close
Connect with us

Hi, what are you looking for?

သတင်း

ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီက မန္တလေးကျုံးဘေးမှာ နှစ်သစ်ကူးပွဲကျင်းပဖို့ စီစဥ်နေ

ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီက မန္တလေးမြို့က ကျုံးဘေးမှာ နှစ်သစ်ကူးပွဲကျင်းပဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

အာဏာသိမ်းကာလအတွင်း ကျုံးဘေးမှာပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

ဒီဇင်ဘာ-၂၉၊ ၂၀၂၅။ ဇေအောင်/People’s Spring

ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီက မန္တလေးမြို့က ကျုံးဘေးမှာ နှစ်သစ်ကူးပွဲကျင်းပဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီတ​ပ်က လာမယ့် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာ မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာ နှစ်ကူးပျော်ပွဲရွှင်ပွဲ ပြုလုပ်ဖို့ စီစဥ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

အဲဒီနှစ်သစ်ကူးပွဲမှာ စစ်ကောင်စီထောက်ခံတဲ့ အဆိုတော်တွေ သရုပ်ဆောင်တွေလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာမြို့မှာလည်း သီတင်းကျွတ်နဲ့တန်ဆောင်တိုင်ကာလတွေမှာ စစ်ကောင်စီက ပျော်ပွဲ၊ ရွင်ပွဲတွေလုပ်ပေးပြီး ပွဲတော်လာလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပါသေးတယ်။

မန္တလေးမြို့က ပျော်ပွဲရွှင်ပွဲတွေဟာလည်းစစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရနိုင်တဲ့အခြေအနေ ရှိနိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။

“ အပျော်ပါးမက်တဲ့သူတွေ အစွဲခံရမှာ။ ရပ်ကွက် အလှူတောင် စွဲသေးတာ။” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက် ၁ နာရီခွဲခန့်ကပဲ စစ်အုပ်စုရှိရာ နန်းတွင်းကို တိုက်ခိုက်ခံရလို့ စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အောင်မြေသာစံမြို့နယ်၊ ၅လမ်းနဲ့ ၈၆လမ်းအနီးရှိ ပြည်သူ့အိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး ပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာလအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး ၁၈ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံအတွင်းရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံး မနေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ထားတဲ့ အင်ဂျန်းယန်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက်က ကျောင်းဖြူကန် ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ မနက်ပိုင်းက (ဒီဇင်ဘာလ ၂၆ ရက်) စစ်ကောင်စီလေတပ် ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။