close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်ကို စစ်တပ် လေကြောင်းထပ်မံတိုက်ခိုက်လို့ နေအိမ်အချို့ ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ်(၂) အတွင်းရှိ ကျေးရွာတရွာအနီးကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ် ပျက်စီးမှုရှိခဲ့တယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ်(၂) အတွင်းရှိ ကျေးရွာတရွာအနီးကို စစ်တပ်က နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat

နိုဝင်ဘာ-၂၆၊ ၂၀၂၅။ ပုရစ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ်(၂) အတွင်းရှိ ကျေးရွာတရွာအနီးကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ် ပျက်စီးမှုရှိခဲ့တယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

မနေ့က ည ၁၀နာရီ မိနစ် ၄၀လောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၁စီးက လေကြောင်း တိုက်ခိုက်မှု ၂ကြမ် ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” အိမ် ၂လုံးတော့ထိတယ်။ လူတော့ မထိဘူး” လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ နိုဝင်ဘာ ၂၂ရက်ကလည်း မင်းတပ်မြို့နယ် အနောက်ခြမ်းတနေရာကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတုန်းကလည်း အဆောက်အဦးထိခိုက်မှု အချို့ရှိပေမယ့် လူသေဆုံးထိခိုက်မရှိဘူးလို့ ဒေသ သတင်းရင်းမြစ်က ပြောထားပါတယ်။

မင်းတပ်မြို့နယ်ဟာ ၂၀၂၄ ဒီဇင်ဘာမှာ ချင်းညီနောင်က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တပ်က မင်းတပ်အပါအဝင် နိုင်ငံတဝန်း လက်လွှတ်ဆုံးရှုံးထားရတဲ့နယ်မြေဒေသတွေကို လေကြောင်း စစ်ဆင်ရေးတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

လက်ရှိမှာ စစ်ကောင်စီက မင်းတပ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းကို ဦးတည်ပြီး မြေပြင်ထိုးစစ်ကို မကွေးတိုင်း ပခုက္ကူဒေသကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ ပေါက်မြို့နယ် အပါအဝင် ချင်း-မကွေးနယ်စပ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြားတိုက်ပွဲတွေ ရက်ရှည်ဖြစ်ပွားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီက လုပ်မယ့် စျေးပွဲတော်မှာ ပြည်သူတွေဆီကအဓမ္မသိမ်းယူထားတဲ့ ပစ္စည်းတွေ ရောင်းချမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ လက်နက် ၃၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ကြောင်း Black Wolf Armyက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်တပ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုက ပြောပါတယ်။

သတင်း

မိုးမိတ်မြို့အတွင်းကို ဒီကနေ့(နိုဝင်ဘာ၂၅ရက်) နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားအချို့ဝင်ရောက်လာပြီး နေအိမ်အချို့မှာ တပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။