close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​ရွေး​ကောက်ပွဲ ကြံ့ဖွံ့အစစအရာရာအသာစီးယူထားတာမို့ မနိုင်ရင်သတ်​သေကြဟု UPUP ပါတီဒုဥက္ကဌပြော

စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစစအရာရာအသာစီးရထားတာမို့ မနိုင်ရင်ကိုယ့်ကိုကိုယ်သတ်သေကြလို့ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီရဲ့ ဒုဥက္ကဌ ညီညီလွင် ကသူရဲ့လူမှုကွန်ယက်ကတဆင့် ဒီကနေ့ ​ရေးသားထားပါတယ်။

ကြံ့ဖွံ့ ပါတီဥက္ကဌ ဦးခင်ရီ။ဓါတ်ပုံ-USDP

ဒီဇင်ဘာ-၂၉၊၂၀၂၅ ၊ မိုမို/People’s Spring

စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစစအရာရာအသာစီးရထားတာမို့ မနိုင်ရင်ကိုယ့်ကိုကိုယ်သတ်သေကြလို့ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီရဲ့ ဒုဥက္ကဌ ညီညီလွင် ကသူရဲ့လူမှုကွန်ယက်ကတဆင့် ဒီကနေ့ ​ရေးသားထားပါတယ်။

ပြည်ထောင် စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ (UPUP) အနေနဲ့ ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်မှာလုပ်မယ့် ရွေးကောက်ပွဲအပိုင်း(၃)ကို သဲကုန်းမြို့နယ်က နေ ပါတီဥက္ကဌ ဒေါ်စောယုမာနဲ့အတူ ဝင်ပြိုင်မှာဖြစ်ပြီး ဒါကြောင့် မဲဆွယ်စည်းရုံးရေးဒီနေ့ပြန်စပြီအားပေးကြဖို့ သူက ဆိုပါတယ်။

အဲဒီပိုစ့် အောက် မှာ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတစ်ဦးက “ မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတစ်လျှောက် တပ်မတော်က အစအဆုံးတာဝန်ယူကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ မြန်မာ့တပ် မတော်ပါတီ USDP ပါတီ(ကြံ့ခိုင်ရေးပါတီ)က ပြိုင် ဘက်ပါတီတွေနဲ့ အကြိတ်အနယ်အသည်းအသန်ကြိုးစားရင်း ထိုက်ထိုက်တန်တန်အနိုင်ရသွားပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မှတ်ချက်နဲ့ပတ်သက်လို့ “ ရီစရာတွေ ကိုပေါတောတောနဲ့ လာပို့နေပြန်ပြီ” “ ရှိသမျှ အစစအရာရာအကုန် အသာစီးရထားတာမှ မနိုင်ရင် ကိုယ့်ကိုကိုယ်သတ်သာသေကြတော့” လို့ UPUP ဒုဥက္ကဌ ဦးညီညီလွင်က တုံ့ပြန်​ရေးသားခဲ့တာပါ။

ဒါ့အပြင် ဒီဇင်ဘာ ၂၈ ရက်လုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ကြိုတင်မဲတွေ နဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တယ်လို့ ပြိုင်ဘက်ပါတီအချို့က ပြော​နေကြပါတယ်။

ကြိုတင်မဲတွေ အပြင် မဲစာရင်းတွေမှာ သေဆုံးပြီးသူတွေရဲ့အမည်စာရင်းတွေပါနေတဲ့အဖြစ်အပျက်တွေ အများအပြားရှိနေတယ်လို့ ရန်ကုန် နဲ့ မန္တလေး ဒေသခံတွေဆီက သိရပါတယ်။မတ္တရာမြို့နယ်မှာ​တော့ စစ်​ကောင်စီ ဝန်ထမ်း​တွေရဲ့ ​သေဆုံးပြီး မိသားစုဝင်​တွေကိုပါ ကြိုတင်မဲစာရင်းမှာထည့်ပြီး ကြံ့ဖွံ့ပါတီကိုမဲ​ပေးခိုင်း​နေပါတယ်။

မဲပေးဖို့ စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေ ရှိပေမယ့် ရန်ကုန် နဲ့ မန္တလေး လို မြို့ကြီးတွေ အပါအဝင် မြို့နယ်တွေမှာ မနေ့က ရွေး ကောက်ပွဲကို မဲမပေးခဲ့တဲ့ ဒေသခံပြည်သူများစွာရှိခဲ့ပါတယ်။ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေက ​မဲ​ပေးနှုန်းများတယ်၊ကြံ့ဖွံ့အပြတ်အသတ်အနိုင်ရတယ်လို့ဝါဒဖြန့်​နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်း မှားယွင်းတယ်လို့ စွပ်စွဲပြီး ​ရွေး​ကောက်ခံအရပ်သားအစိုးရကို စစ်တပ်ကလက်နက်အားကိုနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းတာအပြင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ တာဝန်ရှိသူတွေအပြင် ပါတီဝင်တွေကို နှစ်ရှည်ထောင်ချတာ နဲ့ သတ်ဖြတ်မှုတွေကို စစ်တပ်က လုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ လိန်ပင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်က ဦးဆောင် ကျင်းပတဲ့ ဂီနီရာ ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် မာမဒီ ဒွမ်ဘူယာပဲ အာဏာရလာဖွယ် ရှိနေကြောင်း လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံအတွင်းရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံး မနေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

သတင်း

ကိုရီးယားရောက် မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကျဆုံးချိန်အထိ လူထုတော်လှန်ရေးမှာပါဝင်သွားမယ်လို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီက အသိပေးပါတယ်။