close
Connect with us

Hi, what are you looking for?

သတင်း

Idiotsအဖွဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ရေမွန်သီချင်းနဲ့ နှုတ်ဆက်သီဆိုတဲ့ အဆိုတော်အဒီနို စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံး

Idiots အဖွဲ့ရဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေတဲ့ Fever 109အဖွဲ့ရဲ့ အဆိုရှင် အဒီနိုဟာ စင်ပေါ်မှာဖျော်ဖြေနေရင်း နှလုံး‌ဖောက်ပြီး လဲကျသေဆုံးသွားတယ်လို့ ဂီတအသိုင်းအဝိုင်းက အသိပေးထားပါတယ်။

အောက်တိုဘာ-၂၅၊၂၀၂၅။ဆဏ်း/People’s Spring

Idiots အဖွဲ့ရဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေတဲ့ Fever 109အဖွဲ့ရဲ့ အဆိုရှင် အဒီနိုဟာ စင်ပေါ်မှာဖျော်ဖြေနေရင်း နှလုံး‌ဖောက်ပြီး လဲကျသေဆုံးသွားတယ်လို့ ဂီတအသိုင်းအဝိုင်းက အသိပေးထားပါတယ်။

အဒီနိုဟာ သူတို့အဖွဲ့ရဲ့ဖျော်ဖြေမှုအစီအစဉ်မှာ ရေမွန်ရဲ့ မငိုနဲ့တော့ သီချင်းနဲ့ နှုတ်ဆက်သီဆိုနေရင်း လဲကျသွားတာကို ဗီဒီယိုဖိုင်တွေမှာတွေ့မြင်ရပါတယ်။

“ ဘပီ နှုတ်ဆက်ပွဲမှာ ဖျော်ဖြေရင်း ကိုယ်တိုင် နှုတ်ဆက်သွားတာဘဲ။ Rest In Peace Ko Adino ရေ ။အေးဆေးပြန်ဆုံကြမယ်ပြောရင်း ထွက်သွားပြန်ပေါ့။ပြောဖူးခဲ့သလိုဘဲ သီချင်းတွေ ထားသွားတာကအမြတ်လို့ဘဲ သဘောထားရမှာဘဲ။ “ လို့ အဆိုတော် နိုဗန်ထူးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အဒီနိုဟာ အရင်ကလည်းက နှလုံးရောဂါအခံရှိသူဖြစ်ပြီး Stent ထည့်ထားရသူဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ဆိုပါတယ်။ အဒီနိုတို့ရဲ့ Fever 109 အဖွဲ့ဟာ ဒီလထဲမှာ အဖွဲ့တည်ထောင်တာ ၁၉ နှစ်ပြည့်ခဲ့တာပါ။

Screenshot

“ န၀ရတ်စတူဒီယိုမှာကျနော်တို့စောင့်ရှောက်ကြီးပြင်းခဲ့တဲ့ကလေး အဒီနို fever109 idiots နှုတ်ဆက်ပွဲစင်မြင့်ပေါ်မှာသီဆိုနေရင်း ရုတ်တရက်ကွယ်လွန်းသွားကြောင်းကြားသိရလို့ သူ့ဖခင် ကိုသားချော မိခင်မထရေစီရဲ့သားသူ့ဦးလေးကိုဝေထွန်းdrummer (emperor lazyclub)ရဲ့တူတော်သူ အဒီနိုအတွက်အထူး၀မ်းနည်းကြေကွဲမိပါတယ်” လို့ ဂစ်တာနိုင်ဇော်ကလည်း ဝမ်းနည်းစကားရေးသားထားပါတယ်။

Idiots အဖွဲ့ဟာ ပင်တိုင်အဆိုရှင် ရေမွန်ကွယ်လွန်ပြီး ၅နှစ်အကြာမှာ အဖွဲ့ကို ယာယီဖျက်သိမ်းဖို့ နှုဆ်ဆက်ဖျော်ဖြေပွဲ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ရေမွန်ဟာ ၂၀၂၁ဇွန်လ ၂၃ရက်မှာ တော်လှန်ရေးနယ်မြေ တနေရာမှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။

ရေမွန်ကွယ်လွန်တဲ့နေ့ရောက်ပါက တော်လှန်ရေးအသိုင်းအဝိုင်းက ပြည်သူတွေက လွမ်းဆွတ်အောက်မေ့တဲ့ အမှတ်တရပွဲတွေ လုပ်လေ့ရှိပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ရေမွန်ဟာ သူမကွယ်လွန်မီ ရက်ပိုင်းအလို ၂၀၂၁ ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကိုလည်း သူ့ရဲ့၏ဖေ့စ်ဘွတ်ခ်မှာ ပုံတင်ပြီး ပါဝင်ခဲ့ပါတယ်။

Idiotsအဖွဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ရေမွန်သီချင်းနဲ့ နှုတ်ဆက်သီဆိုတဲ့ အဆိုတော်အဒီနို စင်ပေါ်မှာ…

Posted by People's Spring on Saturday 25 October 2025

ရုပ်သံ – Pho Thar Lay/FB

ဆက်စပ်သတင်းများ

သတင်း

အဆိုတော်ရေမွန်နှင့် Idiotsအဖွဲ့ သီချင်းများကို အကျိုးစီးပွားအနေဖြင့် အသုံးပြုမည်ဆိုပါက ခွင့်ပြုချက်တောင်းရန် ယင်းအဖွဲ့က အသိပေးလိုက်သည်။

News

ရေမွန်သည် အာဏာရှင်ဆန့်ကျင်ရေး လှူပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ဇွန် ၁၉ ရက်တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကိုလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ပုံတင်၍ပါဝင်ခဲ့သည်။

Facebook