ဇန်နဝါရီ ၄၊ ၂၀၂၆။ သုည/People’s Spring
စစ်တိုင်းတိုင်း၊ယင်းမာပင်နယ်အတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းတွေ လွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက် ဒီကနေ့ (ဇန်နဝါရီ ၄) မှာဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ” သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်” စာသားတွေနဲ့စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ပြည်သူတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ် ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် ၊ကျေးရွာတစ်ရွာမှာလည်းအောင်လံလွှင်မည်ရွှေရေကြည် ညနေဆည်းဆာသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက ရာသီခွင်အလုပ်မအားတဲ့ကြားမှ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” ၊
“ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” စာသားတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျဆုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB




















































