close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ စစ်ကိုင်းတိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” ဆိုကာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၇)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၁၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” ဆိုကာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၇)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာခေတ်ဟောင်းချိုးဖျက်ဒို့မျိုးဆက်သပိတ်စစ်ကြောင်း မှ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” ၊ “ ငါတို့လူငယ် မျိုးဆက်ကုန်မှ ဒီနိုင်ငံကို အုပ်ချုပ်လို့ရမယ်” စာသားတွေကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ ဒီကနေ့မှာ “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” ၊ “ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” စာသားကို ကိုင်ဆောင်ကာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ်ဖို့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမပေါ်မှာဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနေရာ ၂ နေရာမှာတိုက်ခိုက်ခံရပြီးအထိအခိုက်များကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက စဉ့်ကိုင်ကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ မတ္တရာမြို့နယ် အနောက်ခြမ်းကိုပါ စစ်ကြောင်းထိုးခဲ့ပြီး အနည်းဆုံးပြည်သူ ၁၀ဦးထက်မနည်းသတ်ဖြတ်ခံရကာ ဖမ်းဆီးခံရတဲ့အထဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်မှာ သူခိုးတွေသောင်းကျန်းနေပြီး ဝင်းတံခါးတွေ၊ နေအိမ်တံခါးတွေကိုပါဖျက်ပြီး ဆိုင်ကယ်တွေ ဝင်ခိုးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်ကောင်စီကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကာ မဲမပေးဖို့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။