close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်က လက်နက်ကြီးတွေ ထိုင်းစစ်တပ် ပြန်လည် သိမ်းဆည်း

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ လက်နက်ကြီး စနစ်တွေကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းနေကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Thai Armed Forces

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ လက်နက်ကြီး စနစ်တွေကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းနေကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လကုန်ပိုင်းမှာ နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး ၅ ရက်လောက် စစ်ဖြစ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လမှာတော့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးကို တက်ရောက်ရင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

အဲဒီစာချုပ်အရ နှစ်ဖက်စလုံးဟာ စစ်ကာလအတွင်း နယ်စပ်မှာ ဖြန့်ကျက်ခဲ့တဲ့ လက်နက်ကြီးတွေကို ဖြုတ်ယူ သိမ်းဆည်းပေးရမှာ ဖြစ်သလို နယ်စပ်မှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဖို့လည်း သဘောတူထားခဲ့ပါတယ်။

ထိုင်းသတင်းဌာန The Nationရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထိုင်းစစ်တပ်ဟာ ဆီဆာကတ်နဲ့ ဆူရင် ရှေ့တန်း စစ်မြေပြင်တွေမှာ ဖြန့်ကျက်ထားခဲ့တဲ့ SR4 အတွဲလိုက်ပစ် ဒုံးကျည်စနစ် (MLRS) လေးခုကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းပြီး နတ်ခွန် ရတ်ချာဆီမာမှာ ရှိနေတဲ့ ပြုပြင်ထိန်းသိမ်းရေး စစ်စခန်းဆီ ပို့ဆောင်ထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းစစ်တပ်ရဲ့ လက်နက်ကြီးတွေ ဖယ်ရှား ဖြုတ်ယူမှုကို အာဆီယံက တာဝန်ပေးထားတဲ့ အဖွဲ့တွေက စောင့်ကြည့်ပေးနေခဲ့ပါတယ်။ လက်နက်ကြီးတွေ ပြောင်းရွှေ့မှုကို နှစ်သုတ်ခွဲ လုပ်ဆောင်ခဲ့ပြီး ရည်မှန်းထားရာ နောက်တန်း စခန်းဆီ အမှားအယွင်းမရှိ ပို့ဆောင်နိုင်ခဲ့ကြောင်း The Natuonက ဆိုပါတယ်။

ကမ္ဘောဒီးယားဖက်မှာလည်း စစ်တပ်က လက်နက်ကြီးတွေကို ဖြုတ်ယူနေဆဲဖြစ်ပြီး အာဆီယံက အဲဒီလုပ်ငန်းစဉ်ကို အကဲခတ် စောင့်ကြည့်နေပါတယ်။

ထိုင်းရဲ့ လက်နက်ကြီးတွေ ဖြုတ်ယူ သိမ်းဆည်းမှုမှာတော့ ထိုင်းစစ်တပ် အရာရှိတချို့ကိုယ်တိုင် ပူးတွဲပါဝင်တဲ့ အာဆီယံ စောင့်ကြည့်ရေး အဖွဲ့က စစ်ဆေး အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက နယ်စပ်စစ်ပွဲဟာ ဇူလိုင် ၂၄ ကနေ ၂၈ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာတော့ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပါတယ်။ တိုတောင်းပေမယ့် ပြင်းထန်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း နှစ်ဖက်ကြားမှာ အရပ်သားတွေ အပါအဝင် ဒါဇင်နဲ့ချီ သေဆုံးမှုတွေ ရှိခဲ့သလို လူပေါင်း ၂ သိန်းဝန်းကျင်လောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသက်ဝင်လာတဲ့ ဥပဒေသစ်အရ အများနဲ့ သက်ဆိုင်တဲ့ ဧရိယာတွေမှာ ခွင့်ပြုချိန် ပြင်ပ အရက်သောက်ရင် ဒဏ်ငွေဆောင်ရတော့မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားအပေါ် လက်နက်တင်ပို့ ရောင်းချခွင့် ပိတ်ပင်ထားမှုကို အမေရိကန် အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျုံဒိုးမြို့နယ်က ဒေသန္တရစည်းမျဉ်းစည်းကမ်း အရေးပေါ်ကြေငြာချက်တရပ် ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ခဲ့ရာ ကျုံဒိုးမြို့နယ်အတွင်းရှိ လမ်းကြောင်းတွေကို အသုံးပြုပြီး အွန်လိုင်းငွေလိမ်(ကျားဖြန့်) လုပ်ငန်းတွေက စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူထားတာ မပြုလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အရှုပ်အထွေးရဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေ အရမ်း ပြင်းထန်မလာအောင်မယ်စကြာဝဠာ (Miss Universe) ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူတွေက အပူတပြင်း ကြိုးစားနေရပါတယ်။

Facebook