close
Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAAအလံသစ်များလွှင့်ထူ

စစ်ကောင်စီနှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေးနေစဉ် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်နေ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်လိုက်ပြီး MNDAAကလည်း ၎င်းတို့၏ ရုံးများတွင် အလံအသစ်များလွင့်ထူနေကြောင်း သတင်းရရှိသည်။

ကွတ်ခိုင်မြို့အဝင်ကို​တွေ့ရစဥ်(ပုံ​​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-CJ

သြဂုတ်-၂၇၊၂၀၂၅။လူအေး/People’s Spring

စစ်ကောင်စီနှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေးနေစဉ် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်နေ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်လိုက်ပြီး MNDAAကလည်း ၎င်းတို့၏ ရုံးများတွင် အလံအသစ်များလွင့်ထူနေကြောင်း သတင်းရရှိသည်။

“မနက်ကကျောင်းသွားပို့‌တော့ပြန်လွှတ်လိုက်တယ်။TNLA နဲ့ စစ်တပ်ဆွေးနွေးနေချိန်မှာ လေ

ကြောင်းကနေလာပစ်မှာကို စိုးလို့တဲ့။တနင်္လာနေမှာပြန်ဖွင့်မယ်လို့သိရတယ်။ ဒီနေ့မနက်ကွတ်ခိုင်မှာထူးခြားတာကကိုးကန့်(MNDAA)တွေက အလံအသစ်တွေ လွှင့်နေတယ်။ ကျီးလန်စာစားနေရတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၂၆ ရက်ညနှင့် ယနေ့နံနက်အစောပိုင်းအထိ ကွတ်ခိုင်ကို စစ်ကောင်စီကင်းထောက်လေယာဥ်ဝဲနေခဲ့၍ ဒေသခံများစိုးရိမ်နေကြသည်။

“ည ၇နာရီ လောက်ကစပြီး တစ်နာရီခြားတစ်ခါလောက် လေယာဉ်ဝဲတာ။ မနက်သုံးနာရီလောက်အထိဝဲတယ်။ ကျနော်တို့ မအိပ်ဘဲနဲ့စောင့်ကြည့်နေခဲ့ရတယ်”ဟုကွတ်ခိုင်မြို့ခံတစ်ဦးကပြောသည်။

ကွတ်ခိုင်မြို့ကို TNLAရော MNDAA ပါ ထိန်းချုပ်ထားပြီး နှစ်ဖက်စလုံးက အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။

လက်ရှိတွင် တရုတ်အစိုးရ၏ကြားဝင်မှုဖြင့်စစ်ကောင်စီ နှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေး​​​နေသည်​။ ​ကျောက်မဲ နှင့် ​နောင်ချို-မိုးကုတ်ကြားတွင်တိုက်ပွဲများပြင်းထန်​နေစဥ် တရုတ်အစိုးရ အစီအစဥ်ဖြင့်​ဆွေး​နွေး​နေကြခြင်းဖြစ်သည်။

စစ်ကောင်စီက သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်မြို့တို့မှ TNLA ဆုတ်ခွာသွားရန် ဖိအားပေးနေကြောင်း သတင်းအချို့လည်းထွက်ပေါ်နေသည်။သို့​သော် အဆိုပါသတင်းကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။ ယခုနှစ်ဆန်းပိုင်းတွင် တရုတ်၌ လုပ်​သော​ဆွေး​နွေးပွဲတွင်လည်း စစ်တပ်က ​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် ၊​ကျောက်မဲ ၊သီ​ပေါမြို့တို့မှ TNLA ကဆုတ်​ပေးပြီး စစ်​ကောင်စီကိုပြန်​ပေးရန်​တောင်းဆိုခဲ့​ကြောင်း TNLA ကထုတ်ပြန်ခဲ့သည်။ စစ်တပ်က ​နောင်ချိုကို သိမ်းပိုက်ပြီး စစ်​ရေးအရဖိအား​ပေး​​သော် TNLA ၏ ရပ်တည်

ချက်​ပြောင်းလဲမည်မဟုတ်​ကြောင်း ​သြဂုတ် ၅ ရက်ကပြုလုပ်​သော သတင်းစာရှင်းလင်းပွဲတွင်TNLA ကပြောကြားထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ရက် နံနက်ကလည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာအရပ်သား (၇) ဦးသေဆုံး၊ (၁၃) ဦးဒဏ်ရာရခဲ့သည်။ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ခဲ့သည်။ ယင်းလုပ်ရပ်သည်တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများပြန်ဖြစ်နိုင်ခြေကိုအရှိန်မြင့်လိုက်ခြင်းဖြစ်ကြောင်း

MNDAAက ယင်းနေ့တွင် သတိ​ပေးခဲ့သည်။MNDAA ဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟုအသိပေးထားပြီး လူထုဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအစဥ်များချမှတ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ကွတ်ခိုင်မြို့အား ဗုံးကြဲပြီး နောက်ပိုင်းစစ်ကောင်စီကလေကြောင်းမှကင်းထောက်မှုများ မကြာခဏပြုလုပ်နေပြီး သြဂုတ်ညကအများဆုံးပြုလုပ်ခြင်းဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

MNDAA ထိန်းချုပ်ဒေသ ချင်းရွှေဟော်မြို့နှင့် ၀ (UWSA)ထိန်းချုပ်ဒေသကို အဓိကဆက်သွယ်ထားသည့် နမ့်တစ် -ညီနောင်တံတားသည်ယနေ့ (သြဂုတ် ၂၄)နံနက်အစောပိုင်းတွင်ကျိုးသွားခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း မြို့အချို့တွင် ဒေသခံ ပြည်သူများအား စစ်ကောင်စီက မလာမနေရ ခေါ်ယူပြီး ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို ဆန္ဒပြခိုင်းသည့် လုပ်ရပ်ကို အားမပေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ဩဂုတ်၁၈ရက်တွင် ထုတ်ပြန်သည်။

သတင်း

MNDAA နှင့် စစ်ကောင်စီ လားရှိုးမြို့၌ သြဂုတ် ၁၄ ရက်​နေ့တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းအား လေကြောင်းတိုက်ခိုက်နိုင်သည့်သတင်းများ ထွက်ပေါ်နေပြီး ကွတ်ခိုင်၊ နမ့်ဖက်ကာမြို့တို့တွင် စာသင်ကျောင်းများ ပိတ်လိုက်ပြီး ကျောင်းသားများကို ပြန်လွှတ်နေကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

သန္နီကိုထပ်​တောင်း​နေ၍​ဆွေး​နွေးပွဲအ​ဖြေမထွက်ဘဲ ပြီးဆုံး