close
Connect with us

Hi, what are you looking for?

ဆောင်းပါး

နယ်ကျော်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျက်နှာပျက်ရတဲ့ပွဲ

ပရိးမီးယားလိဂ်အပါအဝင် ​ဘောလုံးပွဲ​တွေမှာပဲဖြစ်ဖြစ် ၊မြန်မာ့ကျေးလက်နဲ့ မြို့ရွာတွေမှာ ဝှီးချဲနွှဲနေကြတဲ့ ကြက်တိုက်ပွဲ‌တွေမှာပဲဖြစ်ဖြစ် အိမ်ကွင်း၊အဝေးကွင်းအားသာချက်၊အားနည်းချက်ဆိုတာအ​ရေးကြီးပါတယ် ။အိမ်ကွင်း၊အ​ဝေးကွင်း အားသာချက်အားနည်းချက်​တွေကြောင့်မထင်မှတ်တဲ့ အနိုင်အရှုံးရလဒ်တွေထွက်တတ်ပါတယ်။

ကဖေး/People’s Spring

ပရိးမီးယားလိဂ်အပါအဝင် ​ဘောလုံးပွဲ​တွေမှာပဲဖြစ်ဖြစ် ၊မြန်မာ့ကျေးလက်နဲ့ မြို့ရွာတွေမှာ ဝှီးချဲနွှဲနေကြတဲ့ ကြက်တိုက်ပွဲ‌တွေမှာပဲဖြစ်ဖြစ် အိမ်ကွင်း၊အဝေးကွင်းအားသာချက်၊အားနည်းချက်ဆိုတာအ​ရေးကြီးပါတယ် ။အိမ်ကွင်း၊အ​ဝေးကွင်း အားသာချက်အားနည်းချက်​တွေကြောင့်မထင်မှတ်တဲ့ အနိုင်အရှုံးရလဒ်တွေထွက်တတ်ပါတယ်။

ကြက်ဖတစ်ကောင်ဟာ သူကျက်စားရာ‌ နေရာကနေ တခြားနေရာကို သွားတိုက်ရင် စွမ်းဆောင်ရည်ကျပြီး ရှုံးတတ်တယ်လို့ တ်ိုက်ကြက်သမားတွေကဆိုကြပါတယ်။ကြက်တိုက်ရာမှာ ဆရာတစ်ဆူဖြစ်တဲ့ သွားလေသူစာရေးဆရာကြီးသော်တာဆွေကလည်း တခြားနယ်သွားပြီးခွပ်ရတဲ့ကြက်ဖတွေဟာ ခွပ်လမ်းပျက်တတ်တယ်လို့ သူရေးခဲ့တဲ့ ကြက်ဋိကာစာအုပ်မှာ မှတ်တမ်းတင်ခဲ့ဖူးပါတယ်။ မခွပ်နိုင်ဘဲ အထိနာတတ်တယ်လို့ ဆိုလိုတာပါ။

နိုင်ငံရေး၊စစ်​ရေးဇာတ်ခုံပေါ်မှာလည်းနယ်ကျော်ပြီး အဝေးကွင်းမှာ သွားတိုက်ပွဲဝင်နေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ခွပ်လမ်းပျက်တာကို မြင်တွေ့နေရပါပြီ။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်နိုင်ငံရေးနဲ့တော်လှန်ရေး မြေတလင်းမှာ နယ်ကျော်ပြီး MNDAA၊TNLA တို့နဲ့ထိပ်တိုက်တွေ့နေရတာက စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့(ကစထ)မှုးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဖြစ်ပါတယ်။

ရှမ်းမြောက်ဟာ ကစထ(၂) ရဲ့လက်အောက်ခံစစ်ဒေသဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း၊တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ ကရင်နီပြည်က စစ်ရေးတွေကိုကိုင်တွယ်ရတဲ့ကစထ(၂)ဟာမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှယ်ဖွယ်အရှုံးတွေကြုံခဲ့ပါတယ်။ အရှုံးကြောင့် အမျက်ထွက်တဲ့အာဏာသိမ်းခေါင်းဆောင်က ကစထ(၂)မှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို နေရာမပေးတော့ဘဲ လူပိုတစ်ယောက်လို ဆက်ဆံခဲ့ပါတယ်။ စုစုပေါင်းကစထ ၆ ခုရှိပြီးစစ်ခေါင်း‌ဆောင်က ကစထမှူးတွေနဲ့ ထမင်းလက်စုံစားရင်တောင် ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးတစ်ယောက်ကွက်ပြီး ချပ်လှပ်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့စက်တင်ဘာလမှာတော့ ကစထတွေကို ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ပါတယ်။နေပြည်တော်လုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ကစထ(၆)ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာ နေပြည်တော်လုံခြုံရေးနဲ့ စစ်ဆင်ရေး တာဝန်တွေကိုကစထ(၅)ကိုပေးလိုက်ပါတယ်။ကစထ(၅)ဟာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းအပြင် နေပြည်တော်ကိုပါ ပူးတွဲကိုင်ရပြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကို ဦးဆောင်စေခဲ့ပါတယ်။ကစထ(၂)ကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ်ကို ဦးဆောင်စေခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးရဲ့ အခန်းကဏ္ဍကတော့ မရေမရာဖြစ်သွားပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကို တရုတ်အစိုးရအားကိုးနဲ့ ပြန်လည်ရယူဖို့ကြံစည်​နေတဲ့အာဏာသိမ်းခေါင်းဆောင်ကရှမ်းမြောက်ဂွင်မှာ ကစထ(၂)မှူးအစားဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကို ဦးဆောင်ခိုင်းထားပါတယ်။

