close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရဲယူနီဖောင်းဝတ်ထားသူတွေက ဆိုင်ကယ်လုယက်

ထမန္တလေးမြို့မှာ ရဲယူနီဖောင်းဝတ်နဲ့ ရဲစခန်းအနီးမှာ ဆိုင်ကယ်လုယက်သွားတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

ဓာတ်ပုံ - လုယူခံရတဲ့ ဆိုင်ကယ်အမျိုးအစားကို တွေ့ရစဉ်

အောက်တိုဘာ-၁၇၊၂၀၂၅၊ရှိန်း/People’s Spring

မန္တလေးမြို့မှာ ရဲယူနီဖောင်းဝတ်နဲ့ ရဲစခန်းအနီးမှာ ဆိုင်ကယ်လုယက်သွားတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

အောက်တိုဘာ၁၄ ရက်မနက်ကမန္တလေးမြို့၊၆၄×၆၅လမ်းကြား၊၁၁၅လမ်းက ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းအနီးမှာ အမျိုးသားတဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရဲယူနီဖောင်းဝတ်ထားသူ အမျိုးသားနှစ်ဦးနဲ့ လွယ်အိတ်စလွယ်သိုင်းပြီး လျှာထိုးဦးထုပ်ဆောင်းထားသူ ၃ ဦး စုစုပေါင်း လူငါးဦးက လိုက်လံလုယူခဲ့တယ်လို့ သိရပါတယ်။

“ ဆိုင်ကယ်ကမနေ့ညက ပျောက်လို့တိုင်ထားတဲ့ ဆိုင်ကယ်ဆိုပြီး ယူသွားတာ။ရဲစခန်းလိုက်ရှင်းလို့ပြောတယ်” လို့ ဖြစ်စဉ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်ပိုင်ရှင်က ရဲစခန်းတွေလိုက်လံစုံစမ်းခဲ့ပေမယ့် မည်သည့်ရဲစခန်းကမှ ဆိုင်ကယ်မသိမ်းယူခဲ့ဘူးလို့သာ ပြောတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် ကလည်း မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်မှာ အခုလို ရဲယူနီဖောင်းဝတ်နဲ့လုယက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

အဲဒီတုန်းကလုယက်မှုတွေကိုပုသိမ်ကြီးမြို့မရဲစခန်းကနယ်ထိန်းခေါင်းဆောင်က ဦးဆောင်ကျူးလွန်ခဲ့တာဆိုပြီး ရဲစခန်းတခုလုံးကို စစ်တပ်က ညပိုင်းဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

ယခုလပိုင်းအတွင်း မန္တလေးမြို့မှာ ပျူစောထီးတွေ သောင်းကျန်းနေပြီး ညဘက်မှာသွားလာသူတွေ စီကနေ သက်ဆိုင်ရာကလို့ပြောပြီး ဖုန်းလုယက်တာနဲ့ ငွေကြေးတောင်းခံတာ တွေလည်းဆက်တိုက်ဖြစ် နေပါတယ်။

ဆက်စပ်သတင်းများ

Facebook