close
Connect with us

Hi, what are you looking for?

သတင်း

အောက်တိုဘာလဝက်ခန့်အတွင်း မြို့၈မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃၀ခန့်သေဆုံးဟု TNLAထုတ်ပြန်

တအာင်းတပ်မတော်(TNLA)တပ်ရှိရာ ဒေသတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာလဝက်ခန့်အတွင်း မြို့ ၈မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ TNLAက အသိပေးပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၇ရက်မနက်မှာ နမ္မတူမြို့ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)တပ်ရှိရာ ဒေသတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်း စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာလဝက်ခန့်အတွင်း မြို့ ၈မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ TNLAက အသိပေးပါတယ်။

စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၁၇ရက်မှာ နမ္မတူနဲ့ နမ့်ဆန်မြို့ကို လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာ နမ္မတူမြို့ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ပါတယ်။

တအာင်းဒေသ သတင်းရင်းမြစ်တဦးကလည်း “နမ့်ဆန်ဘက်မှာ ပစ်သွားတာကတော့ သုံးယောက်ထိတယ်လို့ ကြားတယ်။ ယောက်ျားလေးတယောက်၊ မိန်းကလေး နှစ်ယောက်ပေါ့။ အတိအကျတော့ မသိရသေးဘူး။ နမ္မတူမှာလည်း ပစ်တယ် ဒီမနက်မှာ။ အဲဒီမှာလည်း သေဆုံးတာတော့ မရှိဘူး။ ထိခိုက်ဒဏ်ရာ နည်းနည်းပါးပါး ထိတာတော့ရှိတယ်” လို့ ဒီကနေ့မနက် လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပေါ် ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁ရက်ကနေ ၁၆ရက်အထိ စစ်ကောင်စီက မန်တုံတွင် (၁)ကြိမ်၊ ကျောက်မဲတွင် (၃)ကြိမ်၊ သီပေါတွင် (၅)ကြိမ်၊ မိုင်းငေါ့တွင် (၁)ကြိမ်၊ မိုင်းလုံတွင် (၄)ကြိမ်၊ နမ့်ဆန်တွင် (၃)ကြိမ်၊ နမ္မတူတွင် (၄)ကြိမ်၊ မိုးမိတ်တွင် (၃)ကြိမ်နဲ့ မိုးကုတ်တွင် (၁)ကြိမ်တို စုစုပေါင်း (၂၅)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ဟု ဖော်ပြပါတယ်။

ဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၇ဦး အပါအဝင် ၂၉ဦး သေဆုံးကာ ကလေးငယ် ၁၁ဦး အပါအဝင် ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နေအိမ် ၁၀၀ ကျော်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

စစ်ကောင်စီဟာ တအာင်းဒေသကိုသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ နေရာတွေကို လူအင်အား၊ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း စတာတွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း TNLAက ထုတ်ပြန်ပါတယ်။

ဒါကြောင့် စစ်ရေးသတိရှိဖို့၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေလိုက်နာဖို့ TNLAက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

Facebook