close
Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲလက်မခံကြောင်းပြသဖို့ ​အမေရိကန်ရောက် မြန်မာတွေ တောင်းဆိုဆန္ဒပြ

အောက်တိုဘာ -၂၅၊၂၀၂၅။ သုည/People’s Spring

အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော် ပြသဖို့ အမေရိကန်နိုင်ငံရောက် မြန်မာတွေက အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြတောင်းဆိုမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရောက် မြန်မာတွေက “ Free Daw Aung San Su Kyi & All Political Prisoners” ၊ “ Anti Military Dictatorship & Reject The Shame Election” ၊ “ Reject Junta’s Shame Election” ၊ “ Stop Helping Myanmar Military Coup” ၊” Let’s End Military Dictatorship” စတဲ့ စာသားတွေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံဖို့နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အတွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ကနေ ၂၈ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၂၅ ရက်ညမှာ ဖေ့စ်ဘုတ်မှလိုက် လွှင့်ပြီး အမေးအဖြေ အစီအစဥ်ကို​ဒေါ်သက်သက်ခိုင် အသိမ​ပေးဘဲဖျက်သိမ်း

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းတဲ့စစ်ကောင်စီရဲ့ဝန်ကြီးဟောင်းဖြစ်သူပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင် ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကို ဝင်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်တာကိုခံလိုက်ရပါတယ်။

သတင်း

စစ်ကောင်စီဝန်ထမ်းတွေ မဲမပေးရင် နိုင်ငံဝန်ထမ်းဥပဒေအပြင် အကြမ်းဖက်ပုဒ်မနဲ့ပါ အရေးယူခံရမယ်လို့ ဌာနတွင်းသတိပေးမခြိမ်း​​ခြောက်ထားတယ်လို့ ဝန်ထမ်းအချို့ နဲ့ ဝန်ထမ်းမိသားစုဝင်​တွေက​ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ လူတချို့သာ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မလိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Facebook