close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆိုင်ကယ်သပိတ်

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ကြောင်း ပြသတဲ့အနေနဲ့ ဆိုင်ကယ်သပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၃၀၊ ၂၀၂၅။ သတိုး/People’s Spring

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ကြောင်း ပြသတဲ့အနေနဲ့ ဆိုင်ကယ်သပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ၊ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး သပိတ်မှာပါဝင်သူတွေက ဆိုင်ကယ်တွေပေါ်မှာ ခွပ်ဒေါင်းအလံတွေကို လွှင့်ထူခဲ့ကြတာပါ။

သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ရဲဘော် ဇွဲလေးက စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း နဲ့ ရွေးကောက်ပွဲက အတုအယောင်ဖြစ်ပြီး စစ်ကောင်စီအတွက်သာ ထွက်ပေါက်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဆန့်ကျင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် “ အာဏာရှင်စနစ်ပြုတ်ကျရေး” “ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး” “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” စတဲ့ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။

“ ထွက်ပေါက် မဟုတ်၊ ထောင်ခြောက်။အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ။အရေးတော်ပုံ အောင်ရမည်။” လို့ ဒေါက်တာတေဇာစန်းက မှတ်ချက်ရေးသားထားပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆိုင်ကယ်သပိတ် စက်တင်ဘာ-၃၀၊ ၂၀၂၅။ သတိုး/People's…

Posted by People's Spring on Tuesday 30 September 2025

ရုပ်သံ – GSCB

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဆန့်ကျန်တဲ့လုပ်ငန်းတွေကို ကရင်လူငယ်တွေနဲ့ မဟာမိတ်လူမျိုးစုလူငယ်တွေ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကရင်လူငယ်အစည်းအရုံး(KYO)က သဘောထားထုတ်ပြန်လိုက်ပြီး ပြည်သူတရပ်လုံးအနေနဲ့လည်း စစ်အုပ်စု ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ခြင်းမပြုဘဲ ၀ိုင်းဝန်းတိုက်ဖျက်တားဆီးရန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီက​နေ့မှာဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒ​ပြခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်အုပ်စုကို ကာလအတိုင်းအဆမရှိ နိုင်ငံရေးဦးဆောင်ခွင့် အာဏာပေးအပ်သွားနိုင်ရန်ဖြစ်သောကြောင့် ရွေးကောက်ပွဲမဖြစ်ရေး ကရင်တမျိုးသားလုံး၏ တာဝန်အဖြစ်မှတ်ယူကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

သတင်း

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ပါဝင်ဆောင်ရွက်နေသူများအား အပြင်းထန်ဆုံးအရေးယူမည်ဟု မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ကိုဒီမိုက သတိပေးပြောသည်။