close
Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို PDFထိုးစစ်ဆင်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး ကျေးရွာတစ်ရွာသိမ်းထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဂန့်ဂေါခရိုင်စစ်ဌာန က ဒီကနေ့ (ဒီဇင်ဘာ၂၉ရက်) ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂန့်ဂေါခရိုင်စစ်ဌာန

ဒီဇင်ဘာ-၂၉ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး ကျေးရွာတစ်ရွာသိမ်းထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဂန့်ဂေါခရိုင်စစ်ဌာန က ဒီကနေ့ (ဒီဇင်ဘာ၂၉ရက်) ထုတ်ပြန်ပါတယ်။

Yawland Opreation စစ်ဆင်ရေးအဖြစ် ဒီဇင်ဘာ ၂၇ ရက် မနက် ၅နာရီကစပြီး တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ်လာရောက် ပစ်ခတ်ခဲ့ပြီး စစ်တပ်လက်အောက်ခဲ ပျူစောထီးကျေးရွာ တစ်ရွာကို သိမ်းပိုက်ထားတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ၊ မဟာ မိတ်အဖွဲ့အစည်းတွေနဲ့လက်တွဲပြီး စစ်ဆင်ရေးဖော်ဆောင်နေတယ်။စစ်ရေးအသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး” လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာဝန်ရှိသူက စစ်ဆင်ရေးအခြေအနေကို ရှင်းပြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးကျေးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတာလို့ ဒေသတွင်းစစ်ရေးသတင်း ရင်းမြစ်တွေက အသိပေးပါတယ်။

“ ဝင်ဝနဲ့ အရှေ့လယ်ကြီးက စစ်အုပ်စုနေရာတွေ ရတယ်သိရတယ်။ပြီးတော့ ပျူတွေကို လက်ရဖမ်းမိထားတယ်ကြားတယ်။မြစ်သာမြစ် အရှေ့ဘက်က ရွာတွေ။အနောက်ဘက်မှာလည်း ဟံသာဝတီလို ပျူ နဲ့ စစ်တပ်အထိုင်ချထားတဲ့ရွာတွေရှိသေးတယ်” လို့ ဂန့်ဂေါမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လတ်တလောစစ်ရေးအခြေအနေကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိပြုဖို့လည်း ဂန့်ဂေါခရိုင်စစ်ဌာနက တိုက်တွန်းပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးရည်မှန်းချက် ပြီးမြောက်တဲ့အချိန်ရောက်မှ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

မကွေးတိုင်းထဲက ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူ မြို့တွေမှာလည်း စစ်တပ်စခန်းတွေကို ဒီဇင်ဘာနောက်ဆုံးပတ်ကစလို့ ကာကွယ်ရေးတပ်ပေါင်းစုတွေက ထိုးစစ်ဆင်နေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်တလောမှာ နေရာအနှံ့က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲအတွက် မြို့အဝင်၊မြို့အထွက် လုံခြုံရေး တိုးမြှင့်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး တစ်ဦး လက်နက်ချအလင်းဝင်လာတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ဒီကနေ့(ဒီဇင်ဘာ ၂၃ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က နေရာအများစုကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြန်ထိန်းချုပ်‌နေစဉ် ဒေသမှာရှိနေတဲ့ ပျူစောထီးတွေနဲ့ စစ်အုပ်စုထောက်ခံသူတွေအနေနဲ့ အရပ်သားပြည်သူတွေကို လက်ထောက်ချ ဒုက္ခပေးတာမျိုးတွေမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ်-၉၃ (TRI ဗျူဟာ)၊နည်းဗျူဟာမှူး ကို​ဝေမိုး​ကျော်က သတိပေးပါတယ်။