close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်တပ်က ပြည်သူတွေရဲ့ ဆန်အိတ် ၄၀၀ကျော်နဲ့ ပဲအိတ်တွေ လုယူသွား

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံပြည်သူတွေရဲ့ ဆန်အိတ်ပေါင်း ၄၀၀ ကျော်နဲ့ ပဲအိတ်တွေ လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့သော တောင်သူများ၏သီးနှံများအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်

ဖေဖော်ဝါရီ-၂၊ ၂၀၂၆။ဇေအောင်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံပြည်သူတွေရဲ့ ဆန်အိတ်ပေါင်း ၄၀၀ ကျော်နဲ့ ပဲအိတ်တွေ လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းက အိုရင်းကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ မနေ့က ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ အိုရင်းရွာဘုန်းကြီးကျောင်းသိမ်းထားတဲ့ ဒေသခံပြည်သူတွေရဲ့ ဆန်အိတ်ပေါင်း ၄၀၀ ကျော်နဲ့ ပဲအိတ်တွေ သိမ်းယူသွားတာ​ဖြစ်ကြောင်း အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်က ပြောပါတယ်။

“ နွားလှည်းနှစ်စီး၊လိုက်ထရပ်တစ်စီး၊ထော်လာဂျီသုံးစီးနဲ့ အိုရင်းကျေးရွာ ဘုန်းကြီးကျောင်းထဲကနေ ဆန်အိတ်တွေနဲ့ ပဲအိတ်တွေကို တွင်းမပျူစောထီးရွာထဲ သယ်သွားတာ” လို့ အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆန်အိတ်တွေဟာ အိုရင်းရွာ ဘုန်းကြီး​ကျောင်းကို ရေလာကြီးကျေးရွာ ဇီးခွဲစက်ကနေ လာရောက်သိမ်းထားတဲ့ ဆန်အိတ် ၁၀ဝ ကျော်၊ ထန်းတပင်ကျေးရွာက စျေးသည်တစ်ဦး လာရောက်သိမ်းဆည်းထားတဲ့ ဆန်အိတ် ၂ဝဝ ကျော်နဲ့ ပြည်သူတွေ သိမ်းဆည်းထားတဲ့ ဆန်အိတ်တွေအပါအဝင် ဆန်အိတ် စုစုပေါင်း ၄၀၀ ကျော်နဲ့ ပဲအိတ်တွေ သိမ်းဆည်းခံလိုက်ရတာဖြစ်ကြောင်း အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်က ပြောပါတယ်။

အဲဒီ စစ်ကြောင်းဟာ အိုရင်းကျေးရွာကို ဇန်နဝါရီ ၃၁ ရက်က မနက်ပိုင်းမှာ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရောက်တဲ့နေ့ကပဲ ကျေးရွာက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဇန်နဝါရီ နောက်ဆုံးပတ်ကတည်းက မြိုင်မြို့နယ် တောင်ပိုင်းရှိကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးနေခဲ့ပြီး မနေ့က တွင်းမပျူစောထီးရွာအတွင်း ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပြည်သူတွေရဲ့သီးနှံတွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် လှောင်မထားဖို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတိပေးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊တောင်တွင်းကြီးမြို့နယ်မှာ အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၁၈)က ဗိုလ်ကြီးနဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ ကားကို ကြားဖြတ်တိိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အနောက်ပိုင်းမှာ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီရဲ့ မုန်တောင်ရဲစခန်းကို ၁၅ မိနစ်ကြာ တိုက်ခိုက်ပြီး သိမ်းနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ဒီကနေ့(ဇန်နဝါရီ ၃၀ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်ပြည်သူတွေရဲ့တဲတွေ၊ ရဲဘော်တွေရဲ့ ကျောက်တိုင်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာထွေးက ပြောပါတယ်။