သူက လားရှိုးမြို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ရယူစဥ်မှာ တရုတ်အထူးသံတမန်တိန့်ရွှီကျွင်းနဲ့ဆွေးနွေးမှုကို ဦးဆောင်ခဲ့ပါတယ်။ MNDAA၊ TNLAတို့နဲ့အပစ်ရပ်ဆွေးနွေးပွဲတွေကိုလည်း စစ်အုပိစုဘက်ကနေ ဦးဆောင်ခဲ့ပါတယ်။ မကြာ‌သေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်ကိုလည်း စစ်ခေါင်းဆောင်နဲ့အတူ တွေ့ဆုံခဲ့ပါတယ်။

လားရှိုးမြို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်ယူပြီးတဲ့အပြင် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို TNLA တရုတ်ကတဆင့်ဖိအား​ပေးပြီးစစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ကာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါ​ပေမယ့် လောဘအတောမသတ်နိုင်သေးတဲ့ စစ်ခေါင်းဆောင်ကြောင့် MNDAAရဲ့ သဘောထား ပြန်တင်းမာလာသလို ရှမ်းမြောက်ပိုင်းအခြေအနေလည်းတကျော့ပြန်ရှုပ်ထွေးနေပါတယ်။

လားရှိုးမြိို့အနီးနဲ့ ပြည်‌ထောင်စုလမ်းပိုင်းမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ နိုဝင်ဘာလ ၁၁ ရက်နေ့က လာရှိုးမြို့ကဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးက ဖိအားပေးတောင်းဆိုခဲ့တာကို MNDAAက လက်မခံလို့ ဆွေးနွေးပွဲပျက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တရုတ်နယ်စပ်နဲ့ MNDAA ထိန်းချုပ် ဒေသတွေကို ဖြတ်လာတဲ့ကုန်ကားတွေကို စစ်ကောင်စီက ဖမ်းဆီးသလို လားရှိုး-သီပေါကြားက ဒုဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးက ပိတ်လိုက်ပါတယ်။ ရက်သတ္တပတ်တစ်ပတ်ကြာလာတဲ့ နိုဝင်ဘာ ၁၉ ရက်အထိ ပြန်မဖွင့်သေးပါဘူး။ နှစ်ဖက်စလုံးရဲ့ခေါင်းကိုင်ဆရာ တရုတ်အစိုးရကိုယ်စားလှယ်ရှေ့မှာ ထိုးထားတဲ့ အပစ်ရပ်စာချုပ်ပါအချက်တွေထက် စစ်ကောင်စီဘက်က ပိုပြီး လောဘတက်လာတယ်လို့ ရှမ်းမြောက်သတင်းရင်းမြစ်ကပြောပါတယ်။

MNDAA ဟာ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၂၇ရက်မှာ ​မြောက်ပိုင်းမဟာမိတ်​ညီ​နောင်တွေဖြစ်တဲ့ AA၊TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ပါတယ်။လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။တရုတ်အစိုးရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။သိန္နီမြို့ကိုလည်း ပြန်ပေးဖို့ စစ်အုပ်စုမကြာခဏဖိအားပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လက်ရှိမှာဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးရဲ့MNDAA ကို ဗဟိုပြုထားတဲ့ ရှမ်းမြောက်အခြေအနေက ဘယ်လိုအဆုံးသတ်မယ်ဆိုတာမသိရပေပါဘူး။ဒါ​ပေမယ့် MNDAA ကတော့ စစ်တပ်နဲ့ စစ်ရပ်စဲရေး သဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက် အမြဲသတိရှိဖို့ ‌၁၀၂၇ စစ်ဆင်ရေး ၂နှစ်ပြည့်တဲ့အောက်တိုဘာ ၂၇ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။သိမ်းပိုက်ပြီးသားဒေသတွေကို ပြန်ပြီးလက်မလွှတ်ဘူးဆိုတဲ့ သတင်းစကားမျိုးကိုလည်း MNDAA က မကြာခဏ အရိပ်အကဲပြခဲ့ဖူးပါတယ်။

