close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာနည်းပညာတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်တပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်တပ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုက ပြောပါတယ်။

မုံရွာနည်းပညာတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၂၅၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်တပ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုက ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနက် ၁၀ နာရီခန့်က မုံရွာနည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကို တော်လှန်ရေးအင်အားစုတွေက အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

“ မီတာ ၅၀ အထိကို ကပ်နိုင်ခဲ့တာပါ။ ကျည်ပစ်အား အရမ်းများနေတာကော သူတို့ခံစစ်က ငါးကြင်းမှီး ကြောင့်ကော အရှေ့ထိတတ်မရတော့တာပါ။ အနီးကပ်ကို ပစ်ခဲ့ရတာပါ။” လို့ အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု မုံရွာခရိုင် တပ်ရင်း(၂)တပ်ခွဲ-၃ရဲ့ တပ်ခွဲမှူး ကိုဝေလင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုမှာ ကျောင်းအတွင်းက စစ်အုပ်စုဝင် ၄ဦးသေဆုံးပြီး ၇ ဦး ပြင်းထန်ဒဏ်ရာရတယ်လို့အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။

“ အခုက မျက်မြင်အတည်ပြု ‌ကျဆုံး စာရင်းကိုပဲ ထုတ်ပြန်ထားတာပါ။ တခြားအရင်းအမြစ်‌တွေကနေ ကြားသိရသလောက်ဆို ၁၀ယောက်လောက် ပြုတ်တယ် ကြားတယ်။Sunday အနားယူချိန် ဆိုတော့ သူတို့ အတော်ထိသွားတယ်။ “ လို့ မုံရွာခရိုင် တပ်ရင်း(၂)တပ်ခွဲ ၃ရဲ့တပ်ခွဲမှူး ကိုဝေလင်းက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကျည် နှစ်ထောင်နီးပါး အသုံးပြုခဲ့ရပြီး ကျည်လုံလောက်မယ်ဆိုပါက စခန်းသိမ်းနိုင်တဲ့အနေအထားထိ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၂) တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ တပ်စု ၂ (ဒေါင်းမျိုးဆက်) တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၄ (မီးတောက်) တပ်ဖွဲ့၊ ချောင်းဦး မီးတောက်တပ်ဖွဲ့ (MTG) နဲ့ Royal God People Defences Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် တက္ကသိုလ်အတွင်းက စစ်အုပ်စုဟာ သေနတ်တွေ ညတိုင်းပစ်ဖောက်နေပြီး အင်အားလည်းထပ်ဖြည့်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့အတွင်းကို ဒီကနေ့(နိုဝင်ဘာ၂၅ရက်) နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားအချို့ဝင်ရောက်လာပြီး နေအိမ်အချို့မှာ တပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

MNDAAနဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်​နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ရေနံ့သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ စကျင်ကျေးရွာဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်ဆောင်နေသလို ဆဒုံးမြို့နယ်ကိုလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။