close
Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမှာ ခရစ္စမတ်ညက အမျိုးသမီးတစ်ဦးကို လူတစ်စုက အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး အမှိုက်ပုံမှာ စွန့်ပစ်၊ လူငယ်တစ်ဦးနဲ့ ကားပြန်ပေးဆွဲထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လူတစ်စုက ဆိုင်ကယ်စီးအမျိုးသမီးသုံးဦးကို ဖမ်းဆီးရိုက်နှက်ပြီး တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ခရစ္စမတ်ညက ဖြစ်ပွားခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ လူငယ်နဲ့အတူ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေတဲ့ကား။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၉။၂၀၂၅။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လူတစ်စုက ဆိုင်ကယ်စီးအမျိုးသမီးသုံးဦးကို ဖမ်းဆီးရိုက်နှက်ပြီး တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ခရစ္စမတ်ညက ဖြစ်ပွားခဲ့ပါတယ်။

အသက် (၄၀)ခန့်အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်(၂၁)နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဒီဇင်ဘာ ၂၅ရက် ည ၈နာရီခန့်မှာ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ကအပြန် အမျိုးသား ၆ဦးက တားဆီးရိုက်နှက်ပြီး တစ်ဦးကို အဓမ္မပြုကျင့်သွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

” သတင်းကြားရတာအရမ်းကြောက်ဖို့ကောင်းတယ်။ စီတာပူရပ်ကွက်ဆိုတာမြို့ပေါ်ရပ်ကွက်ဖြစ်ပါတယ်။ စစ်တပ်ကလည်း ရွေးကောက်ပွဲရှိလို့ဆိုပြီး လုံခြုံရေးတွေလှည့်နေတဲ့အချိန်မှာဖြစ်တာ။ အခုဖြစ်တာကြီးက ကြောက်စရာကောင်းတယ်” လို့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးသုံးဦးကိုတားဆီး ရိုက်နှက်ခဲ့တဲ့ အမျိုးသားခြောက်ဦးက နှာခေါင်းစီးတွေတပ်ထားပြီး တစ်ဦးကသေနတ်ကိုင်ထားတယ်လို့ အဲဒီ ဖြစ်စဉ် တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

စတင်ဖမ်းဆီးထားစဉ် လမ်းပေါ်ဖြတ်သွားတဲ့အိမ်စီးကားတစ်စီးကို သေနတ်ပစ်ခတ်တားဆီးလိုက်ပြီး အသက်၂၁နှစ်အရွယ်အမျိုးသမီးကို အဲ့ဒီကားပေါ် တင်ခေါ်သွားပြီး အဓမ္မပြုကျင့်သွားတာလို့ ဆိုပါတယ်။

” အဒေါ်နှစ်ယောက်ကို ရွှေထည်တွေယူပြီး လမ်းဘေးမှာ ထားခဲ့တယ်။ မိန်းကလေးကိုကျတော့ ကားပေါ်တင်ခေါ်ပြီး အုပ်စုလိုက်ပြုကျင့်တာ။ ပြီးတော့ တပ်ကုန်းရပ်ကွက်က အမိုက်ပုံဘေးမှာ ပစ်ထားခဲ့ကြတာ” လို့ မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးဟာ ထိန့်လန့်ကြောက်ရွံ့နေလို့ အမျိုးသမီးအရေးဆောင်ရွက်သူတွေအကူအညီနဲ့ ‌ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကားရော ကားပေါ်ပါ အမျိုးသားပါ ပျောက်ဆုံးနေပါတယ်။

မောင်းနှင်လာတဲ့ကားပေါ်မှာ အသက်၂၀ကျော်အရွယ်လူငယ်တစ်ဦးသာလိုက်ပါလာပြီး ကားရောလူပါ ပျောက်ဆုံးနေပါတယ်။။

” ကောင်လေးရဲ့မိဘတွေဆီကို ငွေသိန်းထောင်ချီတောင်းပြီးပြန်ပေးဆွဲနေတယ်လို့ကြားတယ်။ အရင်က လုယက်မှုပဲဖြစ်တာ။ အခုကကျတော့ ဖမ်းပြီး အုပ်စုဖွဲ့မုဒိမ်းကျင့်တာတွေ၊ ပြန်ပေးဆွဲတာတွေပါဖြစ်လာတယ်။ဓားပြတိုက်တဲ့သူတွေက ပေါ်တင်ပဲ ကားတွေဆိုင်ကယ်တွေကိုတားတယ်။ ပေါ်တင်လုပ်တာ။ စစ်တပ်ကြောင့် မြို့က ပျက်စီးသွားပြီ” လို့ မြစ်ကြီးနားမြို့က အမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက သူတို့ပြုလုပ်တဲ့ရွေးကောက်ပွဲအကြောင်းပြပြီး မြစ်ကြီးနား မြို့ပေါ်မှာလုံခြုံရေးတိုးမြှင့်ထားတာပါ။ မြစ်ကြီးနားမြို့ပေါ် လုယက်မှုနဲ့ခိုးမှုတွေလည်းမကြာခဏဖြစ်နေသလို လူသတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံမှာစွန့်ပစ်ခဲ့တဲ့ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ စက်တင်ဘာကဖြစ်ပွားခဲ့ပါတယ်။

မြေကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာ စစ်ကောင်စီက မြစ်ကြီးနားမြို့မှာ မဲရုံ၁၀၀ ကျော် ဖွင့်လှစ်ခဲ့ပါတယ်။ ဒေသခံတချို့သာမဲသွားပေးပြီး အများစုကမဲမပေးခဲ့ဘူးလို့ သိရပါတယ်။ ဒီဇင်ဘာလ၂၅ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတစ်ဦးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရမှုအပါအဝင် ဒေသတွင်း တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေတွေကို ရွေးကောက်ပွဲဝင်အမတ်တွေက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လေတပ်ဝင်းအတွင်းမှာ ဒီနေ့(ဒီ‌ဇင်ဘာ ၂၆ရက်) မနက်ပိုင်းမှာ ပေါက်ကွဲသံတွေဆက်လက်ထွက်ပေါ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား လတ်တလော စစ်ရေးတင်းမာနေပြီး ဗန်းမော်၊ တနိုင်း၊ ဝိုင်းမော်နဲ့ ပူတာအို - ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေတွေကို KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

နိုဝင်ဘာ-၂၀၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ ယ​နေ့ (နိုဝင်ဘာလ၂၀) ညနက်ပိုင်းကစပြီး စစ်တပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေပြီး မြစ်ကြီးနားမြို့မှာလည်း ပြင်းထန်တဲ့‌ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ည ၁၁နာရီ ၂၁မိနစ်ခန့်ကစပြီး ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေတာဖြစ်ပါတယ်။ဆိုင်းတောင်ရွာဘက်ကလူနေအိမ်တချို့ကိုထိမှန်ပေါက်ကွဲနေပြီး ည ၁၂နာရီထိုးကာနီးအထိ ဆက်ပစ်နေပါတယ်။ လက်နက်ကြီးကျည်ဒလက်လွင့်စင်သွားတဲ့အသံပါကြားရပြီး အရပ်သားတွေအနီးပတ်ဝန်းကျင်ကို ဦးတည်ပစ်နေတာလို့...

သတင်း

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးကြဖို့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။