close
Connect with us

Hi, what are you looking for?

သတင်း

မဘိမ်းမြို့ကတည်းခိုခန်းကို စစ်ကောင်စီ ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်လွတ်လပ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်​တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့က တည်းခိုခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ တည်းခိုသူတချို့ထိခိုက်သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ-၄၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်လွတ်လပ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်​တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့က တည်းခိုခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ တည်းခိုသူတချို့ထိခိုက်သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၄ ရက်မနက်အ​စော၁နာရီထိုးကာနီးမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့​ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။

၎င်းက “ စန်းစံပယ်တည်းခိုခန်းကို ကြဲတာ။တည်းခိုနေသူတချို့သေတယ်။ ဘယ်နှစ်ယောက်လည်း မသိဘူး” လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မဘိမ်းမြို့ဟာကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၂၀၂၄ နှစ်ဆန်းပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထဲက မိုးမိတ်၊ စစ်ကိုင်းတိုင်း ကသာမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကသာနဲ့ မဘိမ်းမြို့ကြားမှာ ငါးအိုးရွာတည်ရှိပြီးစစ်တပ်ရဲ့ အမှတ်(၁၂၁)​ခြေလျင်တပ်ရင်း(ခလရ)တပ်စွဲထားပါတယ်။မဘိမ်းမြို့ကို KIA၊PDFနဲ့ ABSDF နဲ့ ပူးပေါင်းတပ်တွေက၂၀၂၄ဇန်နဝါရီလကသိမ်းယူခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာကသာမြို့သိမ်းတိုက်ပွဲကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်နေစဉ်ခလရ(‌၁၂၁) ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။ ဒါအပြင် မဘိမ်းမြို့ထဲကိုပါ လေကြောင်းကနေဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ဟာ မိုးကုတ်၊ ကွတ်ခိုင်၊ သပိတ်ကျင်း၊ဖားကန့်မြို့နယ်တွေမှာလည်း အရပ်သားပြည်သူတွေ ရှိနေတဲ့ တည်းခိုခန်းနဲ့ဟိုတယ်တွေကိုပစ်မှတ်ထားပြီး ဗုံးကြဲခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လ ၃၀ရက် နံနက်က ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲလို့အရပ်သား (၇) ဦးသေဆုံးပြီး တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် (၁၃) ဦးဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီလုပ်ရပ်က အပစ်ရပ်သဘောတူညီချက်ကိုပြင်းထန်စွာချိုးဖောက်လိုက်တာဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်နိုင်ခြေကို အရှိန်မြင့်လိုက်တာဖြစ်ကြောင်းMNDAA ကသတိပေးတဲ့အခါ စစ်ကောင်စီကကွတ်ခိုင်မြို့ကိုထပ်မံလေကြောင်းတိုက်ခိုက်ခြင်းမရှိတော့ပါဘူး။

ဆက်စပ်သတင်းများ