close
Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်က ဆုတ်ခွာသွားတဲ့ စစ်တပ် အောင်လံကို စစ်ကြောင်းထိုးဖို့ပြင်နေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ဆုတ်ခွာသွားတဲ့ စစ်တပ် စစ်ကြောင်းဟာ အောင်လံမြို့နယ်ကို စစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ စစ်ရေးတာဝန်ရှိသူအချို့က လူထုနွေဦးကို ပြောပါတယ်။

(သရက်ခရိုင်အတွင်း စစ်ကြောင်းထိုးနေတဲ့ လပခ လက်အောက်ခံတပ်ကို တိုက်ခိုက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ သရက်ခရိုင်အမှတ်-၄ တပ်ရင်း)

ဖေဖော်ဝါရီ-၄၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ဆုတ်ခွာသွားတဲ့ စစ်တပ် စစ်ကြောင်းဟာ အောင်လံမြို့နယ်ကို စစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ စစ်ရေးတာဝန်ရှိသူအချို့က လူထုနွေဦးကို ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တပ်တွေဟာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို ဇန်နဝါရီတတိယပတ်ကစ စစ်ကြောင်းထိုးခဲ့ပြီး အခု ဖေဖော်ဝါရီ ၂ ရက်က ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

“ ၁ ရက်နဲ့ ၂ ရက်နေ့လောက်က အောင်လံဘက်ကို ကူးသွားတယ်။အင်အား ၂၀၀ဝန်းကျင် လောက် ပေါ့။ကူးပြီးသူတို့ အောင်လံ ခမရ(ခြေမြန်တပ်ရင်း) ၇၁ မှာ ရှိမယ်။အောင်လံဘက်တွေကို စစ်ကြောင်းထိုးဖို့ လုပ်နေတယ်” လို့ သရက်ခရိုင်စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လပခ လက်အောက်ခံတပ်တွေဟာ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာနဲ့ နေအိမ်တွေက ပစ္စည်းတွေယူဆောင်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

မင်းတုန်းမြို့နယ်ထဲမှာ လပခ တပ်တွေကို ခုခံတိုက်ခိုက်ခဲ့မှုတွေကြောင့် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် ထိခိုက်သေဆုံးခဲ့တယ်လို့ သရက် ခရိုင်အမှတ် – ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

“ ကပစ စက်ရုံတွေ ရှိတာရော သရက်ခရိုင်ထဲ စကစ တပ်တွေ၊ စခန်းတွေခဏခဏ တိုက်ခံနေရတော့ ခရိုင်ထဲက မြို့တွေကို ဆက်တိုက် စစ်ကြောင်းထိုး နေတာ။ဒါပေမယ့် အခုစစ်ကြောင်းက နယ်မြေခံတပ်တွေ မသုံးဘဲ လပခ တပ်တွေသုံး တာ တွေ့ရတယ်။ဒါက ဖျက်ဆီးရှင်းလင်းရေးကို အရင်ကထက်ပိုလုပ်ဖို့ ဖြစ်နိုင်တယ်” လို့ မကွေးတိုင်းစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သရက်ခရိုင်အတွင်းက သရက်၊မင်းတုန်း၊ဆင်ပေါင်ဝဲ၊အောင်လံ၊ကံမနဲ့ အထက်မင်းလှ မြို့နယ်တွေမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ခုနစ်ခုအထိရှိပါတယ်။

ဒါကြောင့် စစ်ရေးအချက်အလက် မှတ်တမ်းတင်စောင့်ကြည့်သူတွေက သရက်ခရိုင်ဟာ စစ်တပ်ရဲ့ နှလုံးသားနဲ့ စစ်ဗျူဟာအရ စစ်ရဲ့အသက်အိမ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေက သရက်၊မင်းတုန်း၊ကံမနဲ့ ဆင်ပေါင်ဝဲ မြို့နယ်တွေက စစ်တပ်စစ်ကြောင်းတွေ ၊စခန်းနဲ့ကာကင်းတွေကို တော်လှန်ရေးတပ် တွေတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းနိုင်ခဲ့တာ ရှိပါတယ်။

ဆက်စပ်သတင်းများ