close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းတွေ လွှတ်ပေးရေး စစ်ကိုင်းတိုင်းက ပြည်သူတွေ တောင်းဆိုဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးအတွက် ကြွေးကြော်ဆန္ဒပြမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၇)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၂၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးအတွက် ကြွေးကြော်ဆန္ဒပြမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၇)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းဟာ ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ်ပေးရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲသပိတ်မှောက်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာလည်း ဗဟာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးက လေကြောင်း အန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနဲ့ လက်တွေ့ လေ့ကျင့်ရေး အစီအစဥ်တွေကို ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ GSCB

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ လက်မခံရေးတို့အတွက် တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (စက်တင်ဘာ ၂၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စက်တင်ဘာ-၂၆၊၂၀၂၅။သုည/People’s Spring စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲသပိတ်မှောက်ရေးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးလှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာ လူငယ်အင်အားစုသပိတ်ကော်မတီက စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဝန်းသိုမြို့နယ်အတွင်းကကျေးရွာတွေမှာလည်း ဒေသခံတွေနဲ့ ဆရာဆရာတွေ...

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်"လို့ကြွေးကြော်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးနဲ့စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေဒီကနေ့ (စက်တင်ဘာ ၂၄)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။