်ကောင်စီ က စက်သုံးဆီချွေတာရေးဆိုပြီး လောင်စာဆီသုံး ကိုယ်ပိုင် ယာဉ်တွေ နေ့စဉ်သုံးစွဲမှု ကန့်သတ်ထားပါတယ်။

















































