close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်

မဲရုံသင်တန်းပေးနေတဲ့ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

မုံရွာမြို့တနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ - TTW

နိုဝင်ဘာ-၂၆၊ ၂၀၂၅။ဇေအောင်/People’s Spring

မဲရုံသင်တန်းပေးနေတဲ့ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၆ရက် မနက် ၆ နာရီခန့်က မုံရွာမြို့ပေါ်က ကြံ့ဖွံ့ပါတီရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ မနေ့ညကတည်းက ပေါက်ကွဲသံတွေရော၊ သေနတ်ပစ်သံတွေကော ကြားနေရတာ။ ဒီမနက်လည်း ကြံ့ဖွံ့ရုံးရှေ့ ပစ်သွားတာပြောတယ်။ လူထိခိုက်သံတော့ မကြားဘူး” လို့ မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညကဖြစ်စဥ်နဲ့ ပတ်သတ်လို့ အခြားဒေသခံတဦးကကလည်း “ မြို့ပေါ်သေနတ်သံတချို့ကြားရတယ်။ ၁၀ ချက်ကျော်တယ်” လို့ ပြောပါတယ်။ မနေ့ညက ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး အတိအကျ မသိရသေးပါဘူး။

ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က မုံရွာမြို့ပေါ်မှာ ကင်းပတ်ပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မုံရွာမြို့ပေါ်မှာ မုံရွာခရိုင်အတွင်းက Non CDM ဝန်ထမ်းတွေကို ခေါ်ယူပြီး မဲရုံနဲ့ပတ်သက်တဲ့သင်တန်းတွေ ပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ပြည်သူလူထုအနေနဲ့ ဆန့်ကျင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီက လုပ်မယ့် စျေးပွဲတော်မှာ ပြည်သူတွေဆီကအဓမ္မသိမ်းယူထားတဲ့ ပစ္စည်းတွေ ရောင်းချမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်ထဲ အုန်းတောမြောက်ရွာမှာရှိတဲ့ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရဲ့ ကျောင်းအုပ် ကြီး နေထိုင်ရာ လိုင်းခန်းမှာ ပစ်ခတ်မှု ဖြစ်ပြီး ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

နိုဝင်ဘာ-၂၀၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ ယ​နေ့ (နိုဝင်ဘာလ၂၀) ညနက်ပိုင်းကစပြီး စစ်တပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေပြီး မြစ်ကြီးနားမြို့မှာလည်း ပြင်းထန်တဲ့‌ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ည ၁၁နာရီ ၂၁မိနစ်ခန့်ကစပြီး ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေတာဖြစ်ပါတယ်။ဆိုင်းတောင်ရွာဘက်ကလူနေအိမ်တချို့ကိုထိမှန်ပေါက်ကွဲနေပြီး ည ၁၂နာရီထိုးကာနီးအထိ ဆက်ပစ်နေပါတယ်။ လက်နက်ကြီးကျည်ဒလက်လွင့်စင်သွားတဲ့အသံပါကြားရပြီး အရပ်သားတွေအနီးပတ်ဝန်းကျင်ကို ဦးတည်ပစ်နေတာလို့...

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၄ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။