MNDAAစစ်ဦးစီးဌာနကပြီးခဲ့တဲ့ဇူလိုင်လ ၂၆ ရက်က ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း လုပ်ငန်းအခြေအနေအကျဉ်းချုပ်အစည်းအဝေးမှာလည်း တပ်ဖွဲ့ဝင်အားလုံး လာမယ့်ဒုတိယနှစ်ဝက်အတွင်း စစ်ရေးလေ့ကျင့်မှုအရှိန်မြှင့်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ရက်မှာ ကွတ်ခိုင်မြို့က ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့စဉ်ကလည်း တရုတ်အစိုးရရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ခက်ခဲစွာရထားတဲ့အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်တာလို့ MNDAAက ဝေဖန်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ နှစ်ဖက်ယုံကြည်မှုကို ထိ

ခိုက်စေပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲ တွေပြန်ဖြစ်နိုင်ခြေကို အရှိန်မြင့်လိုက်တာလို့ ဆိုခဲ့ပါတယ်။

ဒါအပြင် MNDAA အနေနဲ့ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲလို့အသိပေးခဲ့ပါတယ်။စစ်ကောင်စီနဲ့ဆက်ဆံရေးလိပ်ခဲတည်းလဲဖြစ် နေတဲ့တစ်ချိန်ထဲမှာပဲ MNDAAကထိန်း

ချုပ်ထားတဲ့မြို့နယ်တွေကို ဒေသဖွံ့ဖြိုးရေးနဲ့ အုပ်ချုပ်ရေး ယန္တရားလည်ပတ်ရေး ဆက်တိုက် အရှိန်မြှင့်နေခဲ့ပါတယ်။ လားရှိုး-သီပေါလမ်းပိုင်းက တံတားကို သံဆူးကြိုးနဲ့သဲအိတ်ချ ပိတ်ထားတဲ့ ဒီရက်သတ္တပတ်ထဲမှာတောင် မြောက်ပိုင်းသုံးဖွဲ့ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်ပတ်ဝန်းကျင်မှာ ဆိုလာမီးတွေလိုက်ပြီးတပ်ဆင်နေခဲ့တာပါ။

ဒီအခြေအနေကို စစ်အုပ်စုက မျက်စိစပါးမွှေးစူးနေပါတယ်။သူ့ကိုငွေလမ်းခင်းနိုင်တဲ့အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပေါ်က မြို့တွေကို ပြန်ရချင်နေပေမယ့် အဓိကနေရာတွေအားလုံးကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ်။စစ်ကောင်စီမှာ ပိုင်ပိုင်နိုင်နိုင် လက်ဆုပ်လက်ကိုင်ပြစရာ ရှိမနေပါဘူး။ အရှင်းဆုံးဖြစ်ရပ်အနေနဲ့ သီပေါမြို့ကို ထိန်းချုပ်ထားတယ်လို့ ဝါဒဖြန့်ကြေညာထားပေမယ့် မြို့ပေါ်က ဒုဌဝတီမြစ်ကူးတံတားကိုတောင် တစ်ဘက်ပဲ ထိန်းနိုင်တာဖြစ်ပါတယ်။ လားရှိူးမြို့ကိုလည်း မြို့ပေါ်ပဲကွက် ထိန်းချုပ်နိုင်တာဖြစ်ပြီး မြို့ပြင်ထွက်တာနဲ့ MNDAAတပ်တွေရဲ့စစ်ဆေးမှုကို ခံယူရပါတယ်။

အခုဆိုရင် MNDAAနဲ့ စစ်ကောင်စီဟာအပစ်ရပ်ကာလအလွန်မှာဆက်ဆံရေးအတင်းမာဆုံးအခြေအနေ ဖြစ်နေပါတယ်။နိုဝင်ဘာလ ၁၁ရက်နေ့ မွန်းလွဲပိုင်းက လားရှ်ိုးမြို့ဆင်နှစ်ကောင်ဟိုတယ်ထဲကနေ ကားအပြင်းမောင်းနှင်ထွက်ခွာသွားတဲ့ စစ်တပ်ယာဉ်တန်းထဲက အနက်ရောင်ကားတစ်စီးပေါ်မှာ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးတစ်ယောက် မျက်မှောင်ကုပ်ပြီး ပါသွားတယ်လို့ မြင်တွေ့လိုက်ရသူတချို့ကဆိုပါတယ်။ ဒါက နယ်ကျော်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ကျရှုံးခန်းအစလားဆိုတဲ့ မေးခွန်းတစ်ခု ကစထအသိုင်းအဝိုင်းမှာ တီးတိုးထွက်ပေါ်လာပါတယ်။

ဖိအားပေးပြီး ခဏခဏပွဲတည်ခံရတဲ့ ကြက်ဖဟာဒဏ်ရာဗလပွရပြီး မဟန်တတ်သလို ကြက်နဲ့မတူဘဲ ဠင်းတနဲ့ တူတတ်တယ်လို့စာရေးဆရာကြီးတော်တာဆွေက ကြက်ဋီကာမှာ ရေးသားခဲ့ပါတယ်။

ဆက်စပ်သတင်းများ