close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင်ငလျင်ထပ်လှုပ်ပြန်

မြန်မာ့ကမ်းရိုးတန်းအနီး ငလျင်လှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်နေပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့အနီးကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၄ အဆင့်မြေငလျင်လှုပ်သည့်ကို ရန်ကုန်တွင်လည်း ခံစားလိုက်ရသည်။

ရန်ကုန်မြို့ကိုအ​ပေါ်စီးမှ​တွေ့ရစဥ် နှင့် ​မြေသလျင်လှုပ်​ခဲ့​သော​နေရာ ။ဓါတ်ပုံ-GNLOM ၊DMR

■မြန်မာ့ကမ်းရိုးတန်းအနီး ငလျင်ငယ်များတောက်လျောက်လှုပ်နေသည်ကိုသတိပြုရန် MOHADM သတိပေးထား

သြဂုတ်-၂၁၊၂၀၂၅။အိမ်သွင်/People’s Spring

မြန်မာ့ကမ်းရိုးတန်းအနီး ငလျင်လှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်နေပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့အနီးကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၄ အဆင့်မြေငလျင်လှုပ်သည့်ကို ရန်ကုန်တွင်လည်း ခံစားလိုက်ရသည်။

အထက်ပါ ငလျင်သည် ဩဂုတ်လ ၂၁ရက် နံနက် ၉နာရီ ၂၈မိနစ်ခန့်တွင် လှုပ်ရှားခြင်းဖြစ်သည်ဟု ထိုင်းမိုးလေဝသဌာနကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့ကိုအ​ပေါ်စီးမှ​တွေ့ရစဥ် နှင့် ​မြေသလျင်လှုပ်​ခဲ့​သော​နေရာ ။ဓါတ်ပုံ-GNLOM ၊DMR

ရန်ကုန်မြို့တွင် တာမွေ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဒဂုံ၊ကမာရွတ်၊ လှိုင်နှင့်စမ်းချောင်းမြို့နယ်တို့တွင်လည်း သိသိသာသာခံစားလိုက်ရသည်။ အဆိုပငလျင်လှုပ်သည်ကိုထိုင်းနိုင်ငံမှပါခံစားခဲ့ရ​​ကြောင်းထိုင်းသတင်းဌာနများက​ဖော်ပြသည်။

ရန်ကုန်တိုင်း၊ သုံးခွမြို့၏တောင် – အရှေ့တောင်ဘက် ၆၆ ကီလိုမီတာအကွာ၊မြန်မာနိုင်ငံတောင်ဘက်၊ကမ်းရိုးတန်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ဒဿမ ၇ အဆင့်ဖြင့် ငလျင်လှုပ်ရှားသွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

မြေငလျင်တိုင်းတာစက်များကအသုံးပြုသည့် စကေးနှင့်တိုင်းတာသည့်နည်းလမ်းတို့အပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ပါသည်ဟုလည်း​ဖော်ပြထားသည်။

“ရန်ကုန်နားမှာငလျင်တွေခဏခဏ လှုပ်နေတယ်။ ညကတစ်ချက်ပဲ။အခုကကျတိုက်ကခါသွားတယ်ကြောက်တယ်။နေရထိုင်ရတာ”ဟု ၆ ထပ်အဆောက်အအုံ၌ နေထိုင်​သော တာမွေမြို့နယ်မှ​ဒေသခံတစ်ဦးကပြောသည်။

“ညတုန်းက အိမ်မှာ မဟုတ်တော့ မသိလိုက်ပေမယ့် မနက်ကတော့ သိသာတယ်။ တိုက်ခန်းက ၇ လွှာမို့လားမသိ မျက်နှာကြပ်မီးချောင်းတွေပါ လှုပ်ရမ်းသွားတယ်။ အိပ်နေရင်းနဲ့ ကြမ်းပြင်ကြီး လှုပ်သလိုခံစားရတယ် ထလည်း မရပ်ရဲဘူး။ ခေါင်းတွေပါမူးတယ်။ အခုလူကြီးတွေကတော့ စိတ်ပူပြီး Emergency Bag တွေထည့်ဖို့လုပ်နေတယ်” ဟု စမ်းချောင်းမြို့နယ်နေပြည်သူတစ်ဦးကလည်းပြောသည်။

ရန်ကုန်၊ ဧရာဝတီတိုင်းတို့နှင့်ဆက်စပ်‌နေသော မြန်မာ့ကမ်းရိုးတန်းအနီးတွင်သြဂုတ် ၂၀ ရက်ညမှစ၍ ရစ်ခ်တာစကေး ၄ဒဿမ၂မှ ၅ဒဿမ၄ကြား ငလျင် လေးကြိမ် လှုပ်ရှားခဲ့သည်။ ရန်ကုန်တိုင်း သုံးခွမြို့အနီးတွင် သုံးကြိမ်၊ ဧရာဝတီတိုင်း ဒေးဒရဲမြို့အနီးတွင် တစ်ကြိမ် လှုပ်ရှားခဲ့သည်။

“မြန်မာ့ကမ်းရိုးတန်းအနီးတွင်ငလျင်ငယ်များတောက်လျောက်လှုပ်ခတ်နေသည်ကိုသတိပြုသင့်ပါသည်” ဟု MOHADMက သတိပေးထားသည်။

ရန်ကုန်မြို့သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များကြောင့် ငလျင်လှုပ်နိုင်သလို ဒေးဒရဲ ပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ ပဲခူးမြို့ကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်းရန်ကုန်မြို့တွင်ငလျင်လှုပ်စေသည်ဟု​မြေငလျင်ပညာရှင်များက​ပြောထားသည်။ထိုအပြင် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်သော ထိုးစိုက်ဇုန် လှုပ်ပါကလည်း ရန်ကုန်တွင် သက်ရောက်မှုရှိစေသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးဗဟိုပြု၍ အင်အား ၇ ဒသမ ၇ ရှိ​​မြေငလျင်ကြီးနှင့် အိနစ်ပိုင်းအတွင်း တံတားဦးမြို့နယ်အတွင်းဗဟိုပြု၍အင်အားပြင်း​နောက်ဆက်တွဲငလျင်ကြီးလှုပ်ခတ်ခဲ့သဖြင့် လူ​ထောင်​ပေါင်းများစွာ​သေဆုံးပြီး ​နေအိမ်အ​ဆောက်အအုံများစွာပျက်စီး​စေခဲ့ကာမြန်မာ့သမိုင်းတ​လျှောက်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်​စေခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၀ အဆင့်မြေငလျင် လှုပ်ရှားသွားပြီးရန်ကုန်တွင်လည်းခံစားလိုက်ရသည်။

နိုင်ငံတကာ

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းနားမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၅.၈ အဆင့် ငလျင်ကြောင့် ဒဏ်ရာရသူ ၃၀ နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးမြို့က Sky Villaမှာ ငလျင်လှုပ်ခတ်ပြီး ​လေးလခွဲကျော်ကြာတဲ့အထိ ပျောက်ဆုံးသူတွေရှာနေရဆဲဖြစ်ပြီး ဒီကနေ့ ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိပါတယ်။

သတင်း

သေဆုံးသူမှာ ကျားဖြန့်သံသယဖြင့်တရုတ်ကဝရမ်းထုတ်ထား​သော ဝတပ်ဖွဲ့အရာရှိ​ဟောင်း အိုက်​ဟော့​၏ ညီဟုသတင်းထွက်​ပေါ်