close
Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့အခြေစိုက်ခြေလျင်တပ်ရင်းမှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူတစ်ဦး KNDF ထံ အလင်းဝင်လာ

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ ရက်က အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် ၎င်းယူဆောင်လာသည့် လက်နက်ခဲယမ်းများကိုတွေ့ရစဥ်(ဓာတ်ပုံ − KNDF)

ရဲခေါင်/People’s Spring

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

အဆိုပါတပ်သားသည် စစ်ဆင်ရေးအတွင်းမှ ထွက်ပြေးရောက်ရှိလာကာ ၎င်းနှင့်အတူ MA-11 သေနတ် တစ်လက် ၊ ခဲယမ်းမီးကျောက် အချို့ ယူဆောင်ပြီး KNDF တပ်ရင်းအမှတ် (၃၄)ထံ ဇန်နဝါရီ ၂၀ရက်တွင် လာရောက်ပူးပေါင်းခြင်းဟု ဆိုသည်။

ဇန်နဝါရီ ၂၀ ရက်က အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် ၎င်းယူဆောင်လာသည့် လက်နက်ခဲယမ်းများကိုတွေ့ရစဥ်(ဓာတ်ပုံ − KNDF)

ဇန်နဝါရီ ၈ ရက်ကလည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်တွင်းရောက်လာသူတစ်ဦးသည် လက်နက်ခံယမ်းများယူဆောင်ပြီး KNDF တပ်ရင်း(၃၄)ထံ အလင်းဝင်ခဲ့သည်။

Public Service Announcement

Public Service Announcement

၂၀၂၄ ဒီဇင်ဘာတစ်လတည်းပင် ရှမ်းတောင်နှင့် ထိစပ်နေသော ကရင်နီပြည်နယ်တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂၀ကျော်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ CDM ဌာနမှူး မင်းသားက ပြောထားသည်။

ယမန်နှစ် နှောင်းပိုင်းကာလများနှင့် ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်သားများ အလင်းဝင်လာမှု မြင့်တက်နေပြီး အများစုမှာ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသူများဖြစ်ကာ ထပ်မံဝင်ရောက်ရန် ဆက်သွယ်လာသူများရှိနေကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် စစ်ခေါင်းဆောင်များ၏လူတစ်စုအကျိုးအတွက် အကြမ်းဖက်ဖိနှိပ်သည့်လုပ်ရပ်များတွင် ထောက်တိုင်များအဖြစ်ရပ်တည်၍ ချေမှုန်းခံမည့်အစား အချိန်မီလက်နက်အပ်၍ ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ဘဝသစ်တွင်ရှင်သန်ရန်လည်း KNDF က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမတွင် တာဝန်ချထားခံရသည့် စစ်ကောင်စီ​၏ စစ်မှုထမ်းအပတ်စဥ်(၅) သင်တန်းဆင်း တပ်သားသစ်တစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်း(မုံရွာနတ်ဆိုး)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်မှုထမ်းအပတ်စဥ်(၅)မှ စစ်ကောင်စီတပ်သား လေးဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်မြို့နယ်အခြေ စိုက် Union Liberation Front(ULF စစ်ကြောင်း)က ဇန်နဝါရီ ၁၉ရက်တွင် ထုတ်ပြန်သည်။

သတင်း

မကွေးအ​ရှေ့တွင် စစ်ရေးလှုပ်ရှားမှုလုပ် ဆောင်နေသည့် ဗိဿနိုး PDF လက်အောက်ခံ ကြိုးကြာနီတပ်ရင်းထံ စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်များမှ တပ်သားသစ်နှစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ရဲဘော်ပလာတာက လူထုနွေဦးသို့ ပြောသည်။

သတင်း

(၇၃)နှစ်မြောက်ကယားပြည်နယ်နေ့တက်ရောက်ရန် လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကယားပြည်နယ်ခန်းမအတွင်း ပြုလုပ်သော ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အား ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။