close
Connect with us

Hi, what are you looking for?

သတင်း

တိုကျိုနဲ့ အိုကီနာဝါမြို့မှာ ဂျပန်ရောက်မြန်မာတွေ စစ်အာဏာသိမ်း (၅)နှစ်ပြည့် ဆန္ဒပြ

ဂျပန်နိုင်ငံ၊ တိုကျိုနဲ့ အိုကီနာဝါမြို့မှာ ဂျပန်ရောက် မြန်မာတွေက စစ်တပ်အာဏာသိမ်းမှု (၅)နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၊၂၀၂၆။ သုည/People’s Spring

ဂျပန်နိုင်ငံ၊ တိုကျိုနဲ့ အိုကီနာဝါမြို့မှာ ဂျပန်ရောက် မြန်မာတွေက စစ်တပ်အာဏာသိမ်းမှု (၅)နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

“ ကမ္ဘာကြီးကို ကျွန်မ ရှင်းရှင်းလင်းလင်း ပြောလိုတာ တစ်ခုရှိပါတယ်။ မြန်မာ့အရေးကို ‘ပြည်တွင်းပဋိပက္ခ’ လို့ ခေါင်းစဉ်တပ်နေကြတာဟာ အမှားကြီးတခုပါ။ ဒါဟာ နှစ်ဖက်အုပ်စုကြားက ရန်ပွဲမဟုတ်ဘဲ တမျိုးသားလုံးက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တော်လှန်နေတဲ့ ‘နွေဦးတော်လှန်ရေး’ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ မြန်မာပြည်အတွင်းမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံဘူးဆိုတဲ့ ဆန္ဒသဘောထားကို တညီတညွတ်တည်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။​ ရေဘဝဲအဖွဲ့သားတွေဟာ ဘယ်လိုဖိအားတွေပဲ ရှိရှိ၊ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်း လွှင့်ထူရင်း အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အိုကီနာဝါမြေကနေ ကမ္ဘာကြီးကို ကတိသစ္စာပြုအပ်ပါတယ်” လို့ အဲဒီဆန္ဒပြရာမှာ ဦးဆောင်တဲ့ ရေဘဝဲအဖွဲ့ဝင်က ဆိုပါတယ်။

တိုကျိုမြို့မှာလည်း ဂျပန်ရောက်မြန်မာတွေက စစ်တပ်အာဏာသိမ်းယူခဲ့တာ (၅)နှစ်ပြည့်အဖြစ် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်ရောက်​မြန်မာတွေက Tokyo၊ Kobe၊ Osaka၊ Nagoya၊ Nagano၊ Okinawa၊ Hokkaido၊ Fukuoka၊ Hiroshima စတဲ့မြို့ (၉) မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

တိုကျိုမြို့က Gotanda Minami ပန်းခြံမှာ လူစုကာ စစ်ကောင်စီသံရုံးအနီးတဝိုက်ကို လှည့်လည်ချီတက်ကာ ကြွေးကြော်သံတွေနဲ့ ကြွေးကြော်ခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီမြန်မာသံရုံးရှေ့မှာလည်း ​” ဖမ်းဆီးထားသောခေါင်းဆောင်များ (ချက်ချင်းလွှတ်)2” ၊ ” ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ၊ ” စစ်အာဏာရှင်စနစ် (ကျရှုံးပါစေ)2” စသဖြင့် ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

တိုကျိုမြိုအနီးတဝိုက် Kanagawa၊ Saitama၊ Chiba စတဲ့ ခရိုင်တွေက မြန်မာတွေလည်း လာရောက်ပူးပေါင်းခဲ့ကြပြီး ပြည်တွင်းမှပြည်သူများကိုယ်စား အသံကျယ်ကျယ်လောင်လောင်နဲ့ ” နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ရမည်” ကို သစ္စာပြုခဲ့ကြပါတယ်။

ဓာတ်ပုံ – ပေးပို့

ဆက်စပ်သတင်းများ