close
Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်နဲ့ စဥ့်ကူးမှာ ဓာတ်ဆီစျေးတွေမြင့်ပြီးဝယ်လို့မရ

မန္တလေးတိုင်း၊ မိုးကုတ်နဲ့ စဥ့်ကူးမြို့နယ်တွေမှာ ဓာတ်ဆီတစ်လီတာ ကျပ်နှစ်သောင်းအထိ စျေးမြင့်တက်နေပြီး ဝယ်ယူလို့မရအောင် ပြတ်လပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စက်သုံးဆီရဖို့ တန်းစီနေကြစဉ်။ ဓာတ်ပုံ - CJ

မတ်-၅၊ ၂၀၂၆ မေရီ/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်နဲ့ စဥ့်ကူးမြို့နယ်တွေမှာ ဓာတ်ဆီတစ်လီတာ ကျပ်နှစ်သောင်းအထိ စျေးမြင့်တက်နေပြီး ဝယ်ယူလို့မရအောင် ပြတ်လပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ် ပြန်လည်ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်မှာ 92 ဓာတ်ဆီတစ်လီတာဟာ ယခင်က ကျပ် သုံးထောင့်ငါးရာ ဝန်းကျင်ကနေ

ယခုအခါ ကျပ်နှစ်သောင်းအထိ ​မြင့်တက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ စျေးတက်သွားတာကို ဝယ်မရဘူး။ ဆီတွေပြတ်နေတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အလားတူ စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာလည်း ဓါတ်ဆီစျေး အဆမတန်မြင့်တက်နေပြီး တစ်လီတာကို တစ်သောင်းခုနှစ်ထောင်​ကျပ်ကနေ နှစ်သောင်းကျော်အထိ ပေးကာဝယ်ယူနေရကာ အလွယ်တကူဝယ်မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ဆီပြတ်လပ်မှုနဲ့အတူ အခြေခံစားကုန်တွေအပါအဝင် ကုန်ပစ္စည်းစျေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါမြို့နယ်တွေဟာ ယခင်ကတည်းက အာဏာသိမ်းစစ်တပ်ရဲ့လမ်းပိုင်းပိတ်ဆို့မှုတွေနဲ့ တိုက်ပွဲတွေကြောင့် ဆီစျေးအပါအဝင် ကုန်စျေးနှုန်းတွေဟာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေထက် ပိုမိုကြီးမြင့်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီအရေး အခက်ကြုံနေရချိန် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ကနေ မြ၀တီမြို့ဆီ မှောင်ခိုလမ်းကြောင်းတွေက ဝင်ရောက်လာမယ့် စက်သုံးဆီကားတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စက်သုံးဆီရက် ၄၀ စာလုံလောက်ပြီး ဆီတင်သင်္ဘော​တွေလည်းလာ​နေတယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်​ဇော်မင်းထွန်းကပြောပေမယ့် မြေပြင်မှာ စက်သုံးဆီအရောင်းဆိုင်အချို့ ဆီစပြတ်နေသလို ဆီဝယ်ဖို့တန်းစီတဲ့ယာဥ်တန်း​တွေလည်းရှည်လာပြီဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စက်သုံးဆီကို ပြန်လည်တန်းစီဝယ်ယူနေရပြီး နာရီပိုင်းကြာအထိ စောင့်ဆိုင်းနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

ဒီနေ့ စက်သုံးဆီဆိုင်တွေမှာ ယာဥ်တွေ အရင်ကလို ယာဥ်တန်းအရှည်ကြီးနဲ့ ပြန်တန်းစီနေရတာတွေ့တော့ ရင်မောသွားမိတဲ့ကျွန်တော်ဟာအာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တစ်ခုခုကို (အမှတ်မရှိစွာဘဲ)မျှော်နေမိပါတယ်။(ဖြီးချင်ဖြီး) နည်းနည်းလေးလောက်တော့ စိတ်သက်သာရာရစေမယ့် စာလေးတစ်ကြောင်းလောက်များ ပါလိုပါငြား မျှော်မိတာပါ။