close
Connect with us

Hi, what are you looking for?

သတင်း

ရှမ်းအရှေ့၌ RCSS နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

ရှမ်းပြည်အရှေ့ပိုင်းမိုင်း‌‌ယောင်းမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် RCSS ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ဦး သေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။

RCSS က စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ။ဓါတ်ပုံ-Killi Killi / Tai youth Support SNLD

■စစ်​ကောင်စီတပ်မှ ၄ ဦး​သေပြီး ဒဏ်ရာရသူများကို ဆွဲထုတ်သွားဟု​​ဒေသခံအချို့​ပြော

သြဂုတ်-၂၉၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်အရှေ့ပိုင်းမိုင်း‌‌ယောင်းမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် RCSS ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ဦး သေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။

တာချီလိတ်မြို့နှင့်ဆက်စပ်နေသော မိုင်းယောင်းမြို့မှ RCSS တပ်စွဲထားသောနေရာကို စစ်ကောင်စီ၏အမှတ်(၃၃၅)ခြေမြန်တပ်ရင်း(ခမရ၃၃၅)နှင့်ဌာနေပြည်သူ့စစ်ဖြစ်သောလားဟူပြည်သူ့စစ် ပူးပေါင်းအင်အား ၁၀၀ ကျော်ဖြစ် ဝင်ရောက်လာ၍ သြဂုတ် ၂၈ ရက်​​နေ့တွင်တိုက်ပွဲဖြစ်ပွားခြင်းဟုသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“မနေ့ကဖြစ်တာ။တစ်နေ့ခင်းလုံးပဲ။အမှန်က အစကတည်းက ငြိနေတာ။အခုတော့ထိပ်တိုက်တိုက်ပွဲဖြစ်တာ။မနေ့ကတော့နယ်ခံလူတွေကပြောတယ်။ စစ်တပ်ဖက်က ၄ယောက်သေပြီး ဒဏ်ရာရတာတွေကို ဆွဲထုတ်သွားတယ်တဲ့။ ဒီနေ့အထိ စစ်ရေးက ဆက်တင်းမာနေတဲ့ အခြေအနေလို့သိရတယ်” ဟု မိုင်းယောင်းမြို့ ပေါ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရသည်ဟုဒေသခံများကို ကိုးကား၍ Tai Youth Support SNLD က ဖော်ပြထားသည်။ RCSS ဘက်၌ ထိခိုက်သူမရှိဟု ဆိုသည်။Tai Youth Support SNLD ရှမ်းပြည်နယ်မှ နိုင်ငံရေးနှင့် ဒေသတွင်းသတင်းများ ဖော်ပြပေးနေသည်။ တိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ပြီးခဲ့သည့်သြဂုတ်လလယ်တွင် ရှမ်းအရှေ့နှင့် ရှမ်းတောင်ပိုင်းတွင် စစ်ကောင်စီတပ်က လှုံ့​​​ဆော် ဝါဒဖြန့် ခဲ့သည့် TNLAနှင့် MNDAA ဆန့်ကျင်ရေးလှုပ်ရှားမှုများကို RCSSက လက်မခံ၍ စစ်ကောင်စီဘက်မှ ရန်စလာခြင်းဖြစ်​ကြောင်း တိုင်းရင်းသားအရေးလှုပ်ရှားသူတစ်ဦးကသုံးသပ်ပြောကြားသည်။

စစ်​ကောင်စီက ရှမ်းပြည်နယ်​တောင်ပိုင်းနှင့် အ​ရှေ့ပိုင်းမှပြည်သူများကို မလိုက်မ​နေရဖိအား​ပေး​ခေါ်​ဆောင်ပြီး TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ရန် ဆန္ဒပြခိုင်းခဲ့သည်။ထိုသို့ ဆန္ဒပြလှုံ့​ဆော်ခိုင်းခြင်းသည် လူမျိုးရေး ရန်တိုက်ပေးခြင်းဖြစ်​ကြောင်း RCSSကထုတ်ပြန် ကန့်ကွက်ရှုတ်ချထားသည်။

တိုက်ပွဲသတင်းကို RCSSရော စစ်ကောင်စီကပါ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း မြို့အချို့တွင် ဒေသခံ ပြည်သူများအား စစ်ကောင်စီက မလာမနေရ ခေါ်ယူပြီး ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို ဆန္ဒပြခိုင်းသည့် လုပ်ရပ်ကို အားမပေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ဩဂုတ်၁၈ရက်တွင် ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်၍ စစ်ရှောင်လူငယ်တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်တပ်တွေ ရှေ့တိုး၊နောက်ဆုတ်ဖြစ်နေတယ်လို့ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စစ်ဆင်ရေးတာဝန်ခံ ဆရာကောက်ကြီးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်၌ အမြောက်တပ်များရှိသော တောင်းခမ်းနှင့် ပြင်ဦးလွင်မြို့နယ်အစပ်အုမ္မသီးကